လိင်မှုကိစ္စမှာ တစ်ခါတစ်ရံ အဆင်မပြေမှုနဲ့ ရယ်စရာကောင်းတဲ့ အခိုက်အတန့်တွေ ဖြစ်လေ့ရှိပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ ရှက်နေဖို့ မလိုပါဘူး။ ဒီထဲမှာ အသိသာဆုံး အချက်တစ်ခုကိုပြောရမယ်ဆိုရင် ဦးထုပ်တွေလည်း အပါအဝင်ပါ။ ဟုတ်ပါတယ် ရိုးရိုးသားသား ပြောရမယ်ဆိုရင် အတူမနေခင်မှာ ဦးထုပ် ဝတ်တာက လူတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာပါ။ ကွန်ဒုံးဝတ်ဆင်နေခြင်းကို အာရုံစိုက်နေရတဲ့အခါမှာ လက်ရှိ အရာအားလုံးကို နှေးကွေးစေတဲ့အတွက် စိတ်ခံစားချက်တွေကို အနည်းငယ် လျော့ပါးသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
Photo : Cosmopolitan
ဒါကိုပြောင်းလဲဖို့အတွက် လှည့်ကွက်အနေနဲ့ကတော့ ကွန်ဒုံးကို ပိုပြီး မြန်မြန်ဆန်ဆန် ဝတ်ထားဖို့ပါပဲ။ တစ်ချို့လူတွေက အတူနေချိန်မှာ အကာကွယ် ဦးထုပ် သုံးရတာကို မကြိုက်ကြတဲ့အတွက်ကြောင့် စိတ်ခံစားမှု ဖီလင်တွေ လျော့ကျသွားတတ် ကြပါတယ်။ ဒါပေမယ့် ဒါမဖြစ်သင့်ပါဘူး။ အကာအကွယ်အသုံးပြုတာဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တက်တဲ့ရောဂါတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တာကြောင့် အတူနေချိန်မှာ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုဖို့ လိုပါတယ်။
ကွန်ဒုံးဝတ်ဆင်ခြင်းဟာ Foreplay လို့ခေါ်တဲ့ အတူမနေခင် ကြိုတင်နှိုးဆွမှုရဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကွီးတို့က အတူနေခါနီးမှာမှ ကွန်ဒုံးဝတ်ဆင်ခြင်းကြောင့် စိတ်ခံစားမှုတွေ လျော့ကျသွားတက်တယ်ဆိုရင်တော့ အလှည့်အပြောင်းအနေနဲ့ Foreplay အဆင့်မှာကတည်းက ကြိုတင်ဝတ်ဆင်ထားတာ ပိုပြီးသင့်တော်ပါတယ်။ လိုအပ်ပါက ဆက်ဆံဖော်ပါတနာရဲ့ အကူအညီကို ယူပြီး သူမကို နှိုးဆွခိုင်းတာ ၊ ဝတ်ဆင်ခိုင်းတာမျိုး လုပ်ကြည့်ပါ။ ဒီလိုဆိုရင် ကွန်ဒုံးဝတ်ဆင်ရတာဟာ ဖီလင်ငုပ်စေတာမျိုးမဖြစ်တော့ပဲ ရင်ခုန်စရာကောင်းနေပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ လုပ်ငန်းမစခင်ကတည်းက အာလုံးရယ်ဒီဖြစ်အောင် ကြိုတင်ပြင်ဆင်ထားတာပါပဲ။ အချို့အမျိုးသားတွေဟာ ဦးထုပ် ဝတ်ဆင်ဖို့ ဖောက်နေတဲ့အချိန်အတွင်းမှာတင် ညီလေးရဲ့ ထောင်မတ်မှုလျော့ကျသွားတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုမဖြစ်အောင် ဘာမှမစခင်ကတည်းက ကြိုတင်ပြီး လိုအပ်မှာတွေကို ရယ်ဒီပြင်ဆင်ထားပါ။ ကွန်ဒုံးကိုလည်း ကြိုပြီးဖွင့်ထားပါ။ ပြီးမှသာ Foreplay လို့ခေါ်တဲ့ အနမ်းတွေခြွေ ပန်းတွေဝေတဲ့ အဆင့်ကို စတင်ပါ။ ဒါဟာ အတူနေဖို့ အဆင့်သင့်ဖြစ်တဲ့အချိန်မှာ အလုပ်မများစေတော့ပဲ အားလုံး အဆင်ပြေချောမွေ့သွားစေမှာ ဖြစ်ပါတယ်။
Photo : Salon.com
ဦးထုပ် တွေကို ရွေးချယ်တဲ့ အခါမှာလည်း မှန်ကန်တဲ့ ဆိုဒ်အရွယ်အစားနဲ့ အရည်အသွေးကောင်းမွန်တဲ့ အမှတ်တံဆိပ်တွေကိုသာ အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းမွန်တဲ့ စိတ်ခံစားချက် ဖီလင်တွေက ဒီအချက်တွေအားလုံးနဲ့လည်း ဆက်စပ်နေလို့ပါပဲ။ ကွီးတို့အနေနဲ့ ကွန်ဒုံးတွေနဲ့ ပိုမိုရင်းနှီးမှုရှိစေဖို့ တစ်ကိုယ်ရည် အာသာဖြေချိန်မှာလည်း ကွန်ဒုံးတွေကို အသုံးပြုပြီး အလေ့အကျင့်လုပ်နိုင်ပါတယ်။
Featured Photo : Bustle