ကျွန်တော်တို့ စားတဲ့ အစားအစာတွေက ကျွန်တော်တို့ရဲ့ ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်သက်ရောက်မှုရှိတယ်ဆိုတာ သိပါသလား။ ကျန်းမာအသက်ရှည်ချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးပေးဖို့လိုပါတယ်။ ဒါ့အပြင် လုပ်ငန်းဆောင်တာများကို သေချာအာရုံစူးစိုက်လုပ်နိုင်ဖို့နဲ့ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ဖို့ ကွီးတို့အာရုံကြောနဲ့ ဦးနှောက်ကျန်းမာရေးကိုလည်း ဂရုပြုဖို့လိုပါတယ်။ ဒါ့ကြောင့် ဦးနှောက် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေကိုလည်း စားသုံးပေးရပါမယ်။ ဆက်လက်ပြီးတော့ ဘယ်လိုအစားအစာတွေက ဦးနှောက်အတွက် အထောက်အကူပြုမလဲဆိုတာ ကြည့်လိုက်ရအောင်။

ဘလူးဘယ်ရီသီး

ဦးနှောက်

Photo : Vince’s Market

ဘလူးဘယ်ရီသီးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်းနှင့် ဓာတ်တိုးဆန့်ကျင်အာနိသင် နှစ်မျိုးလုံးပါရှိသော ဒြပ်ပေါင်းများ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဘလူးဘယ်ရီသီးက ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ဦးနှောက်အိုမင်းမှုနှင့် အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်ရာမှာ အထောက်အကူဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ဘလူးဘယ်ရီသီးများ ပါရှိပါတယ်။

ကြက်ဥ

ဦးနှောက်

Photo : The Indian Express

ကျွန်တော်တို့ဆီမှာ အလွယ်တကူရနိုင်တဲ့ ကြက်ဥကလည်း ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ သိပါသလား။ ကြက်ဥမှာ ဗီတာမင် B နဲ့ Choline လို့ခေါ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ ဗီတာမင် B က မှတ်ဥာဏ်ကျဆင်းမှုကို နှေးကွေးစေရန် ကူညီပေးနိုင်ပါတယ်။ Choline ကတော့ စိတ်ခံစားချက်နှင့် မှတ်ဉာဏ်အတွက် လုပ်ဆောင်သော အာရုံကြောများကို အထောက်အကူပြုပေးနိုင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ဦးနှောက်

Photo : YourGrocer

ဟင်းသီးဟင်းရွက်တွေက အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တို့လို အစိမ်းရောင်အရွက်တွေမှာ ဗီတာမင် K၊ လူတင်၊ ဖောလိတ်နဲ့ ဘီတာကာရိုတင်းတို့လို အာဟာရဓာတ်တွေ အမျိုးမျိုးပါဝင်ပါတယ်။ ဗီတာမင် K က ဦးနှောက်ဆဲလ်များအတွင်း အဆီများဖွဲ့စည်းရာတွင် ကူညီပေးပြီး မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့ရတယ်လို ဆိုပါတယ်။

သစ်သီးများ

Photo : Health Jade

လိမ္မော်သီး၊ မာလကာ၊ ကီဝီ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ အစရှိတဲ့ အသီးအနှံတွေမှာ ဗီတာမင် C အများအပြား ပါဝင်ပါတယ်။ ဗီတာမင် C က ဦးနှောက်ဆဲလ်တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး ဦးနှောက်ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C ဟာ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်တယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

အဆီများသောငါးများ

Photo : Consumer HealthDay

ငါးတွေဖြစ်တဲ့ ငါး၊ ဆော်လမွန်နဲ့ ဆာဒင်းငါးတွေမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် အများအပြား ပါဝင်ပါတယ်။ ကျွန်တော်တို့ ဦးနှောက်ရဲ့ ၆၀ ရာခိုင်မှုန်းက မှာ Omega 3s ပါဝင်တဲ့ အဆီတွေနဲ့ ဖွဲ့စည်းထားရုံသာမက ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ ထုတ်လုပ်မှုမှာလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်အတွက် အထောက်အကူပြုတဲ့ ငါးများကိုလည်း မကြာမကြာစားပေးသင့်ပါတယ်။

နနွင်း

Photo : Times of India

ကျွန်တော်တို့ ဟင်းခတ်အမွှေးအကြိုင်များမှာ ပါဝင်လေ့ရှိတဲ့ နနွင်းကလည်း ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ သိပါသလား။ ၎င်းမှာ Antioxidant ကြွယ်ဝစွာ ပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိတို့လည်း ပါဝင်ပါတယ်။ နနွင်းဟာ မှတ်ဉာဏ်ကို မြှင့်တင်ပေးခြင်း၊ စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေခြင်းနဲ့ ဦးနှောက်ဆဲလ်အသစ်များ ကြီးထွားခြင်း စတာတွေကို အထောက်အကူပြုနိုင်ပါတယ်။

ကွီးတို့ရေ မျက်စိချည်းပဲ အစာမကျွေးပဲ ရေရှည်အတွက် မှတ်ဉာဏ်နဲ့ အာရုံကြောစနစ်တွေ အားကောင်းဖို့ဆိုရင် ဦးနှောက် ကိုလည်း အစာကျွေးဖို့လိုပါတယ်။

Source : PREMIER NEUROLOGY

Featured Photo : Vinmec