Transporter မင်းသား ၊ ကတုံးမင်းသားရယ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေကြားမှာ လူသိများနာမည်ကြီးတဲ့ Jason Statham ကိုတော့ ကွီးတို့ အားလုံး သိပြီးသား ဖြစ်မယ်ထင်ပါတယ်။ Transporter မင်းသားကြီးကတော့ ကိုယ်ခံပညာကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်သလို မာဆယ်အပြည့်နဲ့ ကျစ်ကျစ်လစ်လစ် အမိုက်စား ဘော်ဒီကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ဘော်ဒီနဲ့ လိုက်ဖက်အောင်လည်း အမြဲတမ်းလိုလို ဖက်ရှင်ကျကျ သားသားနားနား ဝတ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ အိုင်ဒေါ Jason Statham လို အထာကျကျ ဝတ်တတ်စားတတ်ဖို့ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ အကြံပြုချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ကတုံးကေ ညှပ်ဖို့ လက်မတွန့်ပါနဲ့

Jason Statham

Photo : Variety

ကတုံးကေကတော့ အိုင်ဒေါ Jason Statham ရဲ့ အမှတ်အသား ဆံပင်စတိုင်တစ်ခုလို့တောင် ပြောလို့ ရပါတယ်။ Jason Statham ကို ကြည့်လိုက်ရင် အမြဲတမ်း အထာကျတဲ့ Classic Buzz Cut ဒါမှမဟုတ် ကတုံးအပြောင် ရိတ်ထားတဲ့ ဆံပင်စတိုင်မျိုးကိုသာ ထားလေ့ရှိတာ ဖြစ်ပါတယ်။ ဒီလိုဆံပင်စတိုင်က ယောကျာ်းလေး တော်တော်များများနဲ့ လိုက်ဖက်ပြီး အများကြီး ဆံပင်ပုံသွင်းထိန်းသိမ်းရတာတွေလည်း မရှိ‌တော့ အချိန်ကုန်အလုပ်ရှုပ် သက်သာစေပါတယ်။ ကတုံးကေ ဆံပင်စတိုင်နဲ့အလားတူ Jason Statham ကြီးလို ခပ်ပါးပါး မုတ်ဆိတ်စတိုင် တွဲဖက်ထားမယ်ဆိုရင် တကယ်ကို အထာကျတဲ့ ဘီးကျဲတစ်ယောက် ဖြစ်စေမှာပါ။

(၂) Turtleneck Shirts တွေ ဝတ်ကြည့်ပါ

Jason Staham
Photo : Page Six

ကွီးတို့ရဲ့ အိုင်ဒေါ Jason Statham ကို ကြည့်လိုက်ရင် လည်ထောင် Turtleneck Shirts တွေ အဝတ်များတာကို သတိထားမိမယ် ထင်ပါတယ်။ Suit တွေ ဝတ်ချိန်မှာတောင် Dress Shirt အစား Long Sleeve Turtleneck Shirts တွေကို ဝတ်တာ တွေ့ရပါတယ်။ Turtleneck Shirts တွေက Modern ဆန်တဲ့ ဖက်ရှင် Look ကို ပေးစွမ်းသလို Fit ဖြစ်ဖြစ် အကျပ်ဝတ်ရတဲ့ အင်္ကျီဖြစ်တာကြောင့် မာဆယ်ရှိတဲ့ ကွီးတို့အတွက်လည်း ဘော်ဒီအလှကို ချပြလို့ရမယ့် အခွင့်အရေးကောင်းတစ်ခုပါပဲ။

(၃) ပေါ့ပေါ့ပါးပါးရှိတဲ့ ဖက်ရှင်ကို ဦးစားပေးပါ

Jason Statham

Photo : Man of Many

Jason Statham ကတော့ Red Carpet ပွဲတွေမှာသာမက အပြင်မှာပါ ပေါ့ပေါ့ပါးပါးနဲ့ ယောကျာ်းပီသတဲ့ Outfits စတိုင်တွေကို ရွေးချယ်ဝတ်တာ များပါတယ်။ များသောအားဖြင့် အိုင်ဒေါ Jason Statham ရဲ့ အဝတ်အများဆုံး ဖက်ရှင်တွေထဲမှာ ပေါ့ပါးပြီး အထာကျတဲ့ Black Leather Jacket တွေ ၊ Fit ဖြစ်တဲ့ Black T-Shirts တွေ ၊ Slim Fitting Charcoal Jeans တွေ နဲ့ Light Grey Suede Chelsea Boots တွေကို အများဆုံး တွေ့ရပါတယ်။ ပြောချင်တာကတော့ Jason Statham လို အထာကျချင်ရင် တကူးတကကြီး ဖက်ရှင်အတွက် အားစိုက်ထုတ်ရတာမျိုးမရှိပဲ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်တွေကို ဦးစားပေး ရွေးချယ်ဝတ်တက်ဖို့ပါပဲ။

Source : Man of Many

Featured Photo : Little White Lies