တစ်နေတာလုံး အားမာန်အပြည့်နဲ့ တက်ကြွနေဖို့ မနက်ခင်း အလေ့အကျင့် တွေက များစွာ သက်ရောက်မှုရှိပါတယ်။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တော်တော်များများကို ကြည့်ရင် မနက်ခင်းတိုင်း ကို ကောင်းမွန်တဲ့ အလေ့အကျင့်တွေနဲ့ စတင်လေ့ ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ အောင်မြင်သူ အများစု ကျင့်သုံးလေ့ရှိတဲ့ မနက်ခင်း အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ကျေးဇူးတင်တဲ့ စိတ်နဲ့ အိပ်ရာထကြတယ်

Photo : OFFSET

အောင်မြင်သူတွေဟာ မနက်အိပ်ရာထချိန်မှာ နောက်ထပ် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်လေ့ ရှိကြပါတယ်။ ကျေးဇူးတင်တဲ့အလေ့အကျင့်ဟာ စိတ်ကို ရွှင်လန်းတက်ကြွစေပြီး တစ်နေ့တာကို ဖြတ်သန်းဖို့ ခွန်အားတွေ ရစေပါတယ်။

(၂) အိပ်ရာသိမ်းတယ်

Photo : Express

တစ်နေ့လုံးမှာ ကိုယ့်ကိုယ်ကို အစီအစဉ်တကျ ဖြစ်စေဖို့ ကိုယ့်အိပ်ရာကို သပ်သပ်ရပ်ရပ် ခေါက်တာကနေ စတင်သင့်တယ်လို့ အောင်မြင်ထင်ရှားသူ တစ်ချို့က လက်ခံထားကြပါတယ်။ ကိုယ်တိုင် အိပ်ရာသိမ်းတာဟာ ကိုယ့်အမိန့်ကို နာခံခြင်းတစ်မျိုးလည်း ဖြစ်ပြီး တစ်နေ့တာ ခရီးအတွက် ပထမဆုံး ကိုယ့်ရဲ့ စိတ်ဓာတ်ကို ပဲ့ပြင်တဲ့ အချက်လည်း ဖြစ်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်တယ်

Photo : Advanced Bone & Joint

ကမ္ဘာတလွှားက အောင်မြင်နေသူတွေဟာ ကိုယ်ရော စိတ်ကိုပါ ဂရုစိုက်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မနက်ခင်းအိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ လမ်းလျှောက် လေ့ကျင့်ခန်း လိုမျိုး ပေါ့ပေါ့ပါးပါး အားကစားနည်းတွေ လုပ်တတ်ပါတယ်။ ဒီအလေ့အကျင့်ကောင်းတွေကြောင့် နေ့ရက်တိုင်းမှာ လူဟာ ကျန်းမာဖျတ်လတ်ပြီး လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးမှာ အများထက် သာလွန်နေကြတာ ဖြစ်ပါတယ်။

(၄) တစ်နေ့တာ လုပ်ရမယ့် စာရင်း ချရေးတယ်

Photo : Pexels

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို မနက်ခင်းမှာ ရေးမှတ်တက်တဲ့အကျင့် အောင်မြင်သူ တော်တော်များများ လုပ်လေ့ရှိပါတယ်။ ဒီနေ့ လုပ်မယ့် အလုပ်တွေနဲ့ တွေ့ရမယ့် လူစာရင်းတွေကို စာအုပ်ပေါ် ချရေးထားပြီး လက်တွေ့အကောင်အထည်ဖော်တာဟာ အစီအစဉ်ပိုကျပြီး အလုပ်လည်း ပိုတွင်ပါတယ်။ ဒါ့အပြင် လုပ်ရတဲ့ အလုပ်တစ်ခုချင်းစီပေါ်လည်း အာရုံပိုစိုက်နိုင်ပါတယ်။

Featured Photo : Succeed Feed