လူသားတစ်ယောက်မှာ အိပ်စက်ခြင်းသည် ကျန်းမာရေးအတွက် အရေးပါတဲ့ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ညစဉ်ရက်ဆက် အိပ်ရေးဝဝ မအိပ်ရဘဲ အိပ်ရေးပျက်ခြင်း တွေ များပြားလာမယ်ဆိုရင်တော့ ခံစားရမယ့် နောက်ဆက်တွဲ ဆိုးကျိုး တွေသည်လည်း ထုနဲ့ဒေးပါပဲ။

၂၀၁၀ ခုနှစ်က လေ့လာထားတဲ့ လေ့လာတွေ့ရှိအရ ညစဉ်ရက်ဆက် အိပ်ရေးပျက်ခြင်း ကြောင့် အသက်တိုစေတဲ့ ဘေးထွက် ဆိုးကျိုး ကိုလည်း ခံစားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဆိုရင် ကွီးတို့သည် လုံလောက်တဲ့ အိပ်စက်မှု မရရှိဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ။

မကြာခဏဆိုသလို သမ်းဝေနေခြင်း၊ အမြဲတစေ ပင်ပန်းနွမ်းနယ်နေခြင်း၊ ထိန်းမရအောင် အိပ်ငိုက်နေခြင်း အစရှိတဲ့ လက္ခဏာများသည် အိပ်ရေးမဝကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ဒီလိုမျိုး ညစဉ်ရက်ဆက်ဆိုသလို အိပ်ရေးပျက်ခြင်း ကို ကြုံတွေ့နေရပြီဆိုရင် အခုဖော်ပြမယ့် နောက်ဆက်တွဲ ဆိုးကျိုး များကိုလည်း ခံစားရနိုင်ပါသေးတယ်။

မှတ်ဉာဏ်နှင့် ပတ်သက်သော ပြဿနာများ ကြုံတွေ့ရခြင်း

အိပ်ရေးပျက်ခြင်း ဆိုးကျိုး

ကွီးတို့ အိပ်စက်နေချိန်မှာ ဦးနှောက်သည် အနားယူတယ်ဆိုပေမယ့် လုံးလုံးကြီး အနားယူနေတာမဟုတ်ပါဘူး။ ဦးနှောက်သည် မှတ်ဉာဏ်အသစ်များကို မှတ်မိနေအောင် ချိတ်ဆက်ပေးနေရတာ ဖြစ်ပါတယ်။ တကယ်လို့ လုံလောက်တဲ့ အိပ်စက်မှုမရဘူးဆိုရင်တော့ ကွီးတို့ရဲ့ ရေတိုမှတ်ဉာဏ်ရော ရေရှည်မှတ်ဉာဏ်အတွက်ပါ ထိခိုက်လာပြီပဲဖြစ်ပါတယ်။

မတော်တဆမှုများ ဖြစ်ပွားခြင်း

အိပ်ရေးပျက်ခြင်း ဆိုးကျိုး

Photo: Vllorlawfirm

ကားမတော်တဆမှုများ အဖြစ်များရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာခြင်းအပြင် အိပ်ရေးမဝခြင်းသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ကားမောင်းနေစဉ်မှာ လူက ပင်ပန်းနွမ်းနယ်နေပြီး အိပ်ငိုက်နေမယ်ဆိုရင် ယာဉ်မတော်တဆမှုများ ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ့်အသက် အန္တရာယ်အတွက်ရော အခြားသူများရဲ့ အသက်အန္တရာယ်ကိုပါ ကောင်းကောင်းကြီး ဒုက္ခပေးမှာပဲဖြစ်ပါတယ်။

စိတ်အပြောင်းအလဲ အတက်အကျမြန်ခြင်း

အိပ်ရေးပျက်ခြင်း ဆိုးကျိုး

အိပ်ရေးမဝဘူးဆိုရင် ဘယ်လိုမှ စိတ်ကြည်လင်မှာမဟုတ်ပါဘူး။ စိတ်မကြည်လင်တဲ့အခါ ကွီးတို့သည် စိတ်တို စိတ်ဆတ်လွယ်မယ်။ ဒေါသလည်း ကြီးလာပါလိမ့်မယ်။ ကြာလာတဲ့အခါ စိတ်ကျရောဂါကိုတောင် ခံစားရနိုင်ပါတယ်။

