အွန်လိုင်းလုံခြုံမှုတွေသည် နည်းပညာတိုးတက်လာသည်နှင့်အမျှ လုံခြုံမှု ပိုမိုတင်းကြပ်ထားသင့်ကြောင်း အွန်လိုင်း တိုက်ခိုက် သူများက သက်သေပြနေပါတယ်။ အွန်လိုင်းပေါ်ရှိ လုံခြုံမှုများကို ချိုးဖောက်ကာ လူတစ်ယောက်ချင်းစီသော် လည်းကောင်း၊ ကုမ္ပဏီများကိုသော် လည်းကောင်း၊ အစိုးရ အဖွဲ့အစည်းများကိုသော် လည်းကောင်း ပစ်မှတ်ထားလျက်ရှိပါတယ်။ မသမာသူများရဲ့ နည်းလမ်းများကတော့ လူမရွေးပါဘူး။

လတ်တလောမှာတော့ အဖြစ်များနေတဲ့ အွန်လိုင်းပေါ်ရှိ ဆိုက်ဘာ တိုက်ခိုက်မှုများကတော့ အခုဖော်ပြပေးမယ့် အရာများပဲဖြစ်ပါတယ်။

ဆော့ဖ်ဝဲ အသုံးပြုကာ တိုက်ခိုက်မှုများ

ဆော့ဖ်ဝဲ အသုံးပြုကာ တိုက်ခိုက်မှုများ

သူ့ကိုတော့ Ransomware Attacks လို့ ခေါ်ပါတယ်။ မသမာသူများသည် ဆော့ဖ်ဝဲတစ်ခုကို ဖန်တီးပါလိမ့်မယ်။ ကွီးတို့က မတော်လို့ ထိုဆော့ဖ်ဝဲကို အသုံးပြုမိမယ်ဆိုရင်တော့ ကွီးတို့ ကွန်ပျူတာပေါ်က အချက်အလက်တွဗ အားလုံးကို ကွီးတို့ အသုံးပြုလို့ မရအောင် သူတို့က ပိတ်ပင်ထားမှာပဲဖြစ်ပါတယ်။ သူတို့ လိုချင်တဲ့ ငွေအမောင့် ပမာဏတစ်ခုကို မပေးမချင်း ကွီးတို့ရဲ့ ဒေတာများကို ဓားစာခံများသဖွယ် ထိန်းချုပ်ထားမှာပဲဖြစ်ပါတယ်။

သူ့ကို ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ ကွီးတို့ရဲ့ ဒေတာတွေကို Backup အရံအနေနဲ့ သိမ်းထားဖို့ပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဒေတာများ အားလုံးကို အွန်လိုင်းပေါ်မှာ သိမ်းထားမယ့်အစား Offline လည်း သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် မသမာသူတွေ ပြုသမျှ အနုမခံရမှာပါ။

AI နဲ့ မျက်နှာ ပြောင်းလဲကာ ပြုလုပ်သော လိမ်လည်မှုများ

အွန်လိုင်း တိုက်ခိုက်

ဒါကတော့ နည်းပညာ တိုးတက် ပြောင်းလဲလာခြင်းရဲ့ ဆိုးကျိုးတစ်ခုပါပဲ။ မသမာသူတွေက နည်းပညာ တိုးတက်လာတာကို အခွင့်ကောင်း ယူပြီး ကွီးတို့ရဲ့ မျက်နှာပုံစံနဲ့ အသံတို့ကို တုပကာ ကွီးတို့ရဲ့ ID ကို ခိုးယူခြင်းများ (သို့) ကွီးတို့ ရင်းနှီးသူများထံမှ ငွေကြေး လိမ်ညာမှုများ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများကို ပြုလုပ်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ကွီးတို့ရဲ့ အရာအားလုံးကို မရှဲသင့်တာပဲဖြစ်ပါတယ်။

ကွီးတို့ ကိုယ်တိုင်ကလည်း အလိမ်မခံရအောင်၊ ကွီးတို့ သူငယ်ချင်း မိတ်ဆွေတွေလည်း အလိမ်မခံရအောင် ဘယ်လိုလုပ်ရမလဲ။

အကောင်းဆုံးနည်းကတော့ ကိုယ် ရင်းနှီးကျွမ်းဝင်တဲ့သူက အပြုအမူတွေ ပြောင်းလဲလာပြီးတော့ ငွေကြေး ချေးယူခြင်းတွေ၊ ပုံမှန်မဟုတ်တဲ့ နေရာတွေကို လာရောက်ဖို့ ချိန်းဆိုမှုတွေ ပြုလုပ်လာတဲ့အခါ သေချာအောင် အတည်ပြုဖို့ လိုအပ်ပါတယ်။ သူနဲ့ ကိုယ်နဲ့ပဲ သိတဲ့ အရာတစ်ခုခုကို အသုံးပြုပြီး စကားနှိုက်တာမျိုးတွေ ပြုလုပ်ကာ စစ်ဆေးသင့်ပါတယ်။

အိမ်တွင်းသုံး စမတ်ပစ္စည်းများကို အသုံးပြုသော အွန်လိုင်း တိုက်ခိုက် မှုများ

အွန်လိုင်း တိုက်ခိုက်

ကွီးတို့ အသုံးပြုတဲ့ အိမ်တွင်းသုံး စမတ်ပစ္စည်းများသည်လည်း လုံခြုံရေးပိုင်းက အဆင့်မြင့်ကာ ကောင်းမွန်နေတာ မဟုတ်ပါဘူး။ မသမာသူတွေက အဆင့်မြင့် နည်းပညာကို အသုံးပြုပြီး ကွီးတို့ရဲ့ ကိုယ်ပိုင် ဒေတာများ၊ ကွီးတို့ရဲ့ အသိတွေရဲ့ ဒေတာများကို ခိုးယူကာ ရာဇဝတ်မှုများ ကျူးလွန်မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အကောင်းဆုံးကတော့ ဈေးသက်သာတာတွေ ဝယ်ယူမယ့်အစား လုံခြုံရေးပိုင်းကို ဦးစားပေးတဲ့ အရာများကို ဝယ်ယူသင့်ပါတယ်။ ဒါ့အပြင် Password တွေ ထားမယ်ဆိုရင်လည်း ဆိုင်မှာ ဝယ်စတုန်းက သုံးထားတဲ့ Password အစား ကိုယ် တစ်ယောက်တည်းပဲ သိတဲ့ Password မျိုးကို ပြောင်းလဲ အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရော ဆိုက်ဘာ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံဥာဏ်များ ပေးချင်ပါသလဲ။

Source: Aurosign.com

Featured Image: Senlainc