အောင်မြင် မှုမှာ အ ချိန် အကန့်အသတ် မရှိဘူးဆိုတာကို ကွီးတို့ ဘယ်လို ထင်မြင်ယူဆပါသလဲ။​ ဒါဆိုရင် လုပ်စရာရှိတာ မလုပ်ဘဲနဲ့ အချိန်ဆွဲနေမယ်ဆိုရင်ရော အောင်မြင်နိုင်သေးတာလား။

တကယ်တော့ အောင်မြင် ဖို့အတွက် အ ချိန် အကန့်အသတ် မရှိဘူးဆိုတာထက် အသက် အရွယ် အပိုင်းအခြား ကန့်သတ်ထားတာမရှိဘူးဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ ကွီးတို့ အသက်အရွယ်က ဘယ်အရွယ်ပဲဖြစ်နေပါစေ အသစ်သော အရာတွေကို စတင်ဖို့ မနောက်ကျသေးပါဘူး။ ဘဝဆိုတဲ့ စာအုပ်ကြီးထဲမှာ အခန်းငယ်လေးတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ ငါက အသက်ကြီးနေပြီ၊ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူးလေ၊ အောင်မြင်မှာ မဟုတ်ပါဘူးလေ ဆိုတာကို စောစီးစွာ ကောက်ချက် မချမိဖို့ လိုအပ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်သူတွေလည်း ရှိသလို အသက်အရွယ် တစ်ခုရလာမှ အောင်မြင်လာတဲ့သူတွေလည်း ရှိပါတယ်။

Zoom တီထွင်သူ Eric Yuan

Zoom တီထွင်သူ Eric Yuan

Eric Yuan သည် အသက် ၄၁ နှစ်အရွယ်မှသာ Zoom ကို တီထောင်ပြီး သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာတာပါ။ သူသည် ၂၀၁၁ ခုနှစ်မှာ Cisco Systems ရဲ့ Vice President of Engineering ဆိုတဲ့ ရာထူးကနေ နှုတ်ထွက်ခဲ့ပြီး Zoom Video ကို တည်ထောင်ဖို့အတွက် ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၉ ခုနှစ်မှာ Zoom က ကမ္ဘာအနှံ့ ကျော်ကြားသွားပြီး Eric Yuan တစ်ယောက် သန်းကြွယ်သူဌေး ဖြစ်လာပါတော့တယ်။ သူ့ရဲ့ ကျော်ကြားမှုနဲ့ ချမ်းသာ ကြွယ်ဝမှုက ကိုဗစ်ကာလအတွင်းမှာ တဟုန်ထိုး တိုးတက်လာတာပဲဖြစ်ပါတယ်။ ကျောင်းများ၊ တက္ကသိုလ်များ၊ လုပ်ငန်းခွင်များသည် Zoom ကို မဖြစ်မနေ အားထားလာခဲ့ရတာပဲဖြစ်ပါတယ်။

Roblox ကို တီထွင်ခဲ့သူ David Baszucki

အောင်မြင် အ ချိန်

Roblox ကို ကွီးတို့ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ထိုဂိမ်းကို David Baszucki ဆိုသူက သူ့အသက် ၄၁ နှစ်အရွယ်မှာ သူ့ရဲ့ တွဲဖက် ပါတနာ Erik Cassel နဲ့ လက်တွဲကာ တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ တီထွင်ပြီး နှစ်နှစ်ကြာတဲ့အခါမှာတော့ ထိုအရာက နာမည်ကြီး လူကြိုက်များလာတာပဲဖြစ်ပါတယ်။

MCU က ကာတွန်းဇာတ်ကောင်တွေကို တီထွင်ခဲ့သူ Stan Lee

အောင်မြင် အ ချိန်

The Fantastic Four ဆိုတဲ့ ကာတွန်းသည် Stan Lee အသက် ၃၉ နှစ်တိတိ ပြည့်တဲ့ နှစ်မှာ တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ စပိုက်ဒါမန်းတို့ X-Men တို့ စသည်ဖြင့် ဇာတ်ကောင်အများအပြား ဖန်တီးခဲ့တာဖြစ်ပြီး နာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဇာတ်ကောင်တွေ အများကြီးကို ဖန်တီးလာခဲ့ရာမှ တဖြည်းဖြည်း လူကြိုက်များလာတာပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ၂၀၁၈ ခုနှစ်၊ သူ့အသက် ၉၅ နှစ်မှာ ကြွေလွှင့်သွားခဲ့ရခြင်းပဲဖြစ်ပါတယ်။

အရွယ်တစ်ခု ရလာမှ အောင်မြင်လာခဲ့သူတွေကို ဆက်ပြောပြနေရင် တစ်ထောင့်တစ်ည ပုံပြင်လို့ ပြီးနိုင်မှာတောင် မဟုတ်ပါဘူး။ တကယ်လို့ သူတို့တွေသာ အသက်ကြီးလာလို့ဆိုပြီး လက်လျော့လိုက်မယ်ဆိုရင် Zoom တို့ Roblox တို့ MCU တို့ ဆိုတာကို တွေ့မြင်နိုင်မှာတောင် မဟုတ်ပါဘူး။ အဓိကကတော့ ကွီးတို့ လမ်းတစ်ဝက်မှာ လက်မလျော့ဘဲ သေချာ လုပ်ဆောင်ဖို့ပါပဲ။ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြိုးစားလိုက်မယ်ဆိုရင် အောင်မြင်မှုက ကွီးတို့အတွက်ပါပဲ။

ကွီးတို့ရော အသက်အရွယ်ကြောင့် အောင်မြင်မှုကို လက်လျော့လိုက်တော့မှာလား။

Source: Businessinsider

Featured Image: Linkedin