စွန့်ဦးတီထွင် သူတိုင်း အောင်မြင်သူတွေ မဟုတ်ကြဘူးဆိုတာ ကွီး တို့ လက်ခံပါသလား။ စွန့်ဦးတီထွင် သမားတွေလည်း တခါတရံမှာ အရှုံးနှင့် ရင်ဆိုင်ရတတ် ကြပါတယ်။ ဒါပေမဲ့ အရှုံးနဲ့ ရင်ဆိုင်ရတိုင်း လွယ်လွယ် လက်မြှောက်အရှုံးပေးတတ်တဲ့ စိတ်ဓာတ်မျိုး သူတို့ဆီမှာ မရှိကြပါဘူး။ တစ်ခါ မအောင်မြင်ရင် နောက်တစ်ခါ ကြိုးစားမယ် ၊ နောက်တစ်ခါ မအောင်မြင်ပြန်ရန် နောက်ထပ်တစ်ကြိမ် ထပ်ကြိုးစားမယ် စတဲ့ မလျော့သောဇွဲဖြင့် ဆက်လက်ကြိုးစားကြပါတယ်။

အောင်မြင် တဲ့ စွန့်ဦး တီထွင် သူတိုင်းဆီမှာ နောက်ထပ် နည်းနမူနာယူထိုက်တဲ့ အလေ့အကျင့်ကောင်းများ ရှိကြပါသေးတယ်။ ထိုအလေ့အကျင့် ကောင်းများကတော့ …

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း

အောင်မြင် စွန့်ဦးတီထွင် ဝိသေသ လက္ခဏာများ

မိမိစိတ်ကို အလိုလိုက်ပြီး လုပ်သင့်တာတွေထက် လုပ်ချင်တာတွေကို ဦးစားပေးတဲ့အခါ ကိုယ့်ရဲ့ အောင်မြင်မှုပန်းတိုင်သည် အလှမ်းဝေးသွားတတ်ပါတယ်။ မိမိရဲ့ တဒင်္ဂလိုအင်ဆန္ဒကို ထိန်းချုပ်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းကြပ်မတ်နိုင်ခြင်းသည် အောင်မြင်တဲ့သူတွေသာ ပြုလုပ်နိုင်တာဖြစ်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းကောင်းခြင်း

အောင်မြင် စွန့်ဦးတီထွင် ဝိသေသ လက္ခဏာများ

မိမိက တီထွင်ဖန်တီးအားနည်းတယ်ဆိုပြီး ဒီအတိုင်း ထိုင်နေလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ အခြားသောလုပ်ငန်းရှင်တွေ ဘယ်လိုလုပ်ဆောင်ကြသလဲ။ ကိုယ်သာဆိုရင်ရော ဘယ်လိုဆန်းသစ်ပြီး လုပ်ဆောင်ရင် ပိုအောင်မြင်မလဲ စသည်ဖြင့် ဦးနှောက်ကို အမြဲတမ်း အလုပ်ပေးထားမယ်ဆိုရင် အိုင်ဒီယာအသစ်အဆန်းများ အလိုလိုထွက်ပေါ်လာမှာဖြစ်ပါတယ်။

လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း

အောင်မြင် စွန့်ဦးတီထွင် ဝိသေသ လက္ခဏာများ

မိမိရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်သည် ကိုယ့်ရဲ့ လုပ်ငန်းအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကိုယ့်မှာ အပေါင်းအသင်းများများ ရှိမှသာ ကိုယ့်ရဲ့ လုပ်ငန်း၊ ကိုယ့်ရဲ့ထုတ်ကနု်များကို ရောင်းချနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါင်းသင်းဆက်ဆံရေးပိုင်းကိုလည်း အားဖြည့်ဖို့လိုအပ်ပါတယ်။ အောင်မြင်တဲ့သူတွေမှာတော့ ဒီစကေးက ရှိပြီးသားဖြစ်ပါတယ်။ သင့်ဆီမှာ မရှိသေးဘူးဆိုရင်လည်း စိတ်အားမငယ်ပါနဲ့။ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် လုပ်ယူနိုင်ပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း

အောင်မြင် စွန့်ဦးတီထွင် ဝိသေသ လက္ခဏာများ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိရင်တောင် ယုံကြည်ချက်ရှိချင်ယောင်ဆောင်တတ်တာကတော့ အောင်မြင်သူတွေပဲဖြစ်ပါတယ်။ သူတို့သည် အစောပိုင်းမှာတော့ ယုံကြည်ချက်ရှိချင်သယောင် ဆောင်တတ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ဟန်ဆောင်မှုသည် အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားကာ အမှန်တကယ်ပင် ယုံကြည်မှုရှိလာကြတာဖြစ်ပါတယ်။

စွန့်စားလိုစိတ်ရှိခြင်း

အောင်မြင် စွန့်ဦးတီထွင် ဝိသေသ လက္ခဏာများ

နာမည်ကိုက စွန့်ဦးတီထွင်သူ ဖြစ်ပါတယ်။ သူများနဲ့ မတူအောင် အရင်ဦးဆုံး တီထွင်ရတာဖြစ်တဲ့အတွက်ကြောင့် သင့်ရဲ့လုပ်ငန်းက ရာနှုန်း ပြည့်အောင်မြင်နိုင်မလားဆိုတာကို ဘယ်သူမှ အာမ မခံပါဘူး။ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူများအားလုံး ဒီလိုပဲ စွန့်စားလုပ်ဆောင်ကြတာပါ။ တဖြည်းဖြည်းနဲ့ လူတွေ လက်ခံလာကြပြီး အောင်မြင်လာတာဖြစ်ပါတယ်။ သင်သည်လည်း အောင်မြင်တဲ့ စွန့်ဦးတီထွင်သူများအတိုင်း အောင်မြင်ချင်တယ်ဆိုရင်တော့ စွန့်စားလိုစိတ်ရှိရပါတယ်။

Source: Blog.hubspot.com

Featured Image: Coverwallet