တစ်နေ့တာလုံး ပင်ပန်းထားသမျှတွေကို ဖြေဖျောက်ပေးနိုင်မယ့် အကောင်းဆုံးနေရာတစ်ခုကတော့ သက်သောင့်သက်သာရှိပြီး နွေးထွေးတဲ့ အိမ်ကလေးတစ်လုံးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ် နေထိုင်တဲ့ အိမ် ကို ပိုပြီး နေချင်စဖွယ်ကောင်းအောင် ပြင်ဆင်ချင်တယ်ဆိုရင်တော့ DIY နည်းလမ်းများကို အသုံးချနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများသည် အကုန်အကျ နည်းနည်းနဲ့ ကွီးတို့ အိမ် ကို ပိုမိုနေချင်စဖွယ်ကောင်းအောင် ကူညီပေးမယ့် DIY နည်းလမ်းကောင်းများပဲ ဖြစ်ပါတယ်။

တိမ်တိုက်ကြားထဲ လွှင့်မျောနေချင်သူများအတွက်

အိမ် DIY

တိမ်ပင်လယ်ကြီးထဲမှာ နေဖူးချင်တဲ့ စိတ်ကူးမျိုး ရှိကြပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါတယ်။ အရင်ဦးဆုံး ကတ်ထူစက္ကူနှင့် ဖောက်စက်တို့ လိုအပ်ပါလိမ့်မယ်။

ကတ်ထူစက္ကူကို တိမ်ပုံသဏ္ဍာန် ညှပ်ထားလိုက်ပါ။ တိမ် လေးခုလောက် လိုအပ်ပါလိမ့်မယ်။ ထို့နောက် တိမ်တွေကို အဖြူရောင် စပရေးဖြင့် ဖြန်းထားလိုက်ပါ။ ထို့နောက် တိမ်တစ်ခုရဲ့အနောက်မှာ ဖောက်စက်ဖြင့် ချိတ်စရာနေရာ တစ်ခုရသွားအောင် ဖန်တီးလိုက်ပါ။ ထို့နောက် နံရံပေါ်မှာ မီးလုံး တပ်လိုက်ပါ။ မီးလုံး တစ်ဝိုက်များ တိမ် သုံးခုကို ကပ်ထားလိုက်ပါ။ ထို့နောက် မီးလုံးပေါ်ကနေ စောစာက ချိတ်ရမယ့် တိမ်တစ်ခုကို အပေါ်ကနေ ချိတ်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ တိမ်တွေနေတဲ့ အရပ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။

ကျောက်စရစ်ခဲ ဆပ်ပြာခွက်

အိမ် DIY

အရင်ဦးဆုံး မိမိပုံဖော်ချင်တဲ့ ဇလုံအနေအထားကို မြင်ယောင်လိုက်ပါ။ ထို့နောက် ဇလုံအကြီး အသေးပေါ် မူတည်ပြီး ဇလုံတစ်လုံးကို ယူလိုက်ပါ။ ထို့နောက် ပလပ်စတစ်ကို ခွက်ပေါ်မှာ ခံထားလိုက်ပါ။ ထို့နောက် ကျောက်စရစ်ခဲများကို စီစီရီရီထားလိုက်ပါ။

ထို့နောက် ကျောက်စရစ် တစ်ခုနှင့်တစ်ခုကြား စူပါကလူးလေးဖြင့် လိုက်ကပ်လိုက်ပါ။ အခြောက်ခံပြီးတဲ့နောက်မှာတော့ ဖန်ခွက်နှင့် ပလပ်စတစ်တို့ကို အသာအယာ ဖယ်ရှားနိုင်ပါပြီ။ ဒါဆိုရင်တော့ အမိုက်စား ကျောက်စရစ်ခဲ ဆပ်ပြာခွက်လေး ရရှိသွားပါပြီ။

အလန်းစား အိမ်တွင်းပန်းအိုးလေး

indoor plant

ကိုယ့်အိမ်က ပန်းအိုးက အကြောင်းအမျိုးမျိုးကြောင့် အက်ကွဲကြောင်းတွေဖြစ်တာမျိုး (သို့) လုံးလုံးကြီး ကွဲသွားတာမျိုး ဖြစ်နေပါသလား။ ထိုပန်းအိုးကို လွှင့်ပစ်စရာမလိုဘဲ သေသေချာချာ အလှဆင်ကာ အသုံးချနိုင်ပါတယ်။

အရင်ဦးဆုံး ပန်းအိုးရဲ့အောက်ခြေမှာ အပြားလေးတစ်ခု ခံထားလိုက်ပါ။ ကွဲနေတဲ့ ပန်းအိုးထဲတွင် မြေကြီးများ ထည့်လိုက်ပါ။ ထို့နောက် ပန်းအိုးအကွဲကို လှေကားထစ်များသဖွယ် ထားထားလိုက်ပါ။ ထို့နောက် မိမိစိုက်ပျိုးချင်တဲ့ အမျိုးအစားတူ အပင်များကို အခုလိုလေး စိုက်ပျိုးထားနိုင်ပါတယ်။ ဒါဆိုရင်တော့ လှပတဲ့ Indoor Plant လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Brightside.me

Featured Image: Housebeautiful