ကွီးတို့ကတော့ ခေါင်းစဥ်ကို ဖတ်ကြည့်ပြီး ရူးကြောင်ကြောင်နိုင်လှချည်လားလို့ တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ဒါပေမယ့် ၁၈ အပေါင်း ဇာတ်ကားတွေက ကွီးတို့ရဲ့ ကျန်းမာရေး ကို ရှယ်ကောင်းစေတာကတော့ အမှန်တရားပါပဲ။

ကွီးတို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတယ်

၁၈ ကျန်းမာရေး

၁၈ ယောက် စုပြီး ကြည့်ရတဲ့ ဇာတ်ကားတွေသည် ကွီးတို့ရဲ့ လိင်အင်္ဂါ ကျန်းမာရေး အတွက် ကောင်းမွန်စေပါတယ်။ နှစ်ခြိုက်စွာ အိပ်မောကျစေတဲ့အပြင် ကွီးတို့ရဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေပြီး ဦးနှောက် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတယ်လို့ လေ့လာချက်များက ဖော်ပြထားပါတယ်။

FA တွေအတွက်လည်း အသုံးတည့်တယ်

၁၈ ကျန်းမာရေး

တွင်းအောင်းစရာမရှိတဲ့ မြေကြီးတွေအတွက်ကတော့ ဒီလိုဇာတ်ကားတွေသည် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လက်တွဲဖော်ရှိတဲ့သူတွေသည်လည်း တစ်ခါတစ်လေမှာလည်း ကိုယ့်ရဲ့ လက်တွဲဖော်က စိတ်မပါတဲ့ အခါမျိုးတွေ၊ နေမကောင်းဖြစ်တဲ့ အခါမျိုးတွေမှာ ဒီဇာတ်ကားတွေက ကွီးတို့ရဲ့ အာသီသကို ပြည့်ဝလာအောင် ဖန်တီးပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုများကို ဖယ်ရှားပေးတယ်

၁၈ ကျန်းမာရေး

ဘဝကြီးက စိတ်ဖိစီးစရာတွေနဲ့သာ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ နှစ်ပါးသွားကခြင်းသည် စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်သလိုပဲ ဒီလို ဇာတ်ကားများ ကြည့်ခြင်းသည်လည်း ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်ပါတယ်။

Relationship ကို ပိုမိုခိုင်မြဲစေတယ်

၁၈ ကျန်းမာရေး

ကိုယ့်ချစ်သူကောင်မလေးနဲ့အတူတူ ၁၈ အပေါင်း ဇာတ်ကားတွေကို အတူတူ ကြည့်ဖူးပါသလား။ အတူတူ ကြည့်ဖူးတယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရေရှည်ဆက်ဆံရေးအတွက် ကောင်းကျိုးများစွာ ဖန်တီးပေးနိုင်ပါတယ်။ နှစ်ဦးသားကြား ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် သက်သောင့်သက်သာရှိကြောင့် ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။

သိုင်းကွက်အသစ်တွေကို လေ့လာသင်ယူနိုင်တယ်

သိုင်းကွက်

သိုင်းကွက်တစ်မျိုးတည်းကိုပဲ ထုတ်သုံးနေမိမယ်ဆိုရင် ပျင်းရိ ငြီးငွေ့စရာကောင်းသွားပါလိမ့်မယ်။ နှစ်ဦးသားစလုံး ခံစားချက်များ အထွတ်အထိပ်အထိ ရောက်ပြီး စိတ်လှုပ်ရှားစရာကောင်းဖို့ဆိုရင် သိုင်းကွက်မျိုးစုံ ထုတ်သုံးမှ အဆင်ပြေပါလိမ့်မယ်။ ဒီ့အတွက်ဆိုရင်တော့ သိုင်းကွက်အသစ်အဆန်းတွေကို ၁၈ အပေါင်း ဇာတ်ကားတွေမှာ လေ့လာနိုင်ပါတယ်။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားလည်း ရှိသေးတော့ ၁၈ ယောက်စုပြီး ကြည့်ရတဲ့ဇာတ်ကားတွေသည်လည်း ထိုနည်းအတိုင်းပါပဲ။ သူ့ချည်းပဲ​ စွဲလန်းနေမယ်ဆိုရင် ကွီးတို့ရဲ့ နေ့စဥ် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အတွက်ကြောင့် လိုအပ်တဲ့အချိန်မှသာ ထုတ်ကြည့်သင့်ကြောင့် လက်တို့လိုက်ရပါတယ်။

Source: Lifeberrys

Featured Image: Honest Christian