ကွီးတို့ရဲ့ အိမ်ရှေ့ ဧည့်ခန်း သည် သက်သောင့်သက်သာရှိပြီး နေချင်စဖွယ်ကောင်းကာ ကွီး တို့ရဲ့ဧည့်သည်များ လာတဲ့အခါမှာလည်း ခမ်းနားလှပတဲ့ အပြင်အဆင်ဖြစ်နေဖို့လိုအပ်ပါတယ်။

ဒီလိုမျိုး ကိုယ့်ရဲ့ အိမ်ရှေ့ ဧည့်ခန်း ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးအလှဆင်ချင်တဲ့ ကွီး တို့အတွက် နည်းလမ်းကောင်းများလည်းရှိပါတယ်။ ထို DIY နည်းလမ်းကောင်းများကို အသုံးချကာ ကိုယ့်ရဲ့အိမ်အပြင်အဆင်ကို လှပခံ့ညားအောင် မွမ်းမံပြင်ဆင်လိုက်ပါ။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ DIY နည်းလမ်းကောင်းများကို အတူတူဆက်လက်လေ့လာကြရအောင်။

သေတ္တာပုံးများဖြင့် အလှဆင်ထားတဲ့ စားပွဲ

DIY home decoration

ဒီစားပွဲလေး ပြုလုပ်ဖို့အတွက်ဆိုရင်တော့ သေတ္တာပုံးလေး (၄) ပုံးလောက် လိုအပ်ပါတယ်။ ထို့နောက် အလယ်တူတိုင်ကို အလွတ်ထားကာ သေတ္တာပုံး (၄) ပုံးကို ပုံပါအတိုင်း ရိုက်ပေးလိုက်ပါ။ ထို့နောက် အလွတ်ထားထားသော နေရာထဲတွင် ကော်ဖီစေ့များနှင့် အပင်များထည့်ကာ အလှဆင်ထားလိုက်ပါ။ ဒီ့ထက်ပိုပြီး လှပချင်တယ်ဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ ဆေးတစ်မျိုးမျိုး ခြယ်သနိုင်ပါတယ်။

ပန်းချီပြခန်း ဧည့်ခန်းလေး

DIY home decoration

ကွီးတို့ရဲ့ ဧည့်ခန်း နံရံကို ကွီး တို့အတွက် အရေးပါတဲ့ ဓာတ်ပုံလေးတွေ (သို့) လှပတဲ့ ပန်းချီကားချပ်လေးတွေကို စီစီရီရီ ချိတ်ဆွဲထားကာ အိမ်ရှေ့ဧည့်ခန်းကို ပန်းချီပြခန်းအဖြစ် အသက်သွင်းနိုင်ပါတယ်။

နံရံကပ်စင်ဖြင့် အလှဆင်ပါ

DIY home decoration

ကိုယ့်ရဲ့ အိမ်ခန်းနံရံရဲ့အရောင်နဲ့တူတဲ့ စင်လေး နှစ်ဆင့်လောက် ဆောက်ကာ နံရံကပ်စင်တစ်ခု ဖန်တီးလိုက်ပါ။ ထိုစင်ပေါ်မှာ ပစ္စည်းတိုလီမုတ်စလေးတွေ တင်မထားပါနဲ့။ ကြည့်လို့လှစေမယ့် ဓာတ်ပုံလေးများ၊ နာရီ (သို့) အလှဆင်လို့ရမယ့် ပစ္စည်းလေးများ တင်ထားကာ အခန်းကို လှပအသက်ဝင်လာအောင် ဖန်တီးနိုင်ပါတယ်။

မှန်ဖြင့် အလှဆင်ပါ

ဧည့်ခန်း ကွီး

အိမ်ရှေ့ဧည့်ခန်းမှာ ကိုယ်လုံးပေါ် မှန်တစ်ချပ် ထားထားပြီး အလှဆင်မယ်ဆိုရငလည်း ဆင်လို့ရပါတယ်။ ဒါဆိုရင်တော့ အပြင်သွားခါနီးမှာ ကိုယ့်ရဲ့ဖက်ရှင်အပြင်အဆင်လေးက ဘာလိုအပ်နေသလဲဆိုတာကို သင့်ရဲ့ကိုယ်လုံးပေါ် မှန်က ကူညီပေးပါလိမ့်မယ်။ မှန်ပေါ်မှာ အလှမီးလုံးများတပ်ပြီးလည်း အလှဆင်နိုင်ပါသေးတယ်။

သစ်သားများပေါ်တွင် ပန်းချီဆွဲကာ အလှဆင်ခြင်း

ဧည့်ခန်း ကွီး

ဒီနည်းလမ်းလေး အသုံးပြုမယ်ဆိုရင်တော့ အရင်ဦးဆုံး ကိုယ်လိုချင်တဲ့ ပန်းချီဒီဇိုင်းလေးတွေကို ရှာဖွေဖို့လိုပါလိမ့်မယ်။

ဧည့်ခန်း ကွီး

ထို့နောက် သစ်သားများကို မိမိစိတ်ကြိုက် လိုသလိုပုံပေါ်ကာ တစ်ပူးတည်းဖြစ်သွားအောင် ရိုက်လိုက်ပါ။ ထို့နောက်မှာတော့ မိမိကြိုက်နှစ်သက်တဲ့ ဆေးရောင်တစ်မျိုးအသုံးပြုကာ ပန်းချီရေးဆွဲနိုင်ပါတယ်။ သင့်အနေနဲ့ ပန်းချီမကြိုက်ဘူးဆိုရင်တော့ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့် စာသားတစ်မျိုးမျိုးကို ထိုသစ်သားပေါ်မှာ ရေးသားထားနိုင်ပါတယ်။

ဒီနည်းလမ်းလေးများသည် ကွီးတို့ရဲ့ အိမ်ရှေ့ ဧည့်ခန်း ကို ကွီး တို့ကိုယ်တိုင် အလှဆင်ဖို့ရန်အတွက် ကူညီပေးမယ့် နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။ လက်တွေ့ကျပြီး အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။

Source: Homebnc

Featured Image: Thesprucecrafts