ကွီးတို့ရေ အောင်မြင်မှုဆိုတာ ဘဝမှာ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ အောင်မြင်မှု ရရှိခဲ့တဲ့သူတိုင်းဟာ သူတို့ရဲ့ဘဝမှာ ကျင့်သုံးတဲ့ တိကျတဲ့ အလေ့အကျင့်တွေ၊ ခိုင်မာတဲ့ခံယူချက်တွေ အများကြီးနဲ့ ရှေ့ဆက်ခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့သူတွေဟာ သူတို့ရဲ့ အောင်မြင်မှု သော့ချက် တွေကို ကြိုးစားချင်စိတ်ရှိသူတွေ၊ အောင်မြင်ချင်စိတ်ရှိသူတွေ စသည်ဖြင့် အများအတွက် အကျိုးဖြစ်ထွန်းစေကာ၊ စိတ်ခွန်အားများတတ်ကြွစေဖို့ ဝေမျှပေးခဲ့ကြပါတယ်။
အောင်မြင်မှု ရရှိခဲ့တဲ့သူတွေ ဝေမျှထားတဲ့ အောင်မြင်မှု သော့ချက် တွေကို ကွီးတို့ဘဝ တိုးတတ်ရေး၊ အောင်မြင်ရေးမှာ အသုံးပြုနိုင်အောင် လေ့လာကြည့်ရအောင် ဖော်ပြလိုက်ပါတယ်။
(၁) Richard Branson “အမြဲတမ်း ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ”
Photo : Pinterest
Sir Richard Charles Nicholas Branson ဟာ ဗြိတိန်ဘီလျံနာ၊ စွန့်ဦးတီထွင်သူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Virgin Group ကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ အကြီးမားဆုံး တွန်းအားပေးမှုလား။ ကိုယ့်ကိုယ်ကို စိန်ခေါ်နေဖို့ပဲ။ ဘဝမှာ တခါမှမရှိဖူးတဲ့ တက္ကသိုလ်ပညာရေးတစ်ခုလိုပါပဲ၊ နေ့တိုင်း အသစ်အဆန်းတွေကို သင်ယူနေရတယ်”
စိန်ခေါ်မှုမရှိရင် အောင်မြင်မှုကို မရရှိနိုင်ဘူး။ ဒီနေ့ကစပြီး မိမိဘဝတိုးတတ်ရေးအတွက် ကိုယ့်ကိုယ်ကိုစိန်ခေါ်ပါ။
(၂) Steve Jobs “မင်းရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့”
Photo : Awsome Quotes About Life
ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ Steven Paul Jobs ဟာ အမေရိကန် စွန့်ဦးတီထွင်သူ ၊ စီးပွားရေး လုပ်ငန်းရှင် ၊ မီဒီယာ ပိုင်ရှင် နှင့် ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။
“မင်းရဲ့အချိန်က အကန့်အသတ်ရှိတယ်၊ ဒါကြောင့် တခြားတစ်ယောက်ရဲ့ဘဝကို မဖြုန်းတီးပါနဲ့။ တခြားသူတွေရဲ့ တွေးခေါ်မှုရလဒ်တွေနဲ့ အသက်ရှင်နေတဲ့ အယူဝါဒကြောင့် ပိတ်မိမနေပါနဲ့။ အခြားသူများ၏ ထင်မြင်ယူဆချက်များ ဆူညံသံသည် သင်၏ အတွင်းစိတ် အသံကို တိမ်မြုပ်စေခြင်း မပြုပါနှင့်။ အရေးကြီးဆုံးကတော့ သင့်နှလုံးသားနဲ့ နောက်ကို လိုက်ဖို့ သတ္တိရှိပါ။ သင်တကယ်ဖြစ်ချင်တဲ့အရာကို နှလုံးသားဟာ တစ်နည်းနည်းနဲ့ သိပြီးသားပါ။ ကျန်တာအားလုံးက ဒုတိယပါ။”
အချိန်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာပါ။ အောင်မြင်မှု ရှိရန် အတွက် အဓိက သော့ချက် တစ်ခုဟာ အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်းပါပဲ။
(၃) Bill Gates “အပြောင်းအလဲကို မကြောက်ပါနဲ့”
Photo : Statustown
William Henry Gates III ဟာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးများ၊ ဆော့ဖ်ဝဲတီထွင်သူ၊ ရင်းနှီးမြှုပ်နှံသူ၊ စာရေးဆရာနှင့် ပရဟိတသမားတစ်ဦးဖြစ်ပြီး Microsoft ၏ တွဲဖက်တည်ထောင်သူ ဖြစ်ပါတယ်။
“လူတွေက အပြောင်းအလဲကို အမြဲကြောက်တယ်။ တီထွင်တုန်းက လူတွေက လျှပ်စစ်ကို ကြောက်ကြတယ် မဟုတ်လား ။ လူတွေက ကျောက်မီးသွေးကို ကြောက်ကြတယ်၊ ဓာတ်ငွေ့သုံး အင်ဂျင်တွေကို ကြောက်ကြတယ်……….”
