လင်နဲ့ မယား၊ လျှာနဲ့ သွား ဆိုသလိုပဲ တည့်တဲ့အချိန်လည်း တည့်ကြသလို တကျက်ကျက် ရန်ဖြစ်ကြတဲ့ အချိန်လည်း ရန်ဖြစ်ကြမှာပါပဲ။ ဒါပေမဲ့ ကွီးတို့ရဲ့ အိမ်ထောင်ရေး က အမြဲတမ်းဆိုသလို ကတောက် ကဆတွေ ဖြစ်လာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။

ကွီးတို့ရဲ့ အိမ်ထောင်ရေး အမြဲတမ်း ကတောက် ကဆ ဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ ထိုအကြောင်းအရင်းများစွာထဲကမှ အရေးအကြီးဆုံး အချက် (၄) ချက်ကတော့…

(၁) တစ်ယောက်အပေါ် အခြား တစ်ယောက်က ဝေဖန်နိုင်လွန်းအားကြီးလို့

couple fight

လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်၊ ပင်ကိုယ် ဗီဇအပေါ် လိုက်ပြီး ဝေဖန်နေမယ်ဆိုရင်တော့ ဘယ်သူကမှ ကြိုက်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို ဝေဖန်ခြင်းသည် စွပ်စွဲခြင်းနဲ့ အလားသဏ္ဍာန် တူပါတယ်။ ဆိုကြပါစို့၊ ကွီးတို့က ညစာကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာမျိုး စားချင်လိုက်တာလို့ ပြောတာကို တဖက်လူအား “မင်းက အမြဲတမ်း ဝိတ်တက် စေတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေပဲ ချက်နေတာပဲ” လို့ ပြောတာနဲ့ အတူတူပါပဲ။

(၂) တစ်ယောက်ရဲ့ အကျင့်စရိုက်က အခြားတစ်ယောက်က သည်းမခံနိုင်ခြင်း

အိမ်ထောင်ရေး ကတောက်

များသောအားဖြင့် ကျွန်တော်တို့ ယောကျာ်းလေးတွေက တစ်ခုခုဆို နားငြီးမခံနိုင်တဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ မိန်းကလေးတွေကျတော့ တစ်ခုခုဆို ပွစိ ပွစိနဲ့ ပြောရတာကို ဝသီလိုဖြစ်နေပါကြပါတယ်။ ဒီလို အချက်မျိုးဆို တစ်ယောက်ကို တစ်ယောက် နားလည်မှု ယူပြီး ညှိနှိုင်းကြဖို့ လိုအပ်ပါလိမ့်မယ်။ နားငြီးမခံနိုင်တဲ့သူကို ပွစိ ပွစိ ပြောတာမျိုးကိုလည်း တစ်ဖက်လူက ခံနိုင်မှာမဟုတ်သလို၊ ပွစိ ပွစိ ပြောတာကို ချစ်လွန်းလို့ပါဆိုပြီး ပြောခဲ့ပြီးမှ အိမ်ထောင်ကျပြီးခါမှ နားငြီးလို့ဆိုပြီး အပြစ်မြင်နေလို့ကတော့ ကွီးတို့ အိမ်ထောင်ရေးက ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

(၃) တစ်ယောက်ကို တစ်ယောက် နာကျင်အောင် (သို့) မခံချင်အောင် ပြောဆိုခြင်း

အိမ်ထောင်ရေး ကတောက်

ဒီအချက်ကတော့ ပထမဦးဆုံး အချက်တစ်ခုဖြစ်တဲ့ တစ်ယောက်ကို တစ်ယောက် ဝေဖန် ပြောဆိုခြင်းကနေ နောက်ထပ် အဆင့်တစ်ခု တက်လာတဲ့ အဆင့်ပဲဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် နာကျင်အောင်၊ မခံချင်အောင် ပြောဆိုခြင်းကနေ တဖြည်းဖြည်း ပြင်းထန်လာပြီး တစ်ယောက်ရဲ့ ခံစားချက်ကို အခြားတစ်ယောက်က ထိခိုက်နာကျင်သွားအောင် ပြုလုပ်မိသွားတတ်ပါတယ်။

(၄) တစ်ယောက်ကို တစ်ယောက် လျစ်လျူရှုခြင်း

အိမ်ထောင်ရေး ကတောက်

တစ်ယောက်အပေါ်မှာ တစ်ယောက်က မထီမဲ့မြင်ပြုတာတွေ များလာတဲ့အခါမှာ နောက်ဆုံး တုန့်ပြန်ချက်ကတော့ လုံးလုံး လျားလျား လျစ်လျူရှုခြင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုး လုံးလုံး လျားလျား လျစ်လျူရှုခြင်းက ဘယ်လိုအခြေအနေမျိုးမှာ ပြုလုပ်သလဲဆိုရင် တစ်ယောက်အပေါ် ခံစားချက်များ၊ သံယောဇဥ်များ ကုန်စင်သွားတဲ့အခါမှာ ပြုမူလေ့ရှိပါတယ်။ ဒီလိုမျိုး ကွီးတို့ နှစ်ဦးကြားမှာ အေးတိအေးစက် အပြုအမူမျိုးကို မြင်တွေ့ရပြီဆိုရင်တော့ ကွီးတို့ရဲ့ အိမ်ထောင်ရေးအတွက် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ပြသနေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေမဆိုးခင်မှာ မြန်မြန်ပြန်ပြီး အဖတ်ဆယ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ဆိုရင်တော့ ဒီလိုမျိုး အခြေအနေမှာ ဘယ်လိုမျိုး ပြုမူမလဲ။ အချစ်အတွက် ကိုယ့်ဘက်က အလျော့ပေးစရာရှိတာ မြန်မြန် ပေးမှာလား။ ဒါမှမဟုတ် မာနနဲ့ တင်းခံနေမှာလား။

Source: Counsellingsydney.com.au

Featured Image: Freepik