စိတ်ရောလူပါ အေးချမ်းချင်တယ် ဆိုရင်တော့ ရည်းစား ထားဖို့ထက် တစ်ကိုယ်ရည်သုံး Portable Air Coolers လေးတွေ ဝယ်လိုက်တာက ပိုအဆင်ပြေမယ်လို့ အကြံပြုပါရစေ။ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ Portable Air Coolers တွေက ရာသီဥတု ပူလို့ ၊ မီးပျက်လို့ ချွေးတလုံးလုံးနဲ့ နေမထိထိုင်မသာ ဖြစ်နေရတာ ၊ ညဘက်တွေ အိပ်ပျော်ဖို့ ခက်ခဲနေတာ စတဲ့ ပြဿနာတွေကို ဖြေရှင်းပေးပြီး အေးမြမှုအပြည့်ပေးနိုင်မှာပါ။ အသေးစား Portable Air Coolers လေးတွေ ဝယ်မယ်ဆိုရင်တော့ အခုပြောပြမယ့် ကောင်လေးတွေ အဆင်ပြေပါတယ်။

(၁) Evapolar evaCHILL Portable Air Cooler

 Evapolar evaCHILL Portable Air Cooler
Photo : Homecrux

Evapolar အမှတ်တံဆိပ် evaCHILL Portable Air Cooler ကတော့ အေးမြတဲ့ ရေငွေ့ပေးစနစ်သုံး နည်းပညာကို အသုံးပြုထားတဲ့အတွက် မအေးမှာတော့ လုံးဝစိတ်မပူပါနဲ့။ သယ်ဆောင်ရလွယ်ကူတဲ့ ပေါ့ပါးကျစ်လစ်တဲ့ဒီဇိုင်း ၊ USB ချိတ်ဆက်မှု ၊ အသံဆူညံမှု လျော့ချပေးထားတဲ့ နည်းပညာတွေနဲ့ လေထုကို သန့်စင်ပေးပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ လျော့ချပေးထားတဲ့ စနစ်တွေ ပါပါတယ်။ ကားထဲ ၊ အိပ်ခန်းထဲအပြင် ခရီးသွားချိန်တွေမှာပါ ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ အဆင်ပြေပါတယ်။

(၂) MOHITAM Portable Mini Cooler

MOHITAM Portable Mini Cooler

Photo : Hindustan Times

အိပ်ခန်း ၊ ရုံးခန်းတို့လို Personal Spaces နေရာလေးတွေအတွက် အအေးဓာတ်ကောင်းကောင်း ပေးနိုင်တာမျိုး ရှိနေရင်တော့ MOHITAM အမှတ်တံဆိပ် အိတ်ဆောင်အသေးစား Portable Mini Cooler ရှိပါတယ်။ လေထွက်အားနဲ့ အအေးဓာတ်ကို ချိန်ညှိနိုင်တဲ့ Modes တွေပါဝင်ပြီး ဒီဇိုင်းနဲ့ ဝိတ်အလေးချိန်ကလည်း တော်တော်လေး ပေါ့ပါးကျစ်လစ်မှု ရှိပါတယ်။ အိပ်စက်ခြင်းကို မြှင့်တင်ပေးနိုင်တဲ့ LED မီးတွေ ပါဝင်တဲ့အတွက် ညဘက်အေးအေးချမ်းချမ်းနဲ့ ကောင်းမွန်စွာ အိပ်စက်အနားယူချင်ရင်တော့ MOHITAM Portable Mini Cooler လေးတစ်လုံးတော့ ဝယ်ထားသင့်ပါတယ်။

(၃) Axune Portable AC Mini Cooler

 Axune Portable AC Mini Cooler

Photo : Roziyo

Air Conditioner (လေအေးပေးစက်) တစ်လုံးလို အေးမြမှုပေးနိုင်တဲ့ အကောင်သေးသေး အဆိပ်ပြင်းပြင်း Portable Air Cooler လိုချင်ရင်တော့ Axune Portable AC Mini Cooler ကို ရွေးချယ်နိုင်ပါတယ်။ အရွယ်အစားသေးပြီး ကျစ်လစ်မှုရှိတဲ့အတွက် နေရာသိပ်မယူပဲသလို ပေါ့ပေါ့ပါးပါးနဲ့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ အဆင်ပြေပါတယ်။ လေထွက်အားကို စိတ်ကြိုက်အတင်အချ ထိန်းညှိနိုင်ပြီး ပုံမှန် ပန်ကာ ၊ လေအေးပေးစက်နဲ့ Humidifier အဖြစ် 3-in-1 အသုံးပြုနိုင်မှာ ဖြစ်ပြီး ရေထည့်လို့ရတဲ့ Water Tank ခပ်ကျယ်ကျယ်နဲ့ LED Lights တွေလည်း ပါဝင်ပါတယ်။

Source : The Economic Times

Featured Photo : Home & Decor Singapore