ဒီကမ္ဘာပေါ်မှာ လူတိုင်းအောင်မြင်မှုကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ အောင်မြင်မှုကို လွယ်လွယ်ကူကူနဲ့ မရနိုင်ပါဘူး။ ကိုယ့်ရဲ့ ဘဝမှာ ကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရရှိဖို့အတွက် ပျိုးထောင်ရမဲ့ အရာတွေ၊ ဖယ်ထုတ်ရမဲ့ အချက်တွေ ရှိပါတယ်။ အောင်မြင်မှုရဖို့အတွက် ကျွန်တော်တို့ ကိုယ်တိုင်နဲ့ နေ့စဉ်လုပ်ဖြစ်နေတဲ့ အလေ့အကျင့်တွေက အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။ အောင်မြင်မှုရရှိဖို့ ပံ့ပိုးပေးနိုင်မဲ့ အလေ့အကျင့်ကောင်းတွေက မိတ်ဆွေဖြစ်သလို၊ ကိုယ်တိုင် ကျင့်သုံးမိနေတဲ့ ဒါမှမဟုတ် ပြုလုပ်မိနေတဲ့ အရာတွေက အောင်မြင်မှုနဲ့ ဝေးရာကို ဖယ်ထုတ်မဲ့ အနီးကပ်ဆုံး ရန်သူတွေ ဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အောင်မြင်မှု ပန်းတိုင်တွေနဲ့ အလှမ်းဝေးစေမဲ့ အနီးကပ်ဆုံးနဲ့အကြီးမားဆုံး ရန်သူတွေ ကိုဖော်ပြပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကို သံသယဝင်ခြင်း

အောင်မြင်မှု ရန်သူတွေ

Photo : US News Health

ကွီးတို့ရေ အောင်မြင်မှု ရဖို့အတွက် အလှမ်းဝေးစေမဲ့ အဓိကရန်သူက ကိုယ့်ကိုယ်ကို သံသယဝင်ခြင်းပါပဲ။ ကိုယ့်ကိုယ်ကို သံသယဝင်တယ်ဆိုတာ အိပ်မက်တွေအတွက် လူသတ်သမားပါ။ သံသယဝင်ခြင်းက အပျက်သဘောဆောင်သော တွေးခေါ်မှု၊ ကြောက်ရွံမှု၊ မသေချာမရေရာမှုနှင့် မဆုံးဖြတ်နိုင်မှုတို့ကိုသာ ဖြစ်ပေါ်စေပါတယ်။ ကွီးတို့ ကိုယ့်ကိုယ်ကို အမြဲသံသယရှိနေပြီး ရည်မှန်းချက်များ အောင်မြင်နိုင်ပါ့မလားဆိုတဲ့ အပျက်သဘောဆောင်တဲ့ အဆိုးမြင်စိတ်တွေက ဝါးမြိုသွားပါလိမ့်မယ်။

ဒါဆိုရင်တော့ ကွီးတို့လိုချင်တဲ့ ပန်းတိုင်နဲ့ အလှမ်းဝေးသွားမှာပါ။ အပျက်သဘောဆောင်တဲ့ အတွေးအမြင်မှာ ကိုယ့်ကိုယ်ကို နစ်မွန်းမနေပါနဲ့။ ကိုယ့်ကိုယ်ကို ပြန်ထိန်းပြီး သံသယဝင်ခြင်းကို ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ပြီး အနိုင်ယူပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို ထားရှိခြင်းက အောင်မြင်မှုဆီကို တက်လှမ်းနိုင်ဖို့ အလားအလာ အများကြီး ပိုများပါတယ်။

Comfort Zone မှာနေခြင်း

အောင်မြင်မှု ရန်သူတွေ

Photo : Entrepreneur

လူတော်တော်များများက ကိုယ့်အတွက် စိန်ခေါ်မှုနဲ့ အခက်အခဲလည်း မရှိဘဲ သိပ်မဆိုးလှတဲ့ နေရာတစ်နေရာ ရောက်ပြီဆိုရင် ထိုနေရာကနေ ရုန်းမထွက်နိုင်တော့ပါဘူး။ ဒါဟာ တကယ်ကို အောင်မြင်မှုကို တက်လှမ်းချင်တဲ့ သူတွေအတွက် မဖြစ်မနေ ရုန်းထွက်လာရမဲ့ Comfort Zone ပါပဲ။

ကွီးတို့ လက်ရှိရောက်နေတဲ့ နေရာက ကွီးတို့အတွက် စိန်ခေါ်မှုလည်းမရှိဘူး၊ မတိုးတတ်စေဘူးဆိုရင် ထိုနေရာက ရုန်းထွက်လိုက်ပါ။ ကွီးတို့ အောင်မြင်မှုဆီကို တက်လှမ်းဖို့အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ယုံကြည်မှု ရှိရှိ ရင်ဆိုင်ပြီး ကွီးတို့ရဲ့ အရည်အချင်းကို မြှင့်တင်လိုက်ပါ။

ပျင်းရိခြင်း

အောင်မြင်မှု ရန်သူတွေ

Photo : TaskTrain

အောင်မြင်မှုမှာ ပျင်းရိသူတွေအတွက် နေရာမရှိတာ သိထားရပါမယ်။ လူတော်တော် များများက အနည်းဆုံး တချို့အချိန်တွေမှာ ပျင်းရိတတ်ပါတယ်။ စိတ်မပူပါနဲ့။ ဒါဟာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်လုပ်ရမဲ့အလုပ်တွေ၊ တာဝန်ဝတ္တရားတွေကိုလုပ်ဖို့ အကြောင်းပြချက်မရှိ ပျင်းရိနေတာမျိုးဆိုရင်တော့ ပြင်ဖို့လိုအပ်နေပါပြီ။ ဘယ်အရာကိုမှာ ကြိုးကြိုးစားစား မလုပ်ပဲ ပျင်းနေတာမျိုးဆိုရင် အောင်မြင်မှုဆိုတာ စိတ်ကူးတောင် မယဉ်သင့်တဲ့အရာပါ။ သို့သော်လည်း ကောင်းတဲ့အချက်ကတော့ ပျင်းရိတတ်တာကို ပြုပြင်လို့ရပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခု သတ်မှတ်ပြီး ထိုပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်နဲ့ လျှောက်လှမ်းနေစဉ် တစ်လျှောက်လုံး စိတ်အားထက်သန်နေဖို့ပဲ လိုတာပါ။

ကွီးတို့ရေ အောင်မြင်မှုကို ဘယ်တော့မှ လွယ်ကူကူမရနိုင်ပါဘူး။ သို့သော်လည်း မိမိကိုယ်တိုင် လိုအပ်တဲ့အချက်တွေကို ပြင်လိုက်တာနဲ့ အလှမ်းမဝေးတော့တဲ့ အရာပါ။ အောင်မြင်မှု ကို ရရှိဖို့ အနီးကပ်ဆုံး ရန်သူတွေ ကို ကွီးတို့ကိုယ်တိုင် ဖယ်ရှားလိုက်ပါ။

Featured Photo : Inc