အိုင်အိုဒင်းဓာတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်းများထုတ်လုပ်ရန်၊ ပျက်စီးနေသောဆဲလ်များကိုပြန်လည်ပြုပြင်ရန်နှင့် ကျန်းမာသောဇီဖြစ်စဉ်ကိုထောက်ပံ့ရန်တို့အတွက် အရေးပါတဲ့ဓာတ်တမျိုးဖြစ်ပါတယ်။ အိုင်အိုဒင်း ချို့တဲ့ခြင်းက ပြင်းထန်သောရောဂါလက္ခဏာများကိုဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အိုင်အိုဒင်းဓာတ်ဖြည့်တင်းပေးဖို့လိုပါတယ်။ အကယ်၍သင့်ခန္ဓာကိုယ်မှာ အိုင်အိုဒင်းဓာတ်ချို့တဲ့နေရင် အောက်ပါလက္ခဏာရပ်များပြပါလိမ့်မယ်။

(၁) လည်ပင်ရောင်းရမ်းနာကျင်ခြင်း

Source : 123RF.com

လည်ပင်းရဲ့ အရှေ့ဘက်တွင်ရောင်ရမ်းခြင်းဟာ အိုင်အိုဒင်းချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို goiter လို့ခေါ်ပြီး သိုင်းရွိုက်ဂလင်းကြီးထွားလာခြင်းကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လူတိုင်းကြားဖူးတဲ့နာမည်နဲ့ ပြောရမယ်ဆိုရင်တော့ လည်ပင်ကြီးရောဂါဖြစ်ပါတယ်။

(၂) မထင်မှတ်ပဲဝိတ်အရမ်းတက်လာခြင်း

Source : Eat This, Not Tha

သိုင်းရွိုက်ဟော်မုန်းများပြုလုပ်ရန် ခန္ဓာကိုယ်တွင်အိုင်အိုဒင်းဓာတ် အလုံအလောက်မရှိတဲ့အခါ မထင်မှတ်ပဲကိုယ်အလေးချိန်အဆမတန်တက်လာတက်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို ထိန်းချုပ်ရန်ကူညီပေးပြီး အိုင်အိုဒင်းဓာတ်အလုံလောက်မရတဲ့အခါမှာတော့ ဇီဝဖြစ်စဉ်ကိုနှေးကွေးစေကာ ကိုယ်အလေးချိန်တက်လာစေတာဖြစ်ပါတယ်။

(၃) ပင်ပန်းနွမ်းနယ်ခြင်း

Source : Freepik

ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်းတို့ဟာလည်း အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေထဲကတစ်ခုဖြစ်ပါတယ်။ အိုင်အိုဒင်းဓာတ်ချို့တဲ့ရင် သိုင်းရွိုက်ဟော်မုန်းဓာတ်လည်းနိမ့်ကျသွားပြီး ခန္ဓာကိုယ်စွမ်းအင်တွေလျော့ကျကာ ပုံမှန်မဟုတ်တဲ့ အားအင်ကုန်ခမ်းခြင်း မောပန်းနွမ်းနယ်ခြင်းတွေကိုခံစားနေရမှာဖြစ်ပါတယ်။

(၄) ဆံပင်ကျွတ်ခြင်း

Source : scholarlyoa.com

လေ့လာမှုတစ်ခုအရ သိုင်းရွိုက်ဟော်မုန်းနိမ့်သူများဟာ ဆံပင်ကျွတ်တဲ့ ပြသနာကို သာမာန်လူတွေထက် ၃၀ ရာခိုင်နှုန်းပိုခံစားကြရပါတယ်။ အထက်ပါအချက်တွေအတိုင်းပဲ ခန္ဓာကိုယ်မှာ အိုင်အိုဒင်းဓာတ်အလုံလောက်မရတဲ့အခါ သိုင်းရွိုက်ဟော်မုန်းဓာတ်လည်းနိမ့်ကျသွားပြီး ဆံပင်တွေအမြောက်အများ ပျက်စီးကာ ဆံပင်ကျွတ်ခြင်းဝေဒနာကိုခံစားရမှာဖြစ်ပါတယ်။