ကွီးတို့ ဘဝမှာ အောင်မြင် ချင်တယ်ဆိုရင်တော့ တွေ့ကရာ လူတွေနဲ့ အပေါင်းအသင်း လုပ်လို့ မရပါဘူး။ ကိုယ် ပေါင်းသင်းမယ့် လူတွေကို အမျှော်အမြင်ကြီးစွာနဲ့ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ ရှေ့ဆက် လျှောက်လှမ်းတဲ့ ဘဝ ခရီးလမ်းမှာ ဒီ့ထက် ပိုအဆင်ပြေချောမွေ့ပြီး ပိုမို အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ကွီးတို့အချိန်ရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို ကွီးတို့ထက် အဆင့်နိမ့်တဲ့ သူတွေနဲ့ အချိန်ကုန်ဆုံးပါ

အောင်မြင် အပေါင်းအသင်း

ကွီးတို့ထက် ပညာအရည်အချင်းနဲ့ပဲ ပတ်သက်ပြီးတော့ ဖြစ်စေ အလုပ်အကိုင် ရာထူးနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ့်ထက် တစ်ဆင့်နိမ့်တဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် သူတို့ရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ ဘဝအပေါ် ရှုမြင်တဲ့ ရှုထောင့်တွေကို မြင်တတ်လာမှာဖြစ်ပြီး သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ အကြံဥာဏ်တွေကို ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့သည် သူတို့အတွက် စံနမူနာ ယူထိုက်တဲ့ စံပြ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရမှာဖြစ်ပါတယ်။ သူတို့ကို ကူညီခြင်းအားဖြင့် ကွီးတို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုမို တိုးတက်လာမှာပဲဖြစ်ပါတယ်။

ကွီးတို့ အချိန်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို ကွီးတို့နဲ့ Level တူတဲ့သူတွေနဲ့ ကုန်ဆုံးပါ

အောင်မြင် အပေါင်းအသင်း

ဒီဒုတိယအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ကွီးတို့ရဲ့ အသိပညာများ၊ သတင်းအချက်အလက်များ နောက်ကောက် မကျရလေအောင် ကွီးတို့ရဲ့ လယ်ဗယ်တူသူများနဲ့ အချိန်များများ ကုန်ဆုံးဖို့ လိုအပ်ပါတယ်။ ကွီးတို့ အချိန်ရဲ့ ထက်ဝက်လောက်ကို သူတို့နဲ့အတူတူ ကုန်ဆုံးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့သည် နောက်ကောက်ကျ မကျန်ခဲ့မှာပါ။

ကွီးတို့ရဲ့ ကျန်ရှိတဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို ကွီးတို့ထက် ၁၅ နှစ် (သို့) အနှစ် ၂၀ ခန့် အသက် ပိုကြီးသူများနဲ့ အချိန်ကုန်ဆုံးပါ

man and his grandpa

ကွီးတို့ထက် ၁၅ နှစ်၊ ၂၀ နှစ် ပိုကြီးတဲ့ လူတွေဆီမှာ ကွီးတို့ ပြန်လည် သင်ယူနိုင်တဲ့ ဘဝအတွေ့အကြုံများ ဒုနဲ့ ဒေးပါပဲ။ ကွီးတို့ အချိန်ရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို သူတို့နဲ့အတူတူ အချိန် ကုန်ဆုံးခြင်းအားဖြင့် ကွီးတို့အတွက် ဘဝ အတွေ့အကြုံသစ်များ၊ အသစ်သော သင်ယူစရာများကို လေ့လာဆည်းပူးနိုင်မှာဖြစ်ပြီး ထိုအတွေ့အကြုံများ၊ ဗဟုသုတ အသစ်များက ကွီးတို့အတွက် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးတည့်လာမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကွီးတို့ အချိန်ရဲ့ စက္ကန့် အပိုင်း အခြားတွေကို တန်ဖိုးရှိအောင် ဘယ်လို အသုံးချလေ့ ရှိပါသလဲ။ ကွီးတို့ ဘဝ မှာ အောင်မြင် ဖို့အတွက် ဘယ်လို လူမျိုးတွေနဲ့ အပေါင်းအသင်း လုပ်နေပါသလဲ။

Source: Aurosign.com

Featured Image: Aurosign