Relationship တစ်ခု ပြဿနာ ကင်းကင်းနဲ့ ချစ်ခြင်းဖွဲ့နိုင်ဖို့ သိသင့်တာတွေမှ အများကြီး။ ပျော်ရွှင်ချမ်းမြေ့တဲ့ အချစ်ရေး ၊ အိမ်ထောင်ရေးနဲ့ ‌ပေါင်းသင်းဆက်ဆံရေးတွေကို ကြည့်ရင် ဆက်ဆံရေးပညာကို အလိုလို အသုံးချပြီး ဖြစ်မှန်းမသိဖြစ်တာ တွေ့ရမှာပါ။ အိမ်ထောင်အကွဲအပြားတွေ သိပ်များတဲ့ အနောက်နိုင်ငံတွေမှာဆို အိမ်ထောင်ရေးအကြံပေးကုထုံးပညာရှင်လို့ ခေါ်နိုင်တဲ့ Marriage Therapists တွေ သက်သက်ရှိကြပါတယ်။ ဒီပညာရှင်တွေက ပျော်ရွှင်ချမ်းမြေ့စရာ အိမ်ထောင်ရေး တစ်ခုအတွက် လိုက်နာသင့်တဲ့ အကြံပေးချက်တွေ မျှဝေလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ Relationship တစ်ခု ပျော်ရွှင်ခိုင်မြဲ ရွှေလက်တွဲစေနိုင်မယ့် ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) နေ့စဉ်နေ့တိုင်း ကျေးဇူးတင် အသိအမှတ်ပြုပေးပါ

Couple Romance

Photo: Unsplash

အိမ်ထောင်ရေးပညာရှင်တွေ အဓိကပြောကြတဲ့ Relationship အကြံပေးချက်ထဲမှာ မကြာခဏ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဘယ်သူမဆို ကိုယ့်ကို အသိအမှတ်ပြု ကျေးဇူးတင်တဲ့အပြုအမူကို နှစ်သက်ကြတာပါပဲ။ လူတိုင်းအသိအမှတ်ပြုခံရကြောင်း သိဖို့လို နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ အပြန်အလှန် ကျေးဇူးပြုကြောင်း ဖော်ပြတတ်ဖို့လည်း လိုတာပါပဲ။

(၂) သံသယအကျိုးခံစားခွင့် ပေးပါ

Couple In Love

Photo: Unsplash

သံသယအကျိုးခံစားခွင့်ဆိုတာ တရားရုံးတွေမှာမှ ရှိတာ မဟုတ်ပါဘူး။ လူ့လောကထဲမှာလည်း ရှိသင့်တဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ တစ်ခါတလေ နားလည်မှုလွဲပြီး ရန်ဖြစ်ကြချိန်မှာ တစ်ဖက်လူကို ချက်ချင်း ခုခံတုံ့ပြန်တာထက် သံသယအကျိုးခံစားခွင့်ပေးထားပြီး အခြေအနေပေါ် တစ်ဖက်လူရဲ့ ခံစားမှုနဲ့ အမြင်ကို စိတ်အေးလက်အေး နားထောင်တတ်တဲ့ အကျင့်လည်း လုပ်သင့်ပါတယ်။

(၃) အဓိပ္ပါယ်ရှိတဲ့အရာတစ်ခုခုကို တစ်လတစ်ကြိမ်လောက် လုပ်ပေးပါ

Gift

Photo: Unsplash

ကိုယ့်အိမ်ထောင်ဖက်ကို အလေးထားကြောင်းကို ပါးစပ်နဲ့ ပြောရုံတင် မပြီးသေးပါဘူး။ လက်တွေ့လည်း ဖော်ပြတတ်ဖို့ လိုပါတယ်။ အိမ်ထောင်ရေးပညာရှင်တွေကတော့ တစ်နှစ်စာ Intention Challenge တစ်ခု ထားဖို့ ပြောပါတယ်။ Intention Challenge ဆိုတာ ကိုယ့်အိမ်ထောင်ဖက် ၊ ကိုယ့်ချစ်သူအတွက် တစ်လတစ်ကြိမ်နှုန်းနဲ့ မတူတဲ့ အပြုအမူ/လုပ်ရပ်လေး ၁၂ ခု ကို စာရင်းလုပ်ထားဖို့ ဖြစ်ပါတယ်။

(၄) အပတ်စဉ် Check-In ဝင်ကြည့်ပါ

Couple

Photo: Unsplash

နောက်ထပ် အိမ်ထောင်ရေးအကြံပေးပညာရှင်တွေ ပြောကြတဲ့ အကြံတစ်ခုက အိမ်ထောင်မှု/အချစ်‌ရေး အပတ်စဉ်သုံးသပ်မှု Relationship Check-In ဝင်ဖို့ ဖြစ်ပါတယ်။ Relationship Check-In ဆိုတာ တစ်ပတ်ကို တစ်ခါလောက် နှစ်ဦးသား ဆက်ဆံရေးကို ပိုကောင်းစေဖို့ ဘာတွေ လုပ်ကြမလဲဆိုတာကို ဆွေးနွေးတိုင်ပင်ကြတာ ဖြစ်ပါတယ်။ နှစ်ဖက်သား ပွင့်လင်းရိုးသားပြီး ခိုင်မြဲတဲ့ အချစ်တစ်ခု တည်ဆောက်ဖို့ဆို အတူတူဖြတ်သန်းရင်း ကြုံလာတဲ့ပြဿနာတွေကို အကောင်းဆုံးရင်ဆိုင်မယ်ဆိုတဲ့ စိတ်နဲ့ ဖြေရှင်းသွားရင် ရာသက်ပန်စိတ်ချမ်းမြေ့တဲ့ Relationship တစ်ခုဖြစ်ဖို့ ပိုပြီး နီးစပ်လာမှာ ဖြစ်ပါတယ်။

Featured Photo: WAVE 3