ကိုယ်ခံစွမ်းအား ကျဆင်းခြင်း

ကိုယ်ခံစွမ်းအား ကျဆင်းခြင်း

လုံလောက်တဲ့ အိပ်စက်မှု မရရှိခြင်းသည် ပြင်ပမှ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးနေရတဲ့ ကိုယ်ခံစွမ်းအားကိုလည်း ကျဆင်းစေပါတယ်။ မကြာခဏ ဖျားနာနေမယ်၊ ကိုယ်လက် မအီမသာဖြစ်နေမယ်ဆိုရင်တော့ အိပ်ရေး ဝ မဝကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။

ကိုယ်အလေးချိန်တက်ခြင်း

ကိုယ်အလေးချိန်တက်ခြင်း

အိပ်ရေးဝဝ မအိပ်ရတဲ့အခါ အစားစားပြီးလို့ ဗိုက်ပြည့်နေတာကိုတောင်မှ ကိုယ့်ရဲ့လစ်မစ်ကို မသိတော့ဘဲ အလွန်အကျွံ စားသုံးမိတော့မှာပဲဖြစ်ပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ဦးနှောက်ကို ဗိုက်ပြည့်နေကြောင်း အသိပေးရမယ့် ဓာတုပစ္စည်းများသည် အိပ်ရေးပျက်ထားတဲ့အတွက်ကြောင့် ကောင်းစွာ အလုပ်မလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ ကွီးတို့ရဲ့ ကိုယ်အလေးချိန်သည် တရိပ်ရိပ် တက်လာပါလိမ့်မယ်။

ရောဂါ ပေါင်းစုံ ခံစားရစေခြင်း

ကိုယ်အလေးချိန်တက်ခြင်း

သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ အစပျိုးလာခြင်းသည် အိပ်ရေးပျက်ခြင်း ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တစ်ခုဆိုလည်း မမှားပါဘူး။ သွေးပေါင်ချိန်များ မညီတော့ခြင်း၊ အင်ဆူလင် ထုတ်လုပ်မှုများ ထိခိုက်သွားခြင်းအပြင် အခြားသော ကိုယ်တွင်းအင်္ဂါများသည်လည်း ကောင်းစွာအလုပ်လုပ်မှာမဟုတ်တော့တဲ့အတွက်ကြောင့် ရောဂါဘယမျိုးစုံကို ခံစားရလာနိုင်ခြေရှိပါတယ်။

ခန္ဓာကိုယ် ဟန်ချက် မညီတော့ခြင်း

ခန္ဓာကိုယ် ဟန်ချက် မညီတော့ခြင်း

Photo: iStock

အိပ်ရေးဝဝမအိပ်ရတဲ့အခါ ခန္ဓာကိုယ်ရဲ့ဟန်ချက်အညီ လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်များကိုလည်း ထိခိုက်လာပါတော့တယ်။ ရလာဒ်အနေနဲ့ မကြာခဏ ချော်လဲခြင်းနှင့် အခြားသော ထိခိုက်ဒဏ်ရာများကိုပါ ခံစားရလာနိုင်ပါတယ်။

ဒီလိုဆိုးကျိုးတွေကို မခံစားချင်ဘူးဆိုရင်တော့ ကွီးတို့အနေနဲ့ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့လိုအပ်ပါလိမ့်မယ်။ အိပ်ရေးဝမှသာလျှင် ကျန်းမာရေးသည် ဒေါင်ဒေါင်မြည်ကာ စိတ်သွားတိုင်း ကိုယ်ပါ၊ လုပ်ငန်းဆောင်တာများကိုလည်း အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Source: Healthline

Featured Image: News18