ဥရောပ နိုင်ငံများထဲတွင် ခရီးသွား လို့ကောင်းပြီး သာယာလှပတဲ့ နိုင်ငံတွေ အများအပြားပဲ ရှိပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်နိုင်ငံတွင်းမှာ ခရီးသွားတာ တော်တော်လေးကို စုံနေပြီဆိုရင်တော့ ဥရောပ နိုင်ငံ များသည် ခရီးသွား ဖို့ အဆင်အပြေဆုံးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံမဟုတ်ဘဲ ဥရောပ နိုင်ငံများဆီသို့ ခရီးသွား ရတာဖြစ်တဲ့အတွက်ကြောင့် သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်တို့ကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ သူများယဉ်ကျေးမှုကို လိုက်နာရမှာဖြစ်သလို ဆောင်ရန် ရှောင်ရန်အချို့ကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စွာ ခရီးသွားလာနိုင်မှာပါ။

ပိုက်ဆံအိတ် တကိုင်ကိုင်နဲ့ သွားလာမနေပါနဲ့

wallet

Photo: Freepik

ဥရောပနိုင်ငံအချို့သည် ခါးပိုက်နှိုက်အန္တရာယ်တော်တော်များပါတယ်။ ပိုက်ဆံအိတ်များ၊ မိမိရဲ့လက်ကိုင်ဖုန်းများ၊ အရေးကြီးသောအရာများကို ခါးပိုက်နှိုက်များ သဘောကျအောင် ဟန်တပြပြနဲ့ ထုတ်ကြွားမနေပါနဲ့။ မိမိရဲ့ပစ္စည်းများကို သိုသိုသိပ်သိပ်နှင့် သိမ်းထားကာ သွားလာသင့်ပါတယ်။

အဖိုးတန်ပစ္စည်းများကို လူမြင်ကွင်းမှာ မဖွင့်ထားခဲ့ပါနဲ့

laptop in a cafe

Photo: Beta News

ကော်ဖီဆိုင်မှာ ထိုင်နေတုန်း မိမိရဲ့လက်ပ်တော့ကြီးကို ဖွင့်ပြီး သုံးနေတာမျိုး၊ ပတ်စ်ပို့များ ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို စားပွဲပေါ်မှာ တင်ထားရင်း ကော်ဖီ သွားမှာနေတာမျိုး အစရှိတဲ့အလေ့အကျင့်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ မတော်လို့ လက်သွက်တဲ့ ခါးပိုက်နှိုက်က သင့်အိတ်နှင့် အခြားသော အဖိုးတန်ပစ္စည်းများကို အလစ်သုတ်သွားတဲ့အခါ သင် ဘယ်ကို လိုက်ရှာလို့ လိုက်ရှာရမှန်းမသိ ဖြစ်သွားပါလိမ့်မယ်။

ဒေသခံများကဲ့သို့ ဝတ်စားသွားလာပါ

ဥရောပ ခရီးသွား

ခရီးသွားလာတဲ့အခါ လူအများရဲ့ အာရုံစိုက်ခြင်းကို မခံရဘဲ သိုသိုသိပ်သိပ် သွားလာခြင်းသည် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိရဲ့ဖက်ရှင်သည် ကမ္ဘာလှည့် ခရီးသွားတစ်ယောက်ရဲ့ဖက်ရှင်မျိုး မဖြစ်ရဘဲ ဒေသခံများရဲ့ ဖက်ရှင်နဲ့ ဆင်တူအောင် ဝတ်စားသွားလာသင့်ပါတယ်။

ကိုယ် သွားမယ့်နေရာကို မသွားခင်ကတည်းက လေ့လာသွားပါ

ဥရောပ ခရီးသွား

ဘယ်ဟိုတယ်မှာ တည်းသင့်သလဲ။ ဘယ်နေရာတွေက ခရီးသွားလာလို့ကောင်းသလဲဆိုတာကို ခရီးထွက်ဖို့ စီစဉ်နေတဲ့အချိန်မှာ ကြိုတင်စီစဉ်ကာ စဉ်းစားထားရမှာဖြစ်ပါတယ်။ ကိုယ်က ဟိုတယ်ပေါ်ရောက်မှ ဟိုတယ်ရဲ့ ဝန်ဆောင်မှုမကောင်းလို့ စိတ်ညစ်ရတဲ့အခါမှာ ကိုယ့်ရဲ့ခရီးစဉ်တစ်လျှောက်လုံးသည် ပျော်ရွှင်စရာကောင်းမှာ မဟုတ်တော့ပါဘူး။

လူစုမကွဲပါစေနဲ့

ဥရောပ ခရီးသွား

ကိုယ့်ရဲ့ဘော်ဒါတွေနဲ့ အတူတူသွားလာတာဖြစ်တဲ့အတွက်ကြောင့် လူစုမကွဲဖို့ကိုလည်း အထူးသတိပြုသင့်ပါတယ်။ နို့မဟုတ်ရင် ခရီးသွားနေရတာသည် လူပြန်စုရ၊ လူပြန်ရှာရတာနဲ့တင် အလုပ်ပိုပါလိမ့်မယ်။ အထူးသဖြင့် လူ ထူထပ်တဲ့နေရာတွေကို သွားလာတဲ့အခါ ဂရုစိုက်သင့်ပါတယ်။

ဒီအချက်လေးတွေကို သိထားပြီဆိုရင်တော့ ကွီးတို့လည်း ဥရောပတစ်ခွင်မှာ ခရီးသွားလာရတာ ပျော်ရွှင်စရာကောင်းနေမှာပဲဖြစ်ပါတယ်။

Source: Charmeadventure

Featured Image: Thetravel