ဥရောပ တစ်ခွင် ခြေရာ ဖြန့်ကျက်ရင်း အမှတ်တရကောင်းတွေ ဖန်တီးချင်ပါသလား။ ဥရောပတစ်ခွင်မှာ လည်ပတ်စရာကောင်းတဲ့ နာမည်ကြီး နေရာဒေသတွေကလည်း အများအပြားပါပဲ။ ဥရောပမှာ တစ်ယောက်တည်း တစ်ပတ်လောက် ခရီးသွားမယ်ဆိုရင် ဒေါ်လာ ၁၄၀၀ ကျော် ကုန်ကျမှာပဲဖြစ်ပါတယ်။ ဒါတောင် ဘတ်ဂျက်ခရီးနဲ့သွားရမှာ ဖြစ်ပါတယ်။
ဘယ်နေရာကို လည်ပတ်ချင်သလဲ ကွီးတို့စိတ်ကြိုက် လည်ပတ်နိုင်ဖို့အတွက် ဥရောပ တစ်ခွင် ခြေရာ ဖြန့်ကျက်လို့ကောင်းတဲ့ နေရာများကို ဝေမျှပေးလိုက်ရပါတယ်။
လန်ဒန်
အင်္ဂလန်နိုင်ငံသို့ ရောက်ရှိတဲ့အခါ လန်ဒန်ကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ လန်ဒန်မြို့ရှိ အထင်ကရနေရာများကတော့ ဘက်မင်ဟမ်နန်းတော်နှင့် ဗြိတိသျှပြတိုက်တို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုကလည်း ၁၄ ဒီဂရီ ဝန်းကျင်လောက်ဆိုတော့ အအေးကြိုက်တဲ့သူတွေအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုပါပဲ။
ပဲရစ်
ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ပဲရစ်သည် ယဥ်ကျေးမှုပိုင်းနဲ့ ပတ်သက်လာရင်လည်း ခမ်းနားထည်ဝါတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဖက်ရှင်နဲ့ ပတ်သက်လာလျှင်လည်း ဖက်ရှင်မြို့တော်လို့ ခေါ်ဝေါ်ရသည်အထိ နာမည်ကြီးတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ အီဖယ်မျှော်စင်ကြီးဟာဆိုရင်ဖြင့် ကမ္ဘာ့အထင်ကရ အဆောက်အဦးတစ်ခုဖြစ်တဲ့အခါ ဗိသုကာလက်ရာမြောက်တဲ့ ဂန္တဝင်ဘုရားကျောင်းကြီးများလည်း တည်ရှိပါတယ်။
ရောမ
ရောမမြို့လို့ ပြောလိုက်တာနဲ့ Colosseum ကြီးကို မျက်စိထဲ ပြေးမြင်မိကြမှာပါ။ ထိုအဆောက်အဦးကြီးသည် ရှေးခေတ်ရောမလူမျိုးတို့ရဲ့ ဗိသုကာလက်ရာကို အခြေခံကာ ဆောက်လုပ်ထားတာဖြစ်ပြီး အေဒီ ၇၂ တုန်းက ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Pantheon ၊ St. Peter’s Basilica အစရှိတဲ့ အထင်ကရ နေရာများလည်း တည်ရှိပါတယ်။ ဥရောပဆန်တဲ့ အငွေ့အသက်ကို ဒီမြို့လေးမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဘာစီလိုနာ
စပိန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘာစီလိုနာကတော့ သူ့ရဲ့ ဗိသုကာလက်ရာများနဲ့ ဂန္တဝင်ဆန်တဲ့ အနုပညာများကြောင့် နာမည်ကြီးပါတယ်။ ရာသီဥတုကလည်း ၂၀ ဒီဂရီဆဲလ်ဆီးယပ်စ်ဝန်းကျင်မို့လို့ လည်ပတ်လို့ကောင်းတဲ့ ရာသီဥတုတစ်ခုဆိုလည်း မမှားပါဘူး။
ဗင်းနစ်
ဗင်းနစ်ကတော့ အီတလီနိုင်ငံရဲ့ အရှေ့မြောက်ဘက်ခြမ်းတွင် တည်ရှိပါတယ်။ ကျွန်းငယ်ပေါင်း ၁၀၀ ကျော်တည်ရှိတဲ့ Adriatic ပင်လယ်ပေါ်တွင် တည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်တဲ့ မြို့တစ်မြို့ဖြစ်ပြီး ခရီးသွားချစ်သူများအကြား နာမည်ကြီးပါတယ်။ ရေပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး အရသာရှိတဲ့ ဒေသအစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။
ကွီးတို့အနေနဲ့ ဥရောပ တစ်ခွင် ခြေရာ ဖြန့်ကျက်မယ်ဆိုရင်တော့ အခုဖော်ပြသွားတဲ့နေရာများကို သွားရောက်လည်ပတ်သင့်ပါတယ်။
ကွီးတို့ရော ဥရောပတစ်ခွင်မှာ ဘယ်နေရာက လည်ပတ်လို့အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။
Featured Image: Freepik