အောင်မြင် ချင်တယ်ဆိုရင် ကြိုးစားရမယ်ဆိုတာကတော့ လူတိုင်းသိပြီးသား အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် ကြိုးစားတယ်ဆိုတိုင်းလည်း စိတ်မပါ လက်မပါနဲ့ ကြိုးစားရင် ထိုအောင်မြင်မှုကို လွယ်လွယ်ကူကူနဲ့ ရရှိနိုင်မှာ မဟုတ်ပါဘူး။ အောင်မြင် ဖို့အတွက် ကိုယ် ကြိုးစားနေတဲ့အရာအပေါ် ကိုယ် လုပ်နေတဲ့အရာအပေါ် ချစ်မြတ်နိုး စိတ် ရှိရပါတယ်။ ကိုယ် လုပ်နေတဲ့အရာအပေါ်မှာ စေတနာထားပြီး လုပ်ကိုင်မှသာလျှင် အောင်မြင်မှုက ကွီးတို့အနောက်ကို တဖြည်းဖြည်းနဲ့ ကပ်လိုက်လာမှာဖြစ်ပါတယ်။

Apple ရဲ့ Co-Funder တစ်ယောက်ဖြစ်တဲ့ Steve Jobs က ဘယ်လိုပြောခဲ့သလဲဆိုရင် “အောင်မြင် ချင်တဲ့သူတစ်ယောက်မှာ ကိုယ် လုပ်နေတဲ့အရာအပေါ် ချစ်မြတ်နိုး စိတ်နှင့် စေတနာတို့ ပေါင်းစပ်ထားတဲ့ Passion ဆိုတဲ့အရာ ရှိရမယ်” လို့ ပြောကြားထားပါတယ်။

ဘာ့ကြောင့် ကြိုးစားရုံနဲ့ မပြီးသလဲ။ ဘာ့ကြောင့် ကိုယ့်အလုပ်အပေါ် ချစ်မြတ်နိုး စိတ်နှင့် စေတနာတို့ ပေါင်းစပ်ထားတဲ့ Passion တို့ လိုအပ်သလဲ။

လွယ်လွယ်နဲ့ အရှုံးပေးချင်စိတ်များကို ဖယ်ရှားပေးခြင်း

success

ကိုယ် ချစ်မြတ်နိုး တဲ့ အရာတစ်ခုဖြစ်တယ်၊ ကိုယ်က စိတ်ပါလက်ပါနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့အရာတစ်ခုဖြစ်တဲ့ အတွက်ကြောင့် အလွယ်တကူ အရှုံးပေးချင်စိတ်များ ရှိမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့သည် အဆုံးသတ်မှာ ထွက်လာမယ့် ရလဒ်ကို အကောင်းဆုံး ရလဒ်တစ်ခု ဖြစ်လာစေချင်လို့ပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ရလဒ်တစ်ခု မရမချင်း အသေအလဲကြိုးစားပါလိမ့်မယ့်။ ပင်ပန်းလိုက်တာဆိုတဲ့ အရာအပေါ်မှာ အာရုံစိုက်မိမှာမဟုတ်ဘဲ ကိုယ် မျှော်လင့်တဲ့ ရလဒ် မရမချင်း ကြိုးစားနေမှာပဲ ဖြစ်ပါတယ်။ ဥပမာ ဆိုကြပါစို့ သင်သည် သီချင်းဆိုရတာကို နှစ်သက်တယ်ဆိုရင် သင့်ရဲ့ သီချင်းဆိုတဲ့ ဟန်ပန် အနေအထား၊ အသံ အနေအထားကို ဒီ့ထက် ပိုမိုကောင်းမွန်လာအောင် ကြိုးစားချင်မှာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သင့်ကို လူသိများလာ၊ လူကြိုက်များလာမှာပဲ ဖြစ်ပါတယ်။

သင့်ကို အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်အောင် ကူညီပေးတယ်

success

မိမိအလုပ်အပေါ် ချစ်မြတ်နိုး ခြင်းသည် မိမိအလုပ် လုပ်တဲ့အခါ အချိန်အများကြီး လုပ်ဆောင်ချင်စိတ်ရှိအောင် ကူညီပေးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့သည် ကိုယ့်ရဲ့ အလုပ်ကို အရူးအမူး စွဲလမ်းနေလို့ပဲ ဖြစ်ပါတယ်။ သင့်မှာ အားလပ်ချိန် ရှိတယ်ဆိုတာနဲ့ အလုပ်ချည်းပဲ လုပ်ချင်စိတ်တွေ ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့သည် ကိုယ့်အလုပ်ကို ချစ်လို့ပဲဖြစ်ပါတယ်။ ကိုယ် ချစ်တဲ့အရာကို လုပ်နေရတဲ့အတွက်ကြောင့် အလုပ် လုပ်နေရတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး ဝင်မှာမဟုတ်တော့ဘဲ ကိုယ် ဝါသနာပါတဲ့ အရာကို လုပ်ကိုင်နေရတယ်လို့ ခံစားရမှာပဲဖြစ်ပါတယ်။