အပြောင်းအလဲ ကိုကြောက်ပြီး မိမိလုပ်ဆောင်ရာမှာတွေ တွန့်ဆုတ်နေလျှင် ဒီနေ့ခေတ်လို သိပ္ပံနည်းပညာတွေ ထွန်းကားတဲ့ခေတ်တစ်ခု ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် ကွီးတို့လည်း ဘဝမှာ ကြုံတွေ့နိုင်တဲ့ အပြောင်းအလဲတွေကို မကြောက်ပါနဲ့၊ စိန်ခေါ်ပါ၊ ကြိုးစားပါ။
(၄) Albert Einstein “တီထွင်ဖန်တီးနိုင်ပါစေ”
Photo : Behavioral Health Works
အဲလ်ဘတ် အိုင်းစတိုင်းသည် ဂျာမန်နွယ်ဖွား သီအိုရီ ရူပဗေဒပညာရှင် တစ်ဦးဖြစ်ပြီး အကြီး ကျယ်ဆုံးနှင့် သြဇာအရှိဆုံး ရူပဗေဒပညာရှင်တစ်ဦး ဖြစ်ပါတယ်။ နှိုင်းရသီအိုရီနဲ့ ကွမ်တမ်မက္ကင်းနစ် သီအိုရီ တွေကို ဖော်ထုတ်ခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်တဲ့ ပန်းချီဆရာတစ်ယောက် ဖြစ်နေပါပြီ။ စိတ်ကူးဉာဏ်က အသိပညာထက် ပိုအရေးကြီးတယ်။ အသိပညာ အကန့်အသတ်ရှိတယ်။ စိတ်ကူးစိတ်သန်းက ကမ္ဘာကြီးကို ဝန်းရံထားတယ်။”
ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ တီထွင်ဖန်တီးနိုင်မှုတွေကို အသုံးချပြီး အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်ပါတယ်။
(၅) Thomas Edison “Action ယူပါ”
Photo : PBS
Thomas Alva Edison ဟာ အမေရိကန် တီထွင်သူနှင့် စီးပွားရေးသမားတစ်ဦး၊ လျှပ်စစ်ဓာတ်အား၊ လူထုဆက်သွယ်ရေး၊ အသံဖမ်းယူခြင်းနှင့် လှုပ်ရှားမှုဓာတ်ပုံများကဲ့သို့သော နယ်ပယ်များတွင် စက်ပစ္စည်းများစွာကို တီထွင်ခဲ့ပါတယ်။
“အလုပ်များနေတာက အမြဲတမ်း အလုပ်ပြီးမြောက်မှုကို မဆိုလိုပါဘူး။ အလုပ်အားလုံး၏ ရည်ရွယ်ချက်မှာ ထုတ်လုပ်မှု သို့မဟုတ် ပြီးမြောက်အောင်မြင်မှုဖြစ်ပြီး ယင်းအဆုံးသတ်တစ်ခုဆီသို့ ကြိုတင်တွေးခေါ်မှု၊ စနစ်၊ အစီအစဉ်ဆွဲမှု၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် ရိုးသားသောရည်ရွယ်ချက်တို့ပါ၊ လုပ်ပုံကိုင်ပုံက လုပ်တာမဟုတ်ဘူး။”
အောင်မြင်မှုကို ဆွတ်ခူးရရှိဖို့ အတွက်ဆိုရင် စိတ်ကူးနေယုံနဲ့မရပါဘူး။ အမှန် တကယ်လက်တွေ့ လုပ်ဆောင်မှာသာ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာပါ။
အထက်မှာ ဖော်ပြထားတာက ကမ္ဘာကျော် အောင်မြင်သူတွေရဲ့ အဆိုအမိန့် တနည်းအားဖြင့် သူတို့ရဲ့ အောင်မြင်မှု သော့ချက် တွေပါ။ ကွီးတို့လည်း သူတို့ရဲ့ အောင်မြင်မှုသော့ချက်တွေကို အတုယူပြီး အောင်မြင်မှု ရအောင် လုပ်နိုင်ကြပါစေ။
Source : Life hack
Featured Photo : Forbes