စမတ်ဖုန်းတွေ၊ Tabletsတွေ အစရှိတာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အသုံးပြုနေရတဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဖုန်းအားကုန်နေတဲ့ အချိန်ဆို ဘာလုပ်ရမှန်း မသိဘဲ ယောင်တောင်တောင် ဖြစ်တတ်ကြတယ် မဟုတ်ပါလား။ မီးလာချိန် ဖုန်းအားမသွင်းမိလို့ ဖြစ်စေ၊ အပြင်ရောက်နေချိန် ဖုန်းအားကုန်သွားရင်ပဲ ဖြစ်စေ၊ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို အနည်းငယ်တော့ ကသီစေပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ အလုပ်လုပ်ရသူများ အတွက်တော့ ဖုန်းအားမရှိခြင်းကလည်း တကယ်ကို ပြဿနာတစ်ခုပါပဲ။ ဒီလိုအချိန်မှာ အိုကေမှာ စိုပြေစေဖို့ Power Bank လေး တစ်လုံးတော့ ရှိထားသင့်ပါတယ်။

ဆက်လက်ပြီးတော့ Power Bank ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် အကောင်းဆုံး Power Bank အချို့ကို ဖော်ပြပေးချင်ပါတယ်။

INIU 10000mAh Portable Charger

အိုကေမှာ စိုပြေစေဖို့

Photo : Amazon.com

ဒီ Power Bank ကတော့ Battery Capacity အနေနဲ့ 10,000 mAh ပါရှိပြီး တစ်ပြိုင်နက်တည်း စက်ပစ္စည်း ၃ ခုကို အားသွင်းနိုင်ပါတယ်။ ၎င်းမှာ Output Ports အနေနဲ့ USB-A (၂) ပေါက်နဲ့  USB-C (၁) ပေါက်တို့ ပါဝင်ပါတယ်။ အလေးချိန်အနေနဲ့ကတော့ ၁၉၈ ဂရမ်သာ ရှိတာကြောင့် ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူပါတယ်။ ကွီးတို့အနေနဲ့ ပေါ့ပေါ့ပါးပါး Power Bank တစ်လုံး ဆောင်ထားချင်တယ်ဆိုရင်တော့ ဒီကောင်လေးက သင့်တော်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ‌ဒေါ်လာ ၁၄.၁၇ သာ ကျသင့်မှာ ဖြစ်ပါတယ်။

Anker PowerCore 20100 power bank

အိုကေမှာ စိုပြေစေဖို့

Photo : eBay

ဒီ Power Bank ကတော့ Battery Capacity 20,100 mAh ပါရှိပါတယ်။ Battery capacity နည်းနည်းမြင့်ပြီး အားသွင်းမှု မြန်ဆန်တာမျိုး လိုချင်ရင်တော့ ရွေးချယ်လို့ကောင်းတဲ့ အမျိုးအစားပါပဲ။ သူ့မှာ Output Ports အနေနဲ့ USB-A (၂) ပေါက်ပါဝင်ပါတယ်။ အလေးချိန်အနေနဲ့ကတော့ ၃၅၄ ဂရမ် ရှိတာကြောင့် အရမ်းပေါ့ပါးတယ်လို့တော့ မဆိုနိုင်ပါဘူး။ သူ့ရဲ့ ဈေးနှုန်းကတော့ ၃၃.၉၉  ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

iMuto 20,000mAh power bank

Photo : : Amazon.com

ဒီ Power Bank ရဲ့ Battery Capacity ကတော့ 20,000 mAh ဖြစ်ပြီး Output Ports အနေနဲ့ USB-A (၂) ပေါက်ပါဝင်ပါတယ်။ အလေးချိန်ကတော့ ၄၅၉ ဂရမ်ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၂၉.၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ Anker PowerCore 20100 power bank နဲ့ယှဉ်ရင် Battery Capacity အတူတူလောက်ရှိပြီး စျေးပိုသက်သာသော်လည်း ဒီ iMuto 20,000mAh power bank က အလေးချိန် အနည်းငယ်ပိုပြီး များပါတယ်။

Anker PowerCore III Elite 25600 PD 60W

Photo : Amazon UK

နာရီပေါင်းများစွာ အားသွင်းဖို့ လိုတယ်ရင် ဖြစ်စေ၊ ခရီးသွားတဲ့ အခါမှာ ဖြစ်စေ အိုကေမှာ စိုပြေစေဖို့ ဒီ Power Bank ကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ Battery Capacity ကတော့ 25,600 mAh ရှိပြီး MacBook တစ်လုံးကို အပြည့်အ၀သုံးဖို့ လုံလောက်တဲ့ ပါဝါအား ပေးစွမ်းနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ Output Ports အနေနဲ့ USB-A (၂) ပေါက်၊ USB-C (၁) ပေါက်တို့ ပါဝင်ပါတယ်။ သူ့ရဲ့ အလေးချိန်က‌တော့ ၅၇၀ ဂရမ် (ကီလိုဝက်ကျော်) ရှိတာကြောင့် အနည်းငယ်လေးတာကတော့ ပေါ့ပေါ့ပါးပါးပဲ ဆောင်ချင်တဲ့ သူတွေအတွက်ကတော့ စဉ်းစားစရာပါပဲ။

Source : Creative Bloq

Featured Photo : Digiatal Trends