ဇလာတန် အီဘရာဟီမိုဗစ် ဟာ အေစီမီလန်အသင်းနဲ့အတူ တောက်ပတဲ့ကစားသမားဘဝတလျှောက် ၃၂ လုံးမြောက် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ကွင်းအတွင်းကို ရှန်ပိန်ပုလင်းနဲ့ ဆေးပြင်းလိပ်ဖွာရင်း ဝင်ရောက်ခဲ့ပြီး အဲဒီအခိုက်အတန့်ဟာ ဇလာတန်အဆန်ဆုံးအခိုက်အတန့်လို့ ဖော်ပြခြင်းခံခဲ့ရပါတယ်။

Zlatan Ibrahimovic celebrated winning the 32nd trophy of his gliterring career

Photo: Sportbible

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဆွီဒင်ဂန္တဝင်တိုက်စစ်မှူးကြီးဟာ အေစီမီလန်အသင်းကို ၁၁ နှစ်အတွင်း ပထမဆုံး စီးရီးအေဖလားကို ရရှိအောင် သွင်းဂိုး ၈ ဂိုးနဲ့ ပွဲအနိုင်ရရှိစေမယ့် စွမ်းဆောင်ရည်အများအပြား ပြသပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ၂၆ ပွဲ ကစားပေးခဲ့ရာမှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အီဘရာဟီမိုဗစ်ဟာ ယခုရာသီ စီးရီးအေ ၁၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့်လည်း ကွင်းတွင်း၊ ကွင်းပြင်ပက ၎င်းရဲ့သက်ရောက်မှုဟာ ပြီးခဲ့တဲ့လတွေမှာ ကြီးမားခဲ့တာဖြစ်ပါတယ်။

With a cigar in hand, the former Manchester United and Barcelona forward sprayed some champagne

Photo: Sportbible

ဥပမာအနေနဲ့ ယခုနှစ်အစောပိုင်းတုန်းက ဖီကာယို တိုမိုရီက ဇလာတန် အီဘရာဟီမိုဗစ်ရဲ့ အေစီမီလန်အသင်းကစားသမားတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းကို ဖွင့်ဟပြောဆိုခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ “သူက အဝတ်လဲခန်းထဲမှာ ကိုယ်ရောင်ကိုယ်ဝါလိုမျိုးရှိတဲ့ကစားသမားဖြစ်ပြီး သူ ကွင်းထဲမှာ ရှိနေတဲ့အချိန် ဒါမှမဟုတ် သူ မကစားတဲ့အချိန်မှာတောင်မှ ခင်ဗျားနားထဲမှာ သူ့အသံကို ကြားနေရပြီး သူက အားလုံးကို အားပေးနေပါတယ်။ သူက စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးပါ။ သူ ကစားတဲ့အချိန်မှာ အားလုံးကို မြှင့်တင်ပေးပြီး သူ ဒီရာသီ သိပ်အများကြီးမကစားရတာတောင်မှပဲ သူက ဂိုးသွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Ibrahimovic smoke cigar

Photo: Sportbible

တနင်္ဂနွေနေ့ညမှာ ဝါရင့်တိုက်စစ်မှူးကြီးဟာ အိုလီဗီယေး ဂျီရူးနဲ့ ဖရန့်ခ် ကက်ဆီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ ဦးဆောင်နေချိန်မှာ မိနစ် ၂၀ လောက် လူစားဝင်ကစားပေးခဲ့ပြီး သမိုင်းဝင် စကူဒက်တိုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်ဆူအိုလိုနဲ့ပွဲစဉ် ပွဲပြီး ဝီစီမှုတ်ပြီးနောက် အီဘရာဟီမိုဗစ်က အေးဆေးတည်ငြိမ်ပြီး အထာကျတဲ့ပုံစံနဲ့ ဆန်စီရိုကွင်းပတ်ဝန်းကျင်ကို ထူးထူးခြားခြား ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

လက်ထဲမှာ ဆေးပြင်းလိပ်ကို ညှပ်ထားရင်း အီဘရာဟီမိုဗစ်က ရှန်ပိန်ပုလင်းကို ဖျန်းပက်ခဲ့ပြီး ကွင်းလယ်မှာ ၎င်းရဲ့ လက် ၂ ဖက်ကို မြှောက်ရင်း ပွဲကြည့်စင်က ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်က အေစီမီလန်နဲ့အတူ စီးရီးအေဖလားကို ရရှိခဲ့တာက အကြီးမားဆုံးသော စိတ်ကျေနပ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ibrahimovic said the title win with Milan is his "greatest satisfaction."

Photo: Sportbible

“ကျွန်တော် ပြန်လာတဲ့အချိန်တုန်းက သတင်းစာရှင်းလင်းပွဲမှာ အေစီမီလန်ကို ထိပ်ဆုံးကို ပြန်ပို့ပေးမယ်လို့ ပြောခဲ့တယ်။ အများစုကတော့ ရယ်မောခဲ့ကြပြီး အခု ကျွန်တော်တို့ ဒီမှာ စကူဒက်တိုဖလားကို အနိုင်ရခဲ့ပြီ။ ကျွန်တော်တို့ အများကြီး အနစ်နာခံ ပေးဆပ်ခဲ့ကြတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ကျွန်တော် ဒီနှစ်မှာ အများကြီး ဒဏ်ရာကြောင့် ခံစားခဲ့ရတယ်။ ကျွန်တော် လာမယ့်ရက်အနည်းငယ်ကျရင် စကားပြောမှာပါ။ ဒါပေမယ့် အခုတော့ ဒီဆုဖလားနဲ့ ကျွန်တော် ပျော်ရွှင်ခံစားချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible