ကိုယ့်ရဲ့ အောင်မြင်မှု ကို မနာလိုပြီး ကိုယ့် နောက်ကျော ကို ဓားနဲ့ထိုးမယ့်သူတွေသည် ဘယ်လိုပုံစံမျိုး ပြုမူကြသလဲဆိုတာ သင် သိပါသလား။

သူတို့သည် အတင်းအဖျင်းပြောတတ်ကြပါတယ်

အောင်မြင်မှု နောက်ကျော

အခြားသူတစ်ယောက်ရဲ့ မကောင်းကြောင်းကို သင့်အရှေ့မှာ ခဏခဏလာပြီး ပြော ပြောနေတယ်ဆိုရင်တော့ သင့်ရဲ့ မကောင်းကြောင်းကိုလည်း အခြားသူများရှေ့မှာ မပြောနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။

ဒါ့ကြောင့် တကယ်လို့ သူတို့က အခြားသူတွေရဲ့ မကောင်းကြောင်းကို လာပြောခဲ့တဲ့အချိန်မှာ သင့်ဘက်ကလည်း ပြန်မပြောဘဲ ငြိမ်ပြီး နားထောင်ပေးလိုက်ပါ။ တကယ်လို့ သင်သည်လည်း ထိုသူရဲ့မကောင်းကြောင်းကို ပြန်ပြောလိုက်မယ်ဆိုရင် သင့်စကားတွေကို ဟိုပို့ ဒီပို့ဖြင့် စကားတွေရှုပ်လာပါလိမ့်မယ်။ အကောင်းဆုံးကတော့ ဘာမှပြန် မတုန့်ပြန်လိုက်ဖို့ပါပဲ။

သင့်ကို အရမ်းကာရော ချီးမွမ်းမြှောက်ပင့်ပြောဆိုနေမယ်

အောင်မြင်မှု နောက်ကျော

သင့်ကို ဘယ်လောက်တော်ကြောင်း၊ ထက်မြက်ကြောင်းနဲ့ အမွှန်းတင်နေပြီး အရမ်းကာရော မြှောက်ပင့်ပြောဆိုနေပါလိမ့်မယ်။ သူ့စိတ်ထဲက အမှန်တကယ်လာတဲ့ ချီးမွမ်းစကားတော့မဟုတ်ပါဘူး။ သင့်ကို ညာပြီး ခိုင်းစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို အမြင့်တနေရာရာသို့ အရင်ဆုံး တွန်းပို့ထားပြီး အမြင့်ရောက်မှ တွန်းချတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သူတို့လိုအပ်မှ ရောက်လာပြီး သင် သူတို့ကို လိုအပ်ချိန်မှာတော့ အဖတ်မလုပ်ခြင်း

အောင်မြင်မှု နောက်ကျော

ဒီလိုလူမျိုးတွေကတော့ အဆိုးဆုံးပါပဲ။ သူတို့က သူငယ်ချင်းယောင်ဆောင်ထားတဲ့ သူငယ်ဂျင်းတွေပဲဖြစ်ပါတယ်။ သူတို့အကူအညီလိုအပ်လာတဲ့အချိန်မှာတော့ သင့်ကို စောစောကလိုပဲ မြှောက်ပင့်ပြောဆိုကာ ခိုင်းစားနေပါလိမ့်မယ်။ သူတို့လိုတာရသွားတဲ့အချိန်မှာတော့ သင့်ကို စာရင်းထဲတောင် သွင်းမှာမဟုတ်ပါဘူး။

သင် အကူအညီလိုအပ်လို့ သွားတဲ့အချိန်မှာတော့ သင့်ကို အရေးတောင် စိုက်မှာမဟုတ်ပါဘူး။ တကယ့်ကို ဆိုးရွားတဲ့ မိတ်ဆွေအတုအယောင်တွေဖြစ်တာကြောင့် မပေါင်းသင်းသင့်တဲ့အထဲမှာပါပါတယ်။

ဒီလိုမျိုး သင့်ရဲ့ အောင်မြင်မှု ကို မနာလိုပြီး သင့် နောက်ကျော ကို ဓားနဲ့ထိုးမယ့်သူတွေကို ဘယ်လိုမျိုး ရင်ဆိုင်သင့်သလဲ။

အခြားသူတစ်ယောက်က သင့်သူငယ်ချင်းသည် သင့်ကို မကောင်းကြံနေတဲ့သူတစ်ယောက်ဖြစ်ကြောင်း လာပြောပါပြီတဲ့။ သင့်ရဲ့ အောင်မြင်မှု ကို မနာလိုလို့ သင့် နောက်ကျော ကို ဓားနဲ့ ထိုးနေပြီလို့ လာပြောပါပြီတဲ့။ သင် ဘယ်လိုတုန့်ပြန်မလဲ။

ကိုယ့်ကိုယ့်ကိုယ် စိတ်တည်ငြိမ်အောင် ထားပါ

အောင်မြင်မှု နောက်ကျော

မိမိ နောက်ကျောကို ဓားနဲ့ထိုးမယ့်သူကို ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ အရင်ဦးဆုံး စိတ်တည်ငြိမ်အောင် နေပါ။ သူတို့ကို စိတ်လိုလက်ရ ဒေါနဲ့မောနဲ့ မတုန့်ပြန်လိုက်ပါနဲ့။ မိနစ်အနည်းငယ်၊ နာရီအနည်းငယ်ခန့် စိတ်တည်ငြိမ်အောင် နေပါ။ လိုအပ်ပါက ခဏတဖြုတ်လောက် အိပ်စက်အနားယူလိုက်ပါ။

စိတ်တည်ငြိမ်သွားပြီဆိုမှ နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ပါ။

ကိုယ် သိရှိထားတဲ့ သတင်းကို မှန် မမှန် အရင်စစ်ဆေးပါ

အောင်မြင်မှု နောက်ကျော

တစ်ခါတစ်ရံမှာ သတင်းစကားတွေသည် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ဖောင်းပွလာပြီး လူတွေရဲ့ သူတို့ကိုယ်ပိုင်အမြင်တွေပါ ထပ်ပေါင်းထည့်တာကြောင့် သင် ကြားလိုက်ရတဲ့ သတင်းစကားသည် ၃၀ ရာခိုင်နှုန်းလောက်သာ မှန်ကန်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ် ကြားလိုက်တဲ့သတင်းကို အရင်ဆုံး မှန် မမှန် စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်။

ထိုသူထံ တိုက်ရိုက် သွားမေးကာ အတည်ပြုပါ

အောင်မြင်မှု နောက်ကျော

ဒီလိုလေးတွေတော့ နားလည်မှုလွဲနေပြီနဲ့တူတယ်။ ဒီလုပ်ရပ်မျိုးကို နင် အမှန်တကယ် ကျူးလွန်ခဲ့သလားဆိုတာ အတည်ပြုလိုက်ပါ။

တကယ်လို့ သူ့ဘက်က မတင်မကျအဖြေမျိုး ဖြေနေမယ်ဆိုရင်တော့ သင့်ဘက်က အခုဖော်ပြပေးမယ့် အချက် (၂) ချက်ကို ပြန်စဉ်းစားလိုက်ပါ။

ပထမအချက်ကတော့ သင်တို့ရဲ့ ဆက်ဆံရေးသည် သင့်အတွက် ဘယ်လောက် အရေးပါသလဲ။

ဒုတိယအချက်ကတော့ သူ ပြုလုပ်ခဲ့တဲ့အရာသည် ခွင့်လွှတ်ပေးလို့ရသလား။

တကယ်လို့ သင်တို့ရဲ့ ဆက်ဆံရေးက သင့်အတွက် အရေးပါတယ်။ ပြီးတော့ သူ့လုပ်ရပ်က ခွင့်လွှတ်ပေးလို့ရတယ်ဆိုရင် ခွင့်လွှတ်ပေးလိုက်ပါ။

တကယ်လို့ သင်တို့ရဲ့ဆက်ဆံရေးက သိပ်အရေးမပါဘူးဆိုရင်တော့ မြန်မြန်ဆန်ဆန် သူနဲ့ အဆက်အသွယ်ဖြတ်လိုက်တာအကောင်းဆုံးပါပဲ။

မိမိကိုယ်ကိုယ် သုံးသပ်ပါ

man standing by the door

ကိုယ်က အကောင်းဆုံး ပြုမူနေပါလျက်နှင့် အဘယ့်ကြောင့် ဒီလိုကိစ္စရပ်မျိုး ကြုံတွေ့ရသလဲ။ ကိုယ် ယုံကြည်ခဲ့ရတဲ့သူတစ်ယောက်ကို ကိုယ့်ကို ဘာ့ကြောင့် သစ္စာဖောက်ရသလဲဆိုတဲ့ အဖြေမျိုးကို စဉ်းစားမရဖြစ်နေပါသလား။

တကယ်တော့ တချို့လူသားတွေသည် ဖောက်လွှဲဖောက်ပြန်စိတ်ရှိကြပါတယ်။ ထိုဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရပါက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့။ ထိုအဖြစ်အပျက်ကနေ သင်ခန်းစားပြန်ယူလိုက်ပါ။ လူတိုင်းသည် ယုံကြည်ရတာမဟုတ်တဲ့အတွက်ကြောင့် သူတို့အပေါ် အလုံးစုံ စိတ်နှစ်ထားပြီး ပေါင်းသင်းဆက်ဆံတာမျိုး မလုပ်ပါနဲ့။ အလုံးစုံ ယုံကြည်ပုံအပ်ထားပြီးမှ ကိုယ့်ရဲ့ အောင်မြင်မှု ကို မနာလိုပြီး ကိုယ့် နောက်ကျော ကို ဓားနဲ့ ထိုးသွားမှ ခံစားရတဲ့အဖြစ်မျိုး ခံစားနေရပါလိမ့်မယ်။

ဒါ့ကြောင့် အရာရာတိုင်းကို ကိုယ့်အမြင်နဲ့ မဆုံးဖြတ်ဘဲ လူအကြောင်း ပေါင်းကြည့်မှ သိ ဆိုသလိုပဲ အတွင်းကျကျ ပေါင်းသင်းကြည့်ပြီးမှ ထိုအချိန်ကျမှ ကိုယ့်အတွင်းရေးတွေကို ပြောပြချင်တယ်ဆိုရင်လည်း နောက် မကျသေးပါဘူး။

သင့်မှာ ရန်သူတွေရှိနေခြင်းသည် ကောင်းတဲ့အချက်တစ်ခု မဟုတ်ပေမယ့် ဒါသည် သင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေကြောင်းကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

Source: Personalexcellence

Featured Image: Stockunlimited