၂၀၂၂ ခုနှစ်ဟာ ရုပ်ရှင်ချစ်သူတွေ ရင်ခုန်ရမယ့် ဇာတ်ကားသစ် တွေ အပြိုင်အဆိုင် ရုံတင်ကြမယ့် နှစ်ပါပဲ။ ဒီနှစ်ထဲမှာ ရုံတင်တိုင်း ဝင်ငွေသောက်သောက်လဲ ရတဲ့ The Batman ၊ Knives Out 2 ၊ Nope ၊ Thor ၊ Black Panther ၊ Avatar 2 ၊ Doctor Strange စတဲ့ ရုပ်ရှင်ကားကောင်းတွေ ထွက်လာဖို့ ရှိပါတယ်။ Jurassic World : Dominion ၊ Fantastic Beast : The Secrets of Dumbledore စတဲ့ Franchises ကားသစ်တွေလည်း ထွက်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်း မင်းသားကြီး The Rock ရဲ့ Black Adam ၊ Aquaman ၊ Flash နဲ့ Spider-Man စတဲ့ Super Heroes ကားတွေကတော့ ရုံတင်ဖို့ ကြန့်ကြာနိုင်ပါတယ်။ နာမည်ကြီး မင်းသား Tom Cruise ရဲ့ Mission Impossible No.7 နဲ့ No.8 တို့လည်း ပုံမှန်အတိုင်း ထပ်ပြီး နှစ်ကူးရဖို့ ရှိပါတယ်။ ဒီနှစ်အတွက် စောင့်ကြည့်ရမယ့် ရုပ်ရှင် ကားသစ်တွေထဲမှာ ဧပြီလ ထဲ ထွက်မယ့် စိတ်ဝင်စားစရာ ရုပ်ရှင်ကားသစ်တချို့အကြောင်းကို ဒီတစ်ခေါက် တင်ဆက်သွားမှာပါ။

(၁) Father Stu

နာမည်ကြီး မင်းသားကြီးနှစ်ဦး ဖြစ်တဲ့ Mark Wahlberg နဲ့ Mel Gibson တို့ သရုပ်ဆောင်ထားတာပါ။ လက်ဝှေ့သမားဘဝကနေ ဘုန်းကြီး ဖြစ်လာတဲ့ Stuart Long ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံထားတဲ့ Biographical Drama ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ Mark Wahlberg က ဖာသာ Stuart Long အဖြစ် သရုပ်ဆောင်ထားတာပါ။ Father Stu ကို အမေရိကန်ပြည်ထောင်စုမှာ လာမယ့် ဧပြီလ ၁၃ ရက်နေ့ ရုံတင်မယ်လို့ စီစဉ်ထားပါတယ်။

(၂) Fantastic Beasts : The Secrets Of Dumbledore

နာမည်ကျော် Fantastic Beasts ဇာတ်လမ်းတွဲသစ် ဖြစ်တဲ့ The Secrets Of Dumbledore ကို ဧပြီ ၁၅ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ရှိပါတယ်။ ထူးခြားမှုတစ်ခုက မင်းသားကြီး Johnny Depp အစား Mads Mikkelsen က Gellert Grindelwald ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ Academy Award ၊ Tony Award ၊ Golden Globe Award နဲ့ British Academy Film Award တစ်ဆုစီ ရထားတဲ့ မင်းသားကြီး Eddie Redmayne ရဲ့ အောင်မြင်တဲ့ Fantastic Beasts ဇာတ်ကားသစ်ကလည်း ပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင် ဖြစ်နိုင်ပါတယ်။

(၃) The Northman

၂၀၂၂ ခုနှစ်မှာ ကြည့်ရမယ့် အမိုက်စား အကြမ်းပတမ်း အသတ်အဖြတ်တွေ ပါတဲ့ သမိုင်းဇာတ်ကားတစ်ကားက The Northman ပါ။ ဇာတ်လမ်းအတွက် Alexander Skarsgård, Nicole Kidman, Claes Bang, Anya Taylor-Joy, Ethan Hawke, Björk နဲ့ Willem Dafoe တို့ သရုပ်ဆောင်ထားတာ ဖြစ်ပြီး အိုင်ယာလန် မြောက်ပိုင်း နဲ့ အိုင်ယာလန်နိုင်ငံ တလျှောက်မှာ ၄ လကြာ ရုပ်ရှင်ရိုက်ကူးရေး လုပ်ခဲ့တာပါ။ The Northman ကို အမေရိကန်ပြည်ထောင်စုမှာ လာမယ့် ဧပြီ ၂၂ ရက်နေ့ ရုံတင်ဖို့ စီစဉ်ထားပါတယ်။

(၄) The Unbearable Weight of Massive Talent

The Unbearable Weight of Massive Talent က အမေရိကန် အက်ရှင်-Comedy အမျိုးအစား ဖြစ်ပြီး မင်းသားကြီး Nicolas Cage ၊ Pedro Pascal တို့ အပြိုင် သရုပ်ဆောင်ထားတာပါ။ ကြည့်ပျော်မယ့် ရုပ်ရှင်ကားတစ်ကား ဖြစ်ဖို့ ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ ဧပြီ ၂၂ ရက်နေ့ Lionsgate ကနေ ဖြန့်ချိသွားမှာပါ။

(၅) Memory

အမေရိကန်အက်ရှင်မင်းသားကြီး Liam Neeson ၊ Guy Pearce ၊ မင်းသမီးချော Monica Bellucci တို့လို ထိပ်တန်း သရုပ်ဆောင်တွေနဲ့ အားဖြည့် သရုပ်ဆောင်ထားပါတယ်။ Liam Neeson က ကျွမ်းကျင်တဲ့ လုပ်ကြံရေးသမား Alex Lewis အဖြစ် သရုပ်ဆောင်ထားပြီး ဧပြီ ၂၉ ရက်နေ့ ရုံတင်ဖို့ ရှိပါတယ်။

Featured Photo : screenrealm