ရာသီဥတု ပူတဲ့ရက်တွေမှာ အိပ်မရလို့ ကြောင်ပျောက်နေတဲ့ ကွီးတို့အတွက် ငွေသိန်းချီသုံးစရာမလိုပဲ အေးမြစေမယ့် DIY Portable အဲကွန်း အသေးစား တစ်လုံး ကိုယ်တိုင်ဖန်တီးနိုင်မယ့် နည်းလမ်းလေး မျှဝေပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး ငွေကုန်ကြေးကျနည်းနည်းနဲ့ ကွီးတို့ ကိုယ်တိုင် လက်ဖြစ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်ပါ။

DIY Portable အဲကွန်း တစ်လုံး ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းများ

DIY Portable AC
Photo : DIY Joy

  • အဖုံးပါတဲ့ ကော်ရေပုံးကြီး ၁ လုံး
  • ဖောက်စက် ၁ လုံး
  • အားပြန်သွင်းနိုင်တဲ့ အသေးစား Rechargeable USB ပန်ကာ ၁ လုံး
  • PVC ပိုက်
  • တိတ်
  • ရေခဲ

စတဲ့ ပစ္စည်းတွေ လိုပါတယ်။

DIY Portable အဲကွန်းတပ်ဆင်နည်း အဆင့်ဆင့်

Source : CNET

Step 1 – ကော်ရေပုံး ဘေးပတ်ပတ်လည်မှာ PVC ပိုက်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် လေထွက်ပေါက် ၃ ပေါက် ဖောက်ပေးပါ။

Step 2 – PVC ပိုက်ကို ၈ လက်မအရွယ် အပိုင်း ၃ ပိုင်း ဖြတ်တောက်ပြီး လေထွက်ပေါက် ဖောက်ထားတဲ့ အပေါက်တွေမှာ လိုက်လံတပ်ဆင်ပေးပါ။ လေလုံစေဖို့ ပိုက်ရဲ့ဘေးပတ်ပတ်လည်ကနေ တိတ်နဲ့ သေချာလေး ကပ်ပေးပါ။

Step 3 – ကော်ရေပုံးရဲ့ အဖုံးမှာ ပန်ကာ တပ်ဆင်အသုံးပြုဖို့အတွက် အပေါက်တစ်ခု ထပ်မံဖောက်ပေးပါ။ ပန်ကာရဲ့ အရှေ့မျက်နှာပြင်မှာ ကော်ပုံးရဲ့အတွင်းပိုင်းကို ဦးတည်တပ်ဆင်ရမှာ ဖြစ်ပါတယ်။

Step 4 – နောက်ဆုံး အဆင့်အနေနဲ့ကတော့ ရေပုံးထဲကို ရေခဲအနည်းငယ် ထည့်သွင်းပြီး အဖုံးကို လုံအောင်ပြန်ပိတ်ကာ ပန်ကာဖွင့်ပြီး စတင် အသုံးပြုနိုင်ပါပြီ။

ရေခဲတုံးကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေအေးတွေက အဲကွန်း တစ်လုံးလောက် မအေးနိုင်ပေမယ့်လည်း အပူဒဏ်ကို သိသိသာသာ လျော့ချပြီး အခန်းပတ်ဝန်းကျင်ကို အေးမြစေမှာ ဖြစ်ပါတယ်။ ပန်ကာကို အားပြန်သွင်းပေးရတာ ၊ ရေခဲကုန်ရင် ထပ်ဖြည့်ပေးရတာတွေ လုပ်ပေးရမှာ ဖြစ်ပေမယ့် ပုံမှန် AC တစ်လုံးနဲ့ ယှဉ်ရင်တော့ မီတာခမကုန် ၊ ငွေသိန်းချီမပေးရပဲ အေးမြစေမှာ ဖြစ်ပါတယ်။

ကဲဒါဆို လွယ်ကူရိုးရှင်းပြီး ငွေအကုန်အကျ သက်သက်သာသာနဲ့ရမယ့် လက်ဖြစ် Portable အဲကွန်း တစ်လုံး ကွီးတို့ ဖန်တီးကြည့်လိုက်ပါဦး။

Source : DIY Joy

Featured Photo : DIY Joy