ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် အောင်မြင်မှုကို လိုချင်တပ်မက်ကြသူတွေချည်းပါပဲ။ အောင်မြင်ဖို့အတွက် ကြိုးစားရမယ်ဆိုတဲ့ အသိရှိကြပေမယ့် အခြေအနေ မပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြိုးစားအားထုတ်မှု လျော့နည်းကြပါတယ်။ ဒါပေမဲ့ အိပ်ရေး အပျက်ခံပြီး အသည်းအသန် ကြိုးစား နေကြသူတွေလည်း ရှိပါတယ်။ ကွီးတို့ရော အောင်မြင်မှုကို ပိုင်ဆိုင်ရရှိဖို့အတွက် အိပ်ရေး အပျက်ခံပြီး အသည်းအသန် ကြိုးစား နေပါသလား။

အောင်မြင်ဖို့အတွက် တကယ်ပဲ အိပ်ရေး အပျက်ခံပြီး အသည်းအသန် ကြိုးစား နေစရာလိုလို့လား။

အိပ်ရေး ကြိုးစား

ဘဝမှာပဲဖြစ်ဖြစ် စီးပွားရေး နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကတော့ အိပ်ရေးဝဝ အိပ်စက်ခြင်းပဲဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက တစ်ညီတစ်ညွှတ်တယ် သဘောတူထားကြပါတယ်။ သို့သော် ဒိတ်ဒိတ်ကျဲ CEO များ၊ စီးပွားရေး လုပ်ငန်းရှင်များကတော့ တစ်နေ့တစ်နေ့ အလုပ်တွေ များလွန်းလို့ အိပ်ရေး ဝဝ အိပ်စက်ဖို့တောင် အချိန်မရှိဘူးလို့ ပြောကြပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Tesla ရဲ့ CEO ကြီး Elon Musk နဲ့ HuffPost မှ Arianna Huffington တိုနှစ်ယောက်သည် Public Debate တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ထိုစကားရည်လုပွဲတွင် Elon Musk ပြောကြားခဲ့တာက သူ့ရဲ့ တစ်ပတ်လျှင် နာရီ ၁၂၀ ကြာ အလုပ်လုပ်ရခြင်းသည် ရွေးချယ်မှုတစ်ခုလည်း မဟုတ်သလို နှစ်သက်လို့ လုပ်နေရခြင်းလည်း မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်နေရခြင်းသည် သူ့ရဲ့ ဘရန်းသည် ရေရှည်တည်မြဲအောင် လုပ်ကိုင်နေရတဲ့ လိုအပ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

၂၀၂၃ မှာရော ဘယ်လို ဖြေကြားထားသလဲ

အိပ်ရေး ကြိုးစား

Elon Musk သည် အလုပ်ပြီးဖို့အတွက် တစ်ညလုံး အိပ်ရေး အပျက်ခံပြီး အလုပ်လုပ်တာမျိုးကို မနှစ်ကအထိ ပြုလုပ်ခဲ့ပြီး ထိုအကျင့်ဆိုးကြောင့် သူ့ရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ ကျန်းမာရေး ထိခိုက်လာကြောင်း ဖြေကြားထားပါတယ်။ အခုနောက်ပိုင်းမှာတော့ သူသည် တစ်ညလျှင် အနည်းဆုံး ၆ နာရီကြာ အိပ်စက်ဖို့အတွက် အကျင့်ပြုလုပ်ထားပြီး ၆ နာရီအောက် အိပ်စက်မိရင်တော့ ဦးနှောက်က ကောင်းကောင်း အလုပ် မလုပ်တော့ကြောင်း ဖြေကြားထားပါတယ်။ အလုပ်မှာ ကောင်းစွာ အာရုံစူးစိုက်နိုင်ဖို့အတွက် အိပ်ရေး ဝဝ အိပ်စက်ဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဒါဆိုရင် ဘဝနဲ့ အောင်မြင်မှုအကြား အိပ်စက်မှုသည် ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေသလဲ

