ကားချစ်သူတစ်ယောက်အနေနဲ့ မိုးရာသီမှာ ကိုယ့်ရဲ့ ကားကို သက်သောင့်သက်သာနဲ့ မောင်းနှင်စီးနင်းရလွယ်ကူစေမယ့် ဇိမ်ခံကား တစ်စီးအဖြစ် အဆင့်မြင့်ချင်ပါသလား။ ကားချစ်သူ ကွီးတို့အတွက် မိုးရာသီအပြင် နွေ၊ မိုးဆောင်း ဥတုသုံးပါး မရွေး စီးနင်းနိုင်မယ့် ဇိမ်ခံကား လေးတွေအကြောင်း ဝေမျှပေးချင်ပါတယ်။

ဒီဇိုင်းအမိုက်စား ကားမျိုးကိုမှ ကြိုက်နှစ်သက်ပြီး ဥတုသုံးပါး မရွေး မောင်းရအလွယ်ဆုံးဖြစ်မယ့် ဇိမ်ခံကား မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို လေ့လာနိုင်ပါတယ်။

McLaren Artura

car

စွမ်းဆောင်မှု အပြည့်အဝပေးနိုင်ပြီး ဒီဇိုင်းအမိုက်စားနဲ့ ထုတ်လုပ်ထားတဲ့ ဒီကားလေးကတော့ နှစ်ယောက်ထိုင်ခုံဖြင့် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး သူ့ရဲ့အမြန်နှုန်းကလည်း အံ့မခန်းလောက်အောင်ပါပဲ။ ယခုနှစ်အတွင်းမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး စတင်မှာယူချင်သူများအနေနဲ့ ဒေါ်လာ ၂၃၇၅၀၀ ဖြင့် မှာယူနိုင်မှာဖြစ်ပါတယ်။

Audi RS3

car

နောက်ဆုံးပေါ် ကားဒီဇိုင်းလေးကိုမှ ခုံမင်တယ် ဆိုသူများအတွက် ဒီတစ်ခါမှာတော့ Audi RS3 လေး အသစ်ထွက်ရှိလို့ထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၆၃၀၇၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

BMW iX

car

မိုးရာသီ အတွက်သာမက ဥတုသုံးပါး မရွေး အကြမ်းခံတဲ့ ဇိမ်ခံကား မျိုးကိုမှ နှစ်သက်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမယ့် နောက်ထပ်ကားတစ်စီးရှိပါသေးတယ်။ ထိုအမျိုးအစားကတော့ BMW iX မော်ဒယ်ပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၂၃၀၀ ကိုမှ Destination Charge အဖြစ် ဒေါ်လာ ၉၉၅ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။

Porsche 718 Cayman GT4 RS

ဥတုသုံးပါး ဇိမ်ခံကား

ဒီဇိုင်းအမိုက်စား မော်ဒယ်လေးဖြစ်ပြီး ဈေးနှုန်းကတော့ ၁၀၈၃၇၀ ပေါင် ပေးဝယ်ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနှင့် လူငယ်ဆန်တဲ့ ကားအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

Mercedes-AMG EQS 53 4Matic

ဥတုသုံးပါး ဇိမ်ခံကား

လျှပ်စစ်ကားလေးကိုမှ နှစ်သက်တယ်ဆိုတဲ့ ကွီးတို့ကတော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ ဘက်ထရီအပြည့်ရှိတယ်ဆိုရင် ၅၀၀ ကီလိုမီတာလောက်ကတော့ အသာလေး မောင်းလို့ရပါတယ်။ ဒီကားအမျိုးအစားကိုတော့ ယခုနှစ်ကုန်ပိုင်းကျမှ ဝယ်ယူလို့ရနိုင်မှာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီနှစ်မိုးတွင်း မမှီလည်း နောက်နှစ်မိုးတွင်းအတွင်း Plan ချထားလို့ရတာပေါ့။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၇၅၀၀ ကနေ အစပြုမယ်လို့ ခန့်မှန်းထားကြပါတယ်။

Maserati MC20

ဥတုသုံးပါး ဇိမ်ခံကား

ခရီးသည် နှစ်ယောက်ထိုင် ကားအမျိုးအစားဖြစ်ပြီး ကားတံခါးကိုလည်း ပြိုင်ကားတို့ရဲ့ထုံးစံအတိုင်း ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ခန့်မှန်းထွက်ရှိချိန်ကတော့ စက်တင်ဘာလထဲမှာဖြစ်ပါတယ်။ ကွီးတို့အားလုံး စောင့်မျှော်ရကျိုးနပ်မယ့် ကားတစ်ခုပဲဖြစ်ပါတယ်။

BMW M440i

ဥတုသုံးပါး ဇိမ်ခံကား

ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ ကားအမျိုးအစားဖြစ်ပြီး စီးရီး ၃ ကနေ စီးရီး 4 ကို အဆင့်မြှင့်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၄၀၄၆၅ ပေါင် ကုန်ကျမှာဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ အမိုက်စား ကားဒီဇိုင်းလေးတွေကို ကားချစ်သူကွီးတို့အားလုံးလည်း နှစ်သက်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Prestigeonline

Featured Image: Guideautoweb