တေးသီချင်းများ နားဆင်ခံစားခြင်းသည် စိတ်ခံစားချက်များကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုများကို လျော့ကျစေပါတယ်။ စိတ်ကျရောဂါကိုလည်း ဖယ်ရှားပေးကာ နာကျင်မှုကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် အစား အလွန်အကျွံ မစားမိအောင် တားဆီးပေးခြင်းကတော့ အံ့သြစရာကောင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ တေးသီချင်းအသစ်များ အများအပြား ထွက်ရှိထားတဲ့အနက် ဧပြီလ အတွင်း ထွက်ရှိထားတဲ့ လူကြိုက်များတဲ့ သီချင်း ကောင်းများရှိပါတယ်။

ဧပြီလ ထွက် သီချင်း ကောင်းများကို နားဆင်ရင်း ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်လာအောင် ကြိုးပမ်းနိုင်ပါတယ်။

As It Was – Harry Styles

Source: Harry Styles

ဒီသီချင်းလေးကတော့ ဧပြီလ ၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Harry Styles ကတော့ ဒီသီချင်းရဲ့ အဓိပ္ပာယ်ကို အတိအလင်း မကြေညာထားပေမယ့် သူ့ပရိသတ်တွေကတော့ သူ အောင်မြင်ကျော်ကြားလာကာ လူအများရှေ့မှာ အနေအထိုင်ဆင်ခြင်ရတဲ့ပုံနဲ့ သူ့ရဲ့ အထီးကျန်ဆန်မှုကို ဖော်ညွှန်းထားတာဖြစ်ပါတယ်။

First Class – Jack Harlow

Source: Jack Harlow

ဒီသီချင်းလေးသည်လည်း ဧပြီလအတွင်း အသစ်ထွက်ရှိထားတဲ့သီချင်းဖြစ်ပါတယ်။

Psychofreak – Camila Cabello, Willow

Source: Camila Cabello

Psychofreak သည် Camila Cabello နဲ့ Willow Smith တို့ရဲ့ ပထမဦးဆုံးအကြိမ်း တွဲဖက်သီဆိုထားတဲ့ သီခငျ်းတစ်ပုဒ်ဖြစ်ပါတယ်။ Willow Smith ဆိုတာကတော့ ဟောလိဝုဒ်စတား will smith နဲ့ Jada Pinkett တို့ရဲ့ သမီးပဲဖြစ်ပါတယ်။

သီချင်းလေးက မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

When You’re Gone – Shawn Mendes

Source: Shawn Mendes

ဒီသီချင်းလေးကတော့ သူနဲ့ ရည်းစားဟောင်း Camila Cabello နဲ့ ပြတ်စဲပြီးနောက် ထွက်ရှိခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

Thousand Miles – The Kid LAROI

Source: The Kid LAROI

ဒီသီချင်းကတော့ သူ့ရဲ့ မကြာသေးမှီက ပြတ်ဆဲထားတဲ့ အချစ်ရေးပြဿနာ အရှုပ်အရှင်းများနှင့် သူ့ကြုံတွေ့ခံစားရတဲ့ ခံစားချက်တွေအကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။

Sweetest Pie – Megan Thee Stallion, Dua Lipa

Source: Megan Thee Stallion

ဒီသီချင်းလေးကတော့ မတ်လက ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်တဲ့ သီချင်းတစ်ပုဒ်ပါ။

Cold Heart – Elton John, Dua Lipa (PNAU Remix)

Source: Elton John

ဒီသီချင်းလေးကလည်း မြူးမြူးကြွကြါလေးနဲ့ နားထောင်လို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ Elton John နဲ့ Dua Lipa တို့ တွဲဖက်သီဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။

2step – Ed Sheeran, Lil Baby

Source: Ed Sheeran

ဒီသီချင်းလေးကတော့ Ed Sheeran နဲ့ ရက်ပ်အဆိုတော် Lil Baby တို့ တွဲဖက်သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းများထဲက ဘယ်သီချင်းကို အကြိုက်ဆုံးဖြစ်မလဲ။

Source: Open.spotify

Featured Image: Prism