ဘဝနဲ့ အောင်မြင်မှုအကြား

ထိုမေးခွန်းကို အဖြေထုတ်ဖို့ရန်အတွက် မွှေ့ယာကုမ္ပဏီတစ်ခုရဲ့ အကြံပေးအရာရှိတစ်ဦးသည် ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ကို စစ်တမ်းကောက်ယူထားခဲ့ပါတယ်။ သူတို့အနေနဲ့ အောင်မြင်မှုကို ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ၊ အောင်မြင်မှုအတွက် အိပ်စက်ခြင်းနှင့် လုံလောက်တဲ့ စွမ်းအင်၊ တက်ကြွဖျတ်လတ်မှု ရှိခြင်းတို့ကြား ပတ်သက်ဆက်နွယ်မှုတို့ကိုလည်း ဖြေကြားစေခဲ့ပါတယ်။ အလုပ်ပြီးမြောက်ဖို့ရန်အတွက် အချိန် နည်းနည်းပဲ အိပ်စက်သင့်သလား (သို့) အလုပ် ပြီးပြီး မပြီးပြီး အိပ်ရေး ဝဖို့က အရေးကြီးသလား။

စစ်တမ်းရဲ့ ရလာဒ်က ဘယ်လိုထွက်လာသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုလိုက်ပါဦး။​

အိပ်ရေး ကြိုးစား

ရာထူးကြီးကြီးကို တာဝန်ယူထားရသူများကတော့ အိပ်ရေးဝဝ အိပ်စက်ခြင်းကို စွန့်လွှတ်ထားရခြင်းသည် လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ ဖြေကြားထားပါတယ်။ ဒါ့အပြင် အလယ်အလတ်ရာထူးကို ပိုင်ဆိုင်ထားကြသူများရဲ့ ၃၂ ရာခိုင်နှုန်းနှင့် စီနီယာ Level ၊ Executive တာဝန်ယူထားကြသူများရဲ့ ၄၂ ရာခိုင်နှုန်းသည် အောင်မြင်ဖို့ရန်အတွက် အိပ်ရေး အပျက်ခံကာ ကြိုးစား ခြင်းသည် ထိုက်တန်ပြီး မကြိုးစားဘဲနဲ့ အများလက်အောက် နေနေရခြင်းထက် ပိုပြီး သာလွန်ကောင်းမွန်ကြောင်း ဖြေကြားထားကြပါတယ်။ အခြေခံဝန်ထမ်းများကတော့ ဒီလိုမျိုး အိပ်ရေး အပျက်ခံကာ ကြိုးစား ခြင်းသည် အဆုံးသတ်မှာတော့ ကျန်းမာရေးပဲ ထိခိုက်မှာဖြစ်ပြီး မထိုက်တန်ဘူးလို့ ဖြေကြားထား ကြပါတယ်။

အောင်မြင်မှုလား (သို့) အိပ်ရေး ဝဝ အိပ်စက်ခြင်းလား

အိပ်ရေး ကြိုးစား

လူသားများသည် အောင်မြင်မှုကို ဘေးခေါက်ထားပြီး အိပ်ရေး ဝဝ အိပ်စက်ဖို့အတွက် ရွေးချယ်သင့်သလား။ ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု ရရှိဖို့အတွက် အိပ်စက်မှုကို စွန့်လွှတ်သင့်သလား။

အသက် ၄၀ နှင့်အထက်သူတွေကတော့ အိပ်ရေးဝဝ အိပ်စက်ဖို့ကို အားပေးကြပြီး ဆယ်ကျော်သက်နှင့် အသက် ၄၀ အောက်လူတွေကတော့ အောင်မြင်ဖို့အတွက် လျော့အိပ်ဖို့ လိုအပ်ကြောင်း မဲပေးထားကြပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်မှာတော့ လျော့အိပ်ဖို့ မဲပေးထားကြတဲ့ လူသားတွေက ခေတ်ရဲ့ တာဝန်ကို လွှဲပြောင်းယူရမှာ ဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာတော့ အပြိုင်အဆိုင်ဖြစ်လာမှာ ဧကန်ပါပဲ။

ကွီးတို့ကရော ဘယ်ဘက်ကို မဲပေးမလဲ။ အိပ်ရေး ဝဝ အိပ်ရတဲ့ဘက်ကလား၊ ဒါမှမဟုတ် လျော့အိပ်ပြီး အောင်မြင်မှုကို ရယူမယ့်ဘက်ကလား။​

Source: Mattressadvisor

Featured Image: Freepik