ရာသီခွင် အလိုက် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ၊ ခံယူချက် သဘောထား ၊ စိတ်အားထက်သန်မှု ၊ အားသာချက် / အားနည်းချက်တွေကို ယေဘုယျအားဖြင့် ဘုံတွက်ချက်ခန့်မှန်းပြီး ဟောကိန်းတွေ ထုတ်ကြပါတယ်။ ဒီလိုပါပဲ ၁၂ ရာသီခွင်တွေရဲ့ လိင်စိတ်ဆန္ဒ ၊ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု ၊ စိတ်အားထက်သန်မှုတွေကိုလည်း အနီးစပ်ဆုံး တွက်ချက်ဖော်ညွှန်းလို့ ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ၁၂ ရာသီခွင်တွေနဲ့ သူတို့ရဲ့ လိင်စိတ်ဆန္ဒ ပြင်းပြမှု အတိမ်အနက်ကို ပြောပြပေးချင်ပါတယ်။
Photo : The Sun
Aries မိဿရာသီ (မတ် ၂၁ – ဧပြီ ၁၉) – Aries ရာသီခွင် တွေကတော့ စိတ်မြန်လက်မြန် ရှိတယ် ၊ မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲ မြန်မြန်ဆန်ဆန် ထလုပ်တက်ကြတယ်။ ဒီလိုပါပဲ လိင်ကိစ္စမှာလည်း သူတို့ရဲ့ စိတ်ခံစားမှုတွေက ရုတ်တရက် ဆိုသလို ချက်ချင်း အမှောင်စိတ် ထကြွတောက်လောင်တက်တဲ့ သဘောရှိပါတယ်။
Taurus ပြိဿရာသီ (ဧပြီ ၂၀ – မေ ၂၀) – ၁၂ ရာသီခွင် တွေထဲမှာ Taurus တွေကတော့ တော်တော်လေး ညှို့ငင်အား ပြင်းရှကြပြီး ရိုမန့်တစ်ဆန်ကြသူတွေလို့ ပြောရပါမယ်။ အိပ်ရာပေါ်မှာ တစ်ဖက်လူအပေါ် သူတို့ရဲ့ ဆွဲငင်နိုင်စွမ်းက အလွန်ကြီးမားသလို သူတို့ကိုယ်တိုင်လည်း လိင်စိတ်ပြင်းရှ ထက်သန်ကြပါတယ်။ အမြင် ၊ အသံ ၊ အနံ့ အထိအတွေ့ ခံစားမှု အားလုံးနဲ့ တစ်ဖက်လူရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်ကြပါတယ်။
Gemini မေထုန်ရာသီ (မေ ၂၁ – ဇွန် ၂၀) – Gemini တွေကတော့ အတွေ့အကြုံနဲ့ပဲ စကားပြောပါတယ်။ အတွေ့အကြုံများရင်များသလို အိပ်ရာပေါ်မှာ တော်တော်လေး ဆရာကျကျ အစွမ်းပြနိုင်ကြသူတွေပါ။ သူတို့ရဲ့အတွေ့အကြုံပေါ် မူတည်ပြီး ထူးခြားတဲ့ လိင်မှုစွမ်းဆောင်ရည်ကို ထုတ်ပြလေ့ ရှိကြပါတယ်။
Photo : herway.net
Cancer ကရကဋ်ရာသီ (ဇွန် ၂၁ – ဇူလိုင် ၂၂) – ဂဏန်းတို့ မည်သည် ချိုမြိန်ပြီး ထိလွယ်ရှလွယ်တဲ့ သဘောမှာ ရှိပါတယ်။ လိင်ကိစ္စမှာ ချိုမြိန်ရစ်ယစ်မူးဖွယ် ခံစားချက်ကို ပေးလေ့ရှိကြပြီး ဂရုစိုက်ကြင်နာမှုနဲ့ အပြုအစုကောင်းသူတွေပဲ ဖြစ်ပါတယ်။
Leo သိဟ်ရာသီ (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – Leo ရာသီခွင် တွေကတော့ ပုံမှန်အချိန်တွေမှာပဲ မဟုတ်ပါဘူး။ အိပ်ရာထက်မှာပါ ဒရမ်မာ ၊ ဒရမ်မာ ၊ ဒရမ်မာ ခင်းကြသူတွေပါ။ ဒါပေမယ့် Leo တွေကို ကောင်းကောင်း ကိုင်တွယ်တက်ရင် သိပ်ကိုကောင်းတဲ့ အတွေ့အကြုံတစ်ခုကို ခံစားရနိုင်ပါတယ်။ Leo တွေက သူတို့ကို ဦးတင်တာ ၊ ဦးစားပေးတာ ကြိုက်ကြပါတယ်။ အရင်ဆုံး သူတို့အကြိုက်ကို လိုက်ပေးရင် သူတို့ပြန်ပေးမယ့် ဆုလာဒ်က လုံးဝရှယ်ကြီးဆိုတာ အာမခံပါတယ်။
