ဥရောပနိုင်ငံများသို့ ခြေရာဖြန့်ကျက်ရင်း ခရီးဆန့်ဖို့ ကြိုးစားနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ လက်လွတ်မခံသင့်တဲ့ လန် (၅) လန်ရှိပါတယ်။ ဒီနေရာတွေကတော့ ဥရောပ ရှိ နာမည်ကြီးတဲ့ လန် (၅) လန် ပဲဖြစ်ပါတယ်။

(၁) ဆွစ်ဇာလန်

switzerland

တောတောင် ထူထပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အလှအပများ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စီးပွားရေးနှင့် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်လာလျှင် ရှေးဆုံးက ပြေးနေတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံထုတ် နာရီများနှင့် ချောကလက်များကတော့ ကမ္ဘာ့အကောင်းဆုံးလို့ နာမည်ကြီးပါတယ်။ သဘာဝအလှကို ချစ်မြတ်နိုးပြီး Alps တောင်တန်းကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ချင်တယ်ဆိုရင်တော့ ဒီနိုင်ငံသို့ သွားရောက်သင့်ပါတယ်။

(၂) အင်္ဂလန်

ဥရောပ လန်

ဥရောပ မှာ ရှိတဲ့ နောက်ထပ် နာမည်ကြီး လန် တစ်လန်ကတော့ အင်္ဂလန်ပဲဖြစ်ပါတယ်။ အင်္ဂလန်ဆီသို့ ရောက်ဖြစ်တယ်ဆိုရင်တော့ ဗြိတိသျှပြတိုက်ကို မဖြစ်မနေ သွားရောက်သင့်ပါတယ်။ ပြီးတော့ လန်ဒန် တာဝါကြီးရယ် ဘက်မင်ဟန် နန်းတော်ကြီးဆီသို့လည်း သွားရောက်သင့်ပါတယ်။​ ဒါ့အပြင် London Eye ၊ Stonehenge လို့ ခေါ်တဲ့ ကျောက်တုံးကြီးများ တည်ရှိရာ နေရာသည်လည်း ကမ္ဘာလှည့် ခရီးသွားများအကြား နာမည်ကြီးပါတယ်။

(၃) စကော့တလန်

ဥရောပ လန်

စကော့တလန်းကတော့ အင်္ဂလန်နိုင်ငံရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ စကော့တလန်သို့ ရောက်ဖြစ်တယ်ဆိုရင်တော့ Edinburgh ရဲတိုက်ကြီးဆီသို့ မဖြစ်မနေ သွားရောက်သင့်ပါတယ်။ ပြီးတော့ စကော့တလန် အမျိုးသားပြတိုက်ကြီးဆီလည်း သွားရောက်သင့်ပါတယ်။ ထိုနေရာကတော့ ဝင်ကြေး ဖရီးပါ။ ဒါပေမဲ့ စောစောက ရဲတိုက်ကတော့ မြန်မာငွေ ၅ သောင်းဝန်းကျင်လောက် ဝင်ကြေးပေးရပါတယ်။ နောက်ထပ် သွားရောက်သင့်တဲ့နေရာကတော့ Holyroodhouse နန်းတော်ကြီးပဲ ဖြစ်ပါတယ်။ သူကလည်း ဝင်ကြေး ၄ သောင်းကျော်လောက် ပေးရပါလိမ့်မယ်။

(၄) နယ်သာလန်

ဥရောပ လန်

နယ်သာလန်ရဲ့ မြို့တော်ကတော့ Amsterdam ဖြစ်ပြီး ထိုမြို့တော်သည် Van Gogh ပြတိုက်၊ Rijksmuseum ပြတိုက်နှင့် ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုး အမျိုးသမီး ဒိုင်ယာရီရေးဆရာ Anne Frank ပုန်းအောင်းတဲ့ အိမ် အစရှိတဲ့ နာမည်ကြီးနေရာတွေ စုဝေးနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကြီးကျယ် ခမ်းနားလှပတဲ့ အနုပညာလက်ရာများက ကွီးတို့ကို ဆွဲဆောင်နေမှာပဲ ဖြစ်ပါတယ်။

(၅) အိုက်စ်လန်

ဥရောပ လန်

အိုက်စ်လန်ကတော့ ဘာနဲ့ နာမည်ကြီးလဲဆိုတော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရေတံခွန်ကြီးများ၊ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ရေပူစမ်းများ၊ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လှိုဏ်ဂူများ၊ ဥတ္တရအလင်းတန်းများ စသည်တို့နဲ့ နာမည်ကြီးပါတယ်။ ဘယ်နိုင်ငံမှာမှ မရဖူးတဲ့ ခံစားချက် အတွေ့အကြုံမျိုးကို ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဥရောပ ရှိ လန် (၅) လန်ထဲက ဘယ်နေရာသို့ လည်ပတ်ဖူးပြီးသွားပြီလဲ။

Source: Guidetoiceland

Featured Image: Hotelsabovepar