ကိုယ့်အိမ်ရဲ့ အိမ်အပြင်အဆင် ကို အဆင့်အတန်းမြင့်မြင့်နဲ့ Luxury ဆန်တဲ့ ခံစားချက်မျိုးရအောင် ပြင်ဆင်ချင်ပေမယ့် ဘယ်လိုပြင်ဆင်ရမှန်းမသိလို့ ခေါင်းစားနေပါသလား။

အခုဖော်ပြပေးမယ့်အချက်များက သင် ကြုံတွေ့နေရတဲ့အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းပေးပါလိမ့်မယ်။

Luxury ဆန်တဲ့ အိမ်အပြင်အဆင် ကို ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ

အိမ်အပြင်အဆင် Luxury

တစ်ယောက်နဲ့တစ်ယောက်က အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း တူညီမှာမဟုတ်ပါဘူး။ သို့သော်လည်း Luxury ဆန်ခြင်းဆိုတာသည် အရည်အသွေးကောင်းသော ပစ္စည်းများကို အသုံးပြုရာကနေ စတင်လာတာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ Classic ဆန်တဲ့ ဒီဇိုင်းမျိုး သွားချင်သလား။ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဖြစ်စေမယ့် ဒီဇိုင်းမျိုး သွားချင်သလားဆိုတာကတော့ သင့်အပေါ်ပဲ မူတည်ပါတယ်။

အိမ်အပြင်အဆင် များကို Luxury ဆန်ဆန် ဖန်တီးပေးတဲ့ အတော်ဆုံးဒီဇိုင်နာများထံ အကူအညီရယူပါ

အိမ်အပြင်အဆင် Luxury

Photo: Bankrate

ဒီနည်းလမ်းကတော့ အကောင်းဆုံးပါပဲ။ အတော်ဆုံး အိမ်အလှဆင် ဒီဇိုင်နာများထံ အပ်ထားတဲ့အခါ ကိုယ့်အတွက် ခေါင်းရှုပ်သက်သာတယ်မဟုတ်လား။ သူတို့ကို ကိုယ်လိုချင်တဲ့ ပုံစံမျိုးလေး သေချာပြောပြဖို့ လိုအပ်ပါလိမ့်မယ်။

ကိုယ့်အကြိုက်ဆုံး Theme တစ်မျိုးကို ရှာဖွေပါ

different themes

Photo: Re-thinkingthefuture

ဒီဇိုင်နာများနှင့် မတိုင်ပင်ခင်မှာ အရင်ဦးဆုံး ကိုယ်လိုချင်တဲ့ Theme မျိုးကို ရှာဖွေထားဖို့လိုအပ်ပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ အရင်ဦးဆုံး ရှာဖွေပြီးမှ ကိုယ်လိုချင်တဲ့ ဒီဇိုင်းမျိုးကို ပြောပြရတာ ပိုမိုလွယ်ကူပါတယ်။

သင့်အိမ်ရဲ့ နေရာအကျယ်အဝန်းကို ထည့်တွက်ပါ

couple and house

သင့်အိမ် အကျယ်အဝန်းသည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဥပမာ သင် လိုချင်တဲ့ဒီဇိုင်းက သင့်အိမ်အကျယ်အဝန်းနဲ့ မကိုက်ညီတာမျိုးလည်း ရှိနိုင်ပါတယ်။ ထိုအခါ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး လုပ်ဆောင်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။

သင့်အိပ်ခန်းကို Luxury ဆန်တဲ့ အိမ်အပြင်အဆင် မျိုးရရှိအောင် ဖန်တီးပါ

bedroom

ကိုယ့်ရဲ့အိပ်ခန်းသည် ကိုယ် တစ်နေကုန်လုံးအပြင်မှာ ပင်ပင်ပန်းပန်း လုပ်ထားပြီးမှ အနားယူအိပ်စက်ရမယ့် နေရာမဟုတ်လား။ ဒါ့ကြောင့် သင့်ရဲ့အိပ်ခန်း အပြင်အဆင်သည် Luxury ဆန်ရမယ့်အပြင် သက်သောင့်သက်သာရှိပြီး နွေးနွေးထွေးထွေးရှိဖို့လည်း လိုအပ်ပါတယ်။ ထိုကဲ့သို့သော ခံစားချက်မျိုးအားလုံးရရှိအောင် သေချာပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။

အရောင်များကို သေချာရွေးချယ်ပါ

အိမ်အပြင်အဆင် Luxury

အရောင်တွေသည် သေသေချာချာ ပေါင်းစပ်တတ်မယ်ဆိုရင် သင့်ရဲ့အိမ်အပြင်အဆင်ကို ပိုပြီး Luxury ဆန်သွားအောင် ကူညီပေးနိုင်ပါတယ်။ အရောင်တွေရဲ့ သဘာဝကို အသုံးပြုပြီး ကိုယ့်အခန်းကို အရောင်မှိုင်းမှိုင်းဘက် သွားချင်တာလား လင်းလင်းထင်းထင်းဘက် သွားချင်တာလည်း အသုံးပြုနိုင်ပါတယ်။

ပန်းချီကားချပ်များဖြင့် အလှဆင်ပါ

man luxury house

ပန်းချီကားချပ်များသည် အနုပညာခံစားချက်တစ်ခုပါပဲ။ ကိုယ့် အိပ်အပြင်အဆင် တစ်ခုအဖြစ် အသုံးချမယ်ဆိုရင် သင့်ရဲ့အိမ်ကို ပိုပြီး Luxury ဆန်တဲ့ ခံစားချက်ကို ပေးစွမ်းပါလိမ့်မယ်။ ဒါ့အပြင် ပန်းချီကားချပ်များသည် ကြည့်ရှုသူကို စိတ်နှလုံးငြိမ်းအေးအောင် ကူညီပေးနိုင်ပါတယ်။

အရည်အသွေးကောင်းသော အိမ်ထောင်ပရိဘောဂပစ္စည်းများ ဝယ်ယူပါ

man luxury house

Photo: Mobeldesignmuseum

အရည်အသွေးက စကားအပြောဆုံးပါပဲ။ အရည်အသွေးကောင်းတဲ့ ပစ္စည်းများကို ဝယ်သုံးတဲ့အခါ ကြာရှည်လည်း အသုံးခံပြီး ကိုယ့်အိမ်အပြင်အဆင်သည်လည်း ပိုမိုခမ်းနားလှပစေမှာ ဖြစ်ပါတယ်။

Source: Decorilla

Featured Image: Decorilla