အခက်အခဲများနှင့် ကြုံတွေ့ရတဲ့အခါ ကိုယ့်ရဲ့ အတွေ့အမြင်များကို ပြောင်းလဲပစ်စေခြင်း

success

ကိုယ့် အလုပ်ကို မချစ်မနှစ်သက်တဲ့သူတွေသည် ကိုယ့်အလုပ်နဲ့ ပတ်သက်လာတဲ့အခါ အခက်အခဲ အတားအဆီးများကို ကျော်လွှားချင်စိတ်များ ရှိမှာမဟုတ်ပါဘူး။ ထိုအခက်အခဲများကို ရင်မဆိုင်ချင်ကြတဲ့အခါ တဖြည်းဖြည်းနဲ့ ကိုယ့် အလုပ်အပေါ် စိတ်ကုန်လာပါတော့တယ်။ ဒါပေမယ့် ကိုယ့် အလုပ်ကို ချစ်မြတ်နိုး သူတွေကျတော့ အခက်အခဲများ စိန်ခေါ်မှုများကို ကိုယ့်ရဲ့ ဘဝ တက်လမ်းအတွက် လှေကားထစ်များသဖွယ် အသုံးချတတ်ကြပါတယ်။​ အခက်အခဲများနှင့် ကြုံတွေ့ရတဲ့အခါ စိတ်ညစ်မသွားဘဲ ကိုယ့်ရဲ့ အတွေးအမြင်များကို လုံးဝ ပြောင်းလဲလိုက်ကာ အခက်အခဲများကို အခွင့်အရေးအဖြစ် ပြောင်းမြင်တတ်ကြပါတယ်။

အချိန်ဖြုန်းခြင်းမှ ကာကွယ်ပေးခြင်း

အောင်မြင် ချစ် မြတ်နိုး

ကိုယ် ချစ်တဲ့အရာကို လုပ်နေရတဲ့အခါ အချိန်ဆွဲခြင်း၊ အချိန်ဖြုန်းခြင်းမျိုးနှင့်လည်း ကင်းဝေးမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နောက်ဆုံး ထွက်လာမယ့် ရလဒ်ကို ရင်ခုန် စိတ်လှုပ်ရှားနေလို့ပဲဖြစ်ပါတယ်။ ထိုအချက်ကြောင့်ပဲ ကိုယ့် လုပ်ရမယ့်အလုပ်ကို အချိန်မဆွဲတော့ဘဲ မြန်မြန်ပြီးစီးအောင် လုပ်ဆောင်ချင်စိတ်များ ထွက်လာပါတော့တယ်။ ဒီအချက်သည် အောင်မြင် မှုအတွက် အရေးကြီးတဲ့အချက်ဖြစ်ပြီး ကိုယ့်ရဲ့ အလုပ်အပေါ် ချစ် မြတ်နိုး နိုင်မှသာလျှင် ဒီကောင်းကျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းကို တိုးမြှင့်ပေးခြင်း

အောင်မြင် ချစ် မြတ်နိုး

ချစ်မြတ်နိုး စိတ်နှင့် စေတနာထားခြင်းတို့သည် စွဲလမ်းခြင်းဆိုတဲ့အရာကို ဖြစ်ပေါ် စေပါတယ်။ ထိုစွဲလမ်းခြင်းကနေတဆင့် အာရုံစူးစိုက်ခြင်းကို ဦးတည်သွားပါတယ်။ အာရုံစူးစိုက်ကာ လုပ်ဆောင်ခြင်း၊ တစိုက်မတ်မတ် လုပ်ဆောင်ခြင်းတို့သည် အောင်မြင်ခြင်းဆီသို့ ဦးတည်သွားပြီး ကိုယ့်အလုပ်ရဲ့ ကွာလတီကိုလည်း တိုးမြှင့်ပေးပါတယ်။ တဖြည်းဖြည်းနဲ့ ကွီးတို့ရဲ့ အရည်အချင်းကို လူအများက အသိအမှတ် ပြုလာမှာဖြစ်ပြီး အောင်မြင်မှုက ကွီးတို့အတွက် ဖြစ်လာမှာပဲဖြစ်ပါတယ်။

ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့ကို ဆောင်ကျဥ်းပေးနိုင်ခြင်း

အောင်မြင် ချစ် မြတ်နိုး

ကိုယ် နှစ်သက်တဲ့ အရာကို လုပ်ဆောင်နေရတဲ့အတွက်ကြောင့် ပျော်ရွှင်မှုဆိုတဲ့အရာကို ကောင်းကောင်းကြီး ခံစားရမှာပဲဖြစ်ပါတယ်။ ကိုယ် မျှော်လင့်တဲ့အရာ မရ မချင်း ဆက်လက်ကြိုးစားချင်စိတ်များ ပေါ်ပေါက်နေမှာဖြစ်ပြီး ကိုယ် မျှော်လင့်တဲ့အရာ ရလာပါက အတိုးမသိ ပျော်ရွှင်မှုကို ခံစားရမှာပါ။ ထိုကြိုးစားချင်စိတ်ကပဲ ကွီးတို့အတွက် အောင်မြင်မှုကို ဆောင်ကျဥ်းပေးနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်လိုလားတဲ့ အောင်မြင်မှုများအတွက် အပြောင်းအလဲများ ပြုလုပ်ရမှာကို မကြောက်ရွံ့တော့ဘဲ ရဲရဲဝံ့ဝံ့နှင့် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းများလည်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါအချက်များကြောင့်ပဲ အောင်မြင် ခြင်းနှင့် မိမိအလုပ်အပေါ် ချစ်မြတ်နိုး ကာ စေတနာထားပြီး လုပ်ဆောင်တတ်ခြင်းတို့သည် တိုက်ရိုက်ပတ်သက် ဆက်နွယ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။

Source: Unboundedwisdom

Featured Image: Freepik