အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ခဏတဖြုတ် ခရီးသွားဖို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဥရောပ နိုင်ငံများဆီ ခြေချဖို့ ပြင်ဆင်နေပါသလား။ ဥရောပ နိုင်ငံများ အများအပြားရှိတဲ့အနက် အကောင်းဆုံး နိုင်ငံ တစ်ခုကို ရှာဖွေရတာကလည်း ထင်သလောက် မလွယ်ကူပါဘူး။ စီးပွားရေး၊ ရာသီဥတု အခြေအနေ အစရှိတဲ့ ဘက်ပေါင်းစုံကနေ စဥ်းစားရတာပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဥရောပ နိုင်ငံများအနက် ဘယ်နိုင်ငံမှာ ခြေချရင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေ အကြံဥာဏ်ကောင်းလေး ရယူလိုက်ပါ။

အခုဖော်ပြပေးမယ့် နိုင်ငံများကတော့ ဥရောပ နိုင်ငံများအနက် ခြေချလို့ အကောင်းဆုံး နိုင်ငံ (၅) နိုင်ငံပဲဖြစ်ပါတယ်။​

(၅) စလိုဗေးနီးယား

(၅) စလိုဗေးနီးယား

စလိုဗေးနီးယားနိုင်ငံကတော့ နံပါတ် (၅) နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဥရောပနိုင်ငံများထဲက ကျောက်မျက်ရတနာလေး တစ်ခုလို့တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အင်မတန်မှ ကောင်းမွန်ပြီး လူနေမှု အဆင့်အတန်းလည်း မြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။

(၄) အက်စ်တိုနီးယား

(၄) အက်စ်တိုနီးယား

အကောင်းဆုံး နံပါတ် (၄) နေရာမှာ ရပ်တည်နေတဲ့ နိုင်ငံကတော့ အက်စ်တိုနီးယား နိုင်ငံပဲ ဖြစ်ပါတယ်။ စိမ်းစိုမှု အရှိဆုံး နိုင်ငံများထဲတွင် ဒီနိုင်ငံကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး သဘာဝ အလှအပများနဲ့လည်း ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ အများပြည်သူသုံး သွားလာရေး ဝန်ဆောင်မှုက ဖရီးပဲဖြစ်ပါတယ်။

(၃) နယ်သာလန်

ဥရောပ အကောင်းဆုံး

နယ်သာလန် နိုင်ငံကတော့ အကောင်းဆုံး နိုင်ငံ နံပါတ် (၃) နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ထိုနိုင်ငံလေးက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အားကြိုးမာန်တက် စောင့်ရှောက်လေ့ရှိကြတာကြောင့် နိုင်ငံသူ နိုင်ငံဿားများက ကမ္ဘာအလယ်မှာ ဝင့်ကြွားနေကြတာပဲဖြစ်ပါတယ်။ နေစရိတ် စားစရိတ်ကတော့ တော်တော်လေး မြှောက်ပေမယ့် ပြန်ရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြားသော ဝန်ဆောင်မှုတွေကလည်း တော်တော်လေးကို အဆင့်မြင့်ပါတယ်။

(၄) စပိန်

ဥရောပ အကောင်းဆုံး

ဒုတိယနေရာမှာ ရပ်တည်နေတဲ့ နိုင်ငံကတော့ စပိန်နိုင်ငံပဲ ဖြစ်ပါတယ်။ မြေထဲပင်လယ် လူနေမှု ဘဝပုံစံလေးကို စူးစမ်းလေ့လာချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို သွားသင့်ပါတယ်။ နိုင်ငံရဲ့ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကွဲပြားခြားနားတဲ့ ယဥ်ကျေးမှု ဓလေ့များကို တွေ့မြင်နိုင်မှာဖြစ်ပြီး ခေတ်ဟောင်းနဲ့ ခေတ်သစ် နှစ်မျိုးစလုံး ပေါင်းစပ်ထားတဲ့ အငွေ့အသက်လေးကိုပါ ခံစားရမှာပါ။ သူ့ရဲ့ မြို့တော်ဖြစ်တဲ့ Madrid မြို့လေးကဆိုရင်လည်း စီးပွားရေး လုပ်လို့ကောင်းတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။

(၁) Luxembourg

ဥရောပ အကောင်းဆုံး

နံပါတ် (၁) အကောင်းဆုံး နေရာမှာ ရပ်တည်နေတဲ့ နိုင်ငံကတော့ Luxembourg နိုင်ငံပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေးကလည်း တိုးတက်ကောင်းမွန်နေတဲ့အပြင် လူနေမှု အဆင့်အတန်းကလည်း တော်တော်လေးကို အဆင့်မြင့်ပါတယ်။ နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ပြင်သစ် ယဥ်ကျေးမှုနဲ့၊ ဂျာမန် ယဥ်ကျေးမှုတို့က ရောယှက်နေတာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကလည်း အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ အဆောက်အအုံများကလည်း တမူထူးခြားပြီး လှပနေတဲ့ အဆောက်အအုံ ဒီဇိုင်းများပဲဖြစ်ပါတယ်။

ကွီးတို့ရော ဥရောပနိုင်ငံတွေထဲက ဘယ်နိုင်ငံက ခြေချလို့ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါသလဲ။

Source: Mydolcecasa

Featured Image: Studentuniverse