Virgo ကန်ရာသီ (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – Virgo တွေရဲ့ အကြောင်း သိချင်ရင် ပေါင်းကြည့်မှ ရမယ်ဆိုတဲ့ စကားရှိပါတယ်။ အကြောင်းမသိသေးတဲ့သူတွေအတွက်တော့ သိပ်မာနကြီးတဲ့ သူတွေလို့ ထင်ရပေမယ့် ရင်းနှီးမှုတစ်ခု တည်ဆောက်နိုင်ပြီဆိုတာနဲ့ သူတို့ရဲ့ စိတ်က လုံးဝရိုးရှင်းပြီး ခန့်မှန်းရလွယ်တယ်ဆိုတာကို သိသွားပါလိမ့်မယ်။ Virgo တွေက လိင်မှုကိစ္စမှာတော့ တော်တော်လေး အစွဲအလန်းကြီးသူတွေ ဖြစ်ပါတယ်။
Photo : Astrotalk
Libra တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၁) – Libra တွေကတော့ နွေးထွေးမှုကို ပိုလိုလားကြပါတယ်။ အိပ်ရာထက်မှာ အမှောင်စိတ် နည်းကြပေမယ့် ချစ်ခြင်းမေတ္တာကတော့ ကြီးမားပြီး ပွတ်သီးပွတ်သပ် ကြင်ကြင်နာနာ ဆက်ဆံခံရတာကို နှစ်သက်ကြပါတယ်။
Scorpio ဗြိစ္ဆာရာသီ (အောက်တိုဘာ ၂၂- နိုဝင်ဘာ ၂၁) – ၁၂ ရာသီခွင် ထဲမှာ အမှောင်တကာ့ အမှောင်ဆုံး ဆရာကြီးတွေပါ။ Scorpio တွေက Erotic အဖြစ်ဆုံး Signs တစ်ခုလို့ ပြောနိုင်ပါတယ်။ မှောင်တယ် ၊ ထပ်မှောင်တယ် ၊ မှောင်ပြီးရင်းမှောင်တယ်ဆိုတဲ့ လူသားတွေပါ။ လိင်ကိစ္စအပေါ် တော်တော်လေးလည်း စိတ်အားထက်သန်မှု ပြင်းရှကြသလို Scorpio တွေနဲ့ တစ်ခါ နှစ်ပါးသွားဖူးရင် တစ်သက်မမေ့နိုင်စရာ ခံစားမှုကို ရမှာပါ။
Sagittarius ဓနုရာသီ (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – Sagittarius တွေကတော့ စူးစမ်းလေ့လာလိုသူတွေ ဖြစ်ပါတယ်။ လိင်ကိစ္စနဲ့ ပတ်သတ်ရင် အမြဲအသစ်သစ်တွေ စမ်းချင် Try ချင်ကြသူတွေပါ။ သူတို့က ဆန်းသစ်လတ်ဆတ်တဲ့ ခံစားချက်တွေကို နှစ်သက်ကြပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို အမြဲရှာဖွေနေတက်ကြပါတယ်။
Photo : Bustle
Capricorn မကာရရာသီ (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – Capricorn ရာသီခွင်တွေကတော့ တည်ငြိမ်အေးဆေးမှုနဲ့အတူ လိင်ကိစ္စကို သူတို့ဘက်ကပဲ စတင်ပြီး ဦးဆောင်မောင်းနှင် တက်ကြသူတွေ ဖြစ်ပါတယ်။
Aquarius ကုံရာသီ (ဇန်နဝါရီ ၂၀ – ဖေဖေါ်ဝါရီ ၁၈) – Aquarius တွေက ဖော်ရွေတယ် ၊ ရင်းနှီးကျွမ်းဝင် လွယ်တယ်ဆိုတဲ့အတိုင်း လိင်မှုကိစ္စမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ လတ်ဆတ်တဲ့ ခံစားချက်လေးတွေကို ဖန်တီးပေးပြီး တစ်ဖက်လူအပေါ် ဆွဲဆောင်ကြပါတယ်။ အကန့်အသတ်တွေ ၊ အထိန်းအကွပ်တွေကို မကြိုက်ကြပဲ လွတ်လွတ်လပ်လပ်နဲ့ ခံစားမှုတွေ အနက်ရှိုင်းဆုံး ကူးခတ်လေ့ရှိကြတဲ့ ရေသူမလေးတွေပါပဲ။
Pisces မိန်ရာသီ (ဖေဖေါ်ဝါရီ ၁၉ – မတ် ၂၀) – Pisces တွေကို Spiritual Beings တွေလို ပြောကြပါတယ်။ ပြောရမယ်ဆိုရင် သူတို့ရဲ့ စိတ် ဝိညာဉ်နဲ့ ချိတ်ဆက်နိုင်ပြီး သူတို့ရဲ့ စိတ်ဝင်စားတဲ့ အပိုင်းတွေကို ရှာဖွေကိုင်လှုပ် နှိုးဆွပေးနိုင်နိုင်လေ အိပ်ရာထက်မှာ ထူးခြားနက်ရှိုင်းတဲ့ ခံစားမှုအတွေ့အကြုံကို ရနိုင်လေလေ ဖြစ်ပါတယ်။
Source : MensXP
Featured Photo : The Sun