ကိုယ့်စကီလေးနဲ့ နှစ်ဦးသား ချစ်တင်းနှောနေချိန်မှာ မရှိမဖြစ် အလိုအပ်ဆုံးအရာကတော့ အကာအကွယ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အကာအကွယ် အသုံးပြုတဲ့အခါမှာလည်း သိထားတဲ့အချက်များ၊ ဆောင်ရန် ရှောင်ရန်အချက်များကို သေချာလိုက်နာဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်တွေမှာ ဦးထုပ် အသစ် လဲသင့်သလဲ၊ သုံးပြီးသား ဦးထုပ်ကိုရော ထပ်တလဲလဲ ပြန်လည် အသုံးပြုသင့်ရဲ့လား စတာတွေကို သိထားဖို့ လိုအပ်ပါတယ်။
မိနစ် ၃၀ စည်းမျဥ်းကို လိုက်နာပါ
တကယ်လို့ ကွီးတို့က ရှည်ကြာစွာ ချစ်တင်းနှောနေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဦးထုပ်ကို မိနစ် ၃၀ ကြာလျှင် တစ်ခါ အသစ် လဲပေးဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အချိန်ကြာကြာ ပွတ်တိုက်မှုက ကွန်ဒုံးကို ထိရောက်မှု နည်းသွားစေပြီး ကွန်ဒုံး ပေါက်ပြဲတာတွေ၊ ကွန်ဒုံးရဲ့ အကျိုးသက်ရောက်မှု မရှိတာတွေ စတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။
တစ်ကြိမ်လျှင် ကွန်ဒုံး တစ်ခုသာ အသုံးပြုပါ
ဘယ်တော့မှ ကွန်ဒုံး နှစ်ခုကို တစ်ချိန်တည်းမှာ အသုံးမပြုပါနဲ့။ အမျိုးသားသုံး ကွန်ဒုံးကို နှစ်ထပ်စွပ်ကာ အသုံးပြုတာပဲဖြစ်ဖြစ်၊ အမျိုးသား ကွန်ဒုံးနှင့် အမျိုးသမီးကွန်ဒုံးတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုခြင်းတို့ကို ရှောင်ကြဥ်သင့်ပါတယ်။ တစ်ချိန်တည်းမှာ နှစ်ခု ပြိုင်တူ အသုံးပြုမိတဲ့အခါ အချင်းချင်း ပွတ်တိုက်သွားပြီး ကွန်ဒုံးရဲ့ အကျိုးအာနိသင်ကို လျော့နည်းသွားစေနိုင်ပါတယ်။ ကွန်ဒုံး ပေါက်ပြဲတာမျိုးတွေလည်း အဖြစ်များတတ်ပါတယ်။
ကွန်ဒုံးများကို စနစ်တကျ သိမ်းဆည်းထားပါ
အပူဒဏ်က ကွန်ဒုံးများကို ပျက်စီးသွားစေပါတယ်။ ဒါ့ကြောင့် ကွန်ဒုံးများကို အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ စနစ်တကျ သိမ်းဆည်းထားဖို့ လိုအပ်ပါလိမ့်မယ်။
ကွန်ဒုံးများက တစ်သက်လုံး ကြာရှည်မခံပါဘူး
ကွန်ဒုံးများ ဝယ်ယူတဲ့အခါ သူ့ရဲ့ ကုန်ဆုံးရက်ကို အထုပ်ပေါ်မှာ စစ်ဆေးကြည့်လိုက်ပါ။ ကွန်ဒုံးများက တစ်သက်လုံး အသုံးခံတဲ့အရာမဟုတ်ပါဘူး။ သူ့ရဲ့ သက်တမ်း ကုန်ဆုံးရက်လည်း ရှိပါသေးတယ်။ သူ့ရဲ့ သက်တမ်း ကုန်ဆုံးသွားတဲ့အခါ ဘယ်လောက်ပဲ ဦးထုပ် ဆောင်းနေပါစေ၊ အကျိုးသက်ရောက်မှု မရှိဘဲ အချည်းနှီးပဲ ဖြစ်သွားပါလိမ့်မယ်။
ဦးထုပ် တွေကို ဘယ်အချိန်မှာ အသစ် လဲသင့်သလဲ
သုံးနေရင်းနဲ့ ကွန်ဒုံး ပေါက်ပြဲသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကွီးတို့က အတူနေရင်းနဲ့ ပြီးမြောက်သွားလို့ သုတ်ပိုး လွှတ်ပြီးတဲ့အခါ ဆက်ပြီး အတူနေချင်တဲ့အခါမှာပဲဖြစ်ဖြစ် ကွီးတို့ရဲ့ ဦးထုပ်ကို အသစ်လဲပေးရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Vaginal Sex ကနေ Anal Sex ကို ပြောင်းတဲ့အခါမှာလည်း ဦးထုပ် အသစ်တစ်ခု အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ဦးထုပ်နဲ့ ပတ်သက်ပြီး သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Source: Nhs.uk
Featured Image: Freepik