အောင်မြင်မှု  ကိုလူတိုင်း မက်မောကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ်မက်မောတဲ့အရာတိုင်း ရတယ်ဆိုတာမျိုးက ရှားပါတယ်။ အောင်မြင်မှုဆီ မရောက်နိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အောင်မြင်မှု ဆီ သွားရင်းနဲ့ လမ်းခရီးမှာတင် လက်လျှော့ လိုက်တာက အဓိက အကြောင်းရင်းလို ဖြစ်နေပါတယ်။ ဘာကြောင့် လူတွေ အောင်မြင်မှုမရခင် လက်လျှော့တတ်ကြတာလဲ။

(၁) ဖြစ်နိုင်မယ် မယုံတော့လို့

Thinking

Photo : Pexels

မဖြစ်နိုင်တော့ဘူးဆိုတဲ့ သံသယအတွေး ခေါင်းထဲ ဝင်လာရင် ဖြစ်မြောက်အောင်မြင်အောင် မဖြစ်မနေ လုပ်ချင်တဲ့စိတ်တွေ ကုန်ခမ်းသွားတတ်တာ သဘာဝပါပဲ။ အောင်မြင်ဖို့အတွက် အဓိကသော့ချက်တစ်ခုက စိတ်ရှည်သည်းခံဖို့ပါ။ မအောင်မြင်သေးခင် သည်းခံပြီး အောင်မြင်တဲ့အထိ ယုံကြည်မှုကို မြှင့်တင်ထားဖို့ အရေးကြီးပါတယ်။

(၂) ထပ်တလဲလဲ လုပ်နေရတာကို ပျင်းလာလို့

Lazy

Photo : Pexels

အောင်မြင်မှု ရအောင် လုပ်ရတာဟာ တစ်ခါတလေ ချောတိုင်တက်တာနဲ့ တူပါတယ်။ ခဏခဏ ပြုတ်ကျတတ်ပြီး နောက်ထပ် နောက်ထပ် ထပ်ထပ်ပြန်တက်ဖို့ ကြိုးစားရပါတယ်။ အောင်မြင်ဖို့အတွက် ထပ်တလဲလဲ လုပ်နေရတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါကို မငြီးငွေ့ဖို့ လိုပါတယ်။

(၃) ရလဒ်ကို ချက်ချင်း မတွေ့ရလို့

Goal

Photo : Pexels

ကြိုးစားမှုရဲ့ အသီးအပွင့်တွေက နှစ်ရှည်ပင်တစ်ပင်ရဲ့ သစ်သီး ၊ ပန်းပွင့်တို့လိုပါပဲ။ နှစ်တွေ ကြာမှ ပွင့်နိုင် ၊ သီးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အခု ရေတွင်းတူး အခု ရေကြည်သောက်ချင်တဲ့ လူတွေအဖို့ ဖြတ်လမ်းမရှိတဲ့ အောင်မြင်မှု လမ်းဟာ အရှည်ကြီးလို့ မြင်ပြီး တွေးမောမောကာ လက်လျှော့ သွားနိုင်ပါတယ်။

(၄) တခြားသူတွေ ပြောသမျှ နားယောင်နေလို့

Conversation

Photo : Pexels

ဘယ်ပန်းတိုင်ပဲ ထားထား သင့်ကို အဖျက်စကားပြောမယ့်သူတွေ ၊ သင့်ကို လမ်းလွဲစေမယ့် အကြံဉာဏ်တွေ ပေးမယ့်သူတွေ သင့်အနားမှာ အများကြီး ရှိနိုင်ပါတယ်။ အကြံဉာဏ်တွေ တခြားဆီက ယူတာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ပြောသမျှ နားယောင်ပြီး ကိုယ့်ယုံကြည်ချက်တွေ ပျောက်ဆုံးမှေးမှိန်လာပြီဆိုရင် ဒါဟာလည်း အောင်မြင်မှုကို မသွားချင်အောင် လက်လျှော့ မိစေနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Featured Photo : Inc Magazine