ဘေးကင်းကင်းနဲ့ အချစ်နယ်ကျွံဖို့ဆိုရင် ဘာကို အရင်ဆုံး သတိရမိပါသလဲ။ ဟုတ်ပါတယ်… ဦးထုပ်ပါပဲ။ ကွန်ဒုံး (ခေါ်) ဦးထုပ်ဆောင်းမယ်ဆိုရင်တော့ ကိုယ်ဝန် မလိုချင်တဲ့အခြေအနေမှလည်း ကာကွယ်ပေးနိုင်သလို မလိုလားအပ်တဲ့ ရောဂါများ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဦးထုပ် တော့ ဆောင်းပါရဲ့၊ ဒါပေမဲ့ နည်းမှန် လမ်းမှန် မဆောင်းဘူးဆိုရင်တော့ အလကား ပါပဲ။
ကွီးတို့အနေနဲ့ တကူးတကကြီး ဦးထုပ် ဆောင်းရတာက အလကား ဖြစ်မသွားဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားသင့်ပါတယ်။
(၁) မိနစ် ၃၀ ထက် ပိုမသုံးပါနဲ့
ကွီးတို့ အချစ်နယ်ကျွံတာက မိနစ် ၃၀ ထက် ပိုသွားတဲ့အချိန်မျိုး ရှိမှာပါပဲ။ ထိုအချိန်မျိုးမှာဆိုရင် ကွန်ဒုံးတစ်ခုတည်းကိုပဲ ဆက်အသုံးမပြုမိဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပွဝ်တိုက်မှုအားကြောင့် ကွန်ဒုံးက အားပျော့သွားပြီး ပေါက်ပြဲသွားတာမျိုး ဖြစ်နိုင်လို့ပါပဲ။
(၂) ကွန်ဒုံး အသုံးပြုတဲ့အခါ လိုးရှင်းများနှင့် ချောဆီများ အသုံးမပြုပါနဲ့
ကွန်ဒုံး အသုံးပြုတဲ့အခါမှာ ဘော်ဒီ လိုးရှင်းများ၊ နှိပ်နယ်ပေးတဲ့ အဆီများ၊ ခန္ဓာကိုယ် လိမ်းကျံတဲ့ အဆီများ၊ Moisturizer များကို အသုံး ပြုစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကွန်ဒုံးကို အသုံးပြုချိန်မှာ သူတို့ကို အသုံးပြုမိရင် ကွန်ဒုံးကလည်း အားပျော့သွားမှာပဲ ဖြစ်ပါတယ်။
(၃) ဒိတ်အောက်နေတဲ့ ကွန်ဒုံးတွေ အသုံးပြုမိရင်လည်း အလကားပဲ
ကွန်ဒုံး အသုံးပြုခါနီးမှာ မဖြစ်မနေ ပြုလုပ်ရ၎ယ့် အချက်တစ်ချက်ရှိပါတယ်။ ထိုအချက်ကတော့ ကွန်ဒုံးဘူးပေါ်မှာ ရက်စွဲကို စစ်ဆေးခြင်းပဲဖြစ်ပါတယ်။ များသောအားဖြင့် ကွန်ဒုံး ထုပ်လုပ်တဲ့အခါ ၅ နှစ် ခံအောင် ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ ရက်စွဲ ကုန်လွန်သွားတာနဲ့ ကွန်ဒုံးရဲ့ ကျုံ့နိုင် ချဲ့နိုင်စွမ်းအားနှင့် အာနိသင်တို့က တဖြည်းဖြည်း လျော့နည်းသွားမှာဖြစ်ပြီး အသုံးပြုနေစဥ်မျာ ပေါက်ပြဲနိုင်ခြေ များပါတယ်။
(၄) ပိုမို ဘေးကင်းအောင်လို့ ကွန်ဒုံး နှစ်ထပ် စွပ်မိရင်ရော
ကွန်ဒုံး တစ်ခုတပ်ထားရင် ဘေးကင်းလုံခြုံတယ်။ အဲ့ဒါဆို ပိုမို ဘေးကင်းအောင်လို့ ကွန်ဒုံး နှစ်ခု ထပ်စွပ်လိုက်မယ်ကွာ ဆိုပြီး မလုပ်မိပါစေနဲ့ဗျို့။
ကွန်ဒုံး နှစ်ခု စွပ်လိုက်မယ်ဆိုရင် တစ်ခုနဲ့ တစ်ခုက ပွတ်တိုက်မိပြီး ကွန်ဒုံးက အာနိသင် ပျက်ပြယ်သွားတာမျိုး၊ ပွတ်မှုအားကြောင့် ကွန်ဒုံးက အားပျော့သွားပြီး ပေါက်ပြဲသွားတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဦးထုပ် ဘယ်နှထပ် ဆောင်းဆောင်း အလကား ပါပဲ။ ကွန်ဒုံး တစ်ခုတည်း စွပ်ရင်ပဲ လုံလောက်နေပါပြီ။
(၅) စနစ်တကျ တပ်ဆင်ပါ
တစ်ခါတစ်လေမှာ ကွီးတို့က ဗိုက်ဆာဆာနဲ့ ဆွဲမိတဲ့ အချိန်မျိုးတွေ ရှိပါလိမ့်မယ်။ ဒါဆိုရင် ဦးထုပ်ကိုလည်း ပြီးစလွယ် ဆောင်းမိပြီး အမှားမှား အယွင်းယွင်း ဖြစ်သွားပါလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်လာရင် အမှားမလုပ်မိတာ အကောင်းဆုံးပါပဲ။
ကွန်ဒုံး စွပ်နည်း မှန်ဖို့ကလည်း အရေးကြီးပါတယ်။ ကွန်ဒုံး ထိပ်နားက ခပ်ဖောင်းဖောင်း အချွန်လေးက အပေါ်တည့်တည့်မှာ ထောင်မတ်နေရမှာဖြစ်ပြီး ကွန်ဒုံး အလိပ်လေးကို ကွီးတို့ရဲ့ ညီလေးဆီသို့ တဖြည်းဖြည်း ဆွဲချပေးရမှာ ဖြစ်ပါတယ်။ ဦးထုပ် ဆောင်းနည်း မှားသွားရင် ဦးထုပ်က အံ့ဝင်ခွင်ကျ ဖြစ်သွားတာမျိုး မရှိတော့ဘဲ ကျွတ်ထွတ်သွားနိုင်ပါတယ်ဗျို့။
ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ဦးထုပ် ဆောင်းရတာသည် အလကား ဖြစ်မသွားတော့ဘဲ အသုံးတည့်မှာ ဖြစ်ပါတယ်။
ကွီးတို့ရော ကွန်ဒုံးကို နည်းမှန် လမ်းမှန်နဲ့ အသုံးပြုကြရဲ့လား။
Source: Onlinedoctor.lloydspharmacy
Featured Image: Freepik