VPN ဆိုတာကတော့ ကွီးတို့ရဲ့ IP address နဲ့ Online ပေါ်က လှုပ်ရှားမှုတွေကို ခြေရာခံလို့မရအောင် ကာကွယ်ပေးထားတဲ့ Virtual Private Network တစ်ခု ဖြစ်ပါတယ်။ Online အသုံးပြုတဲ့အခါ ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိစေဖို့ VPNs တွေကို သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခမဲ့ အသုံးပြုလို့ရတဲ့ Free VPN တိုင်းကတော့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံမှုအတွက် အပြည့်အဝ အာမခံချက် မရှိပါဘူး။ တချို့ VPN တွေဆိုရင် အကန့်အသတ်နဲ့သာ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်အသုံးပြုလိုပါက ဝန်ဆောင်ခ ‌ပေးဆောင်ရတာမျိုး ရှိပါတယ်။ အခုပြောပြပေးမှာပါကတော့ အခမဲ့ အသုံးပြုလို့ရတဲ့အပြင် လုံခြုံစိတ်ချမှုရှိတဲ့ ၂၀၂၂ အတွင်းက အကောင်းဆုံး Free VPN ၆ ခုအကြောင်း ဖြစ်ပါတယ်။

(၁) ProtonVPN Free

Photo : protonvpn.com

Free VPNတွေထဲမှာတော့ ProtonVPN Free က သုံးလို့ အကောင်းဆုံးပါပဲ။ ကုဒ်ဝှက်ထားတဲ့ အီးမေးလ် ဝန်ဆောင်မှု ProtonMail ပါရှိတဲ့အတွက် လူကြိုက်များပါတယ်။ အသုံးပြုရ မြန်ဆန်ပြီး လုံခြုံမှု အပြည့်ရှိတဲ့ အခမဲ့ VPNတစ်ခုဖြစ်သလို Upgrade လုပ်ချင်တဲ့ သူတွေအနေနဲ့လည်း Paid Version ကို ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၂) Hotspot Shield Free VPN

Photo : Tom’s Guide

Hotspot Shield VPN က AnchorFree Inc ကနေ ထုတ်ထားတဲ့ Free VPN တစ်ခုဖြစ်ပါတယ်။ အခမဲ့ အသုံးပြုလိုသူတွေအတွက် တစ်ရက်ကို ၅၀၀ MB အထိ Free သုံးလို့ရမှာ ဖြစ်ပြီး Premium Plan အနေနဲ့ ဝယ်သုံးမယ်ဆိုရင်တော့ ချိတ်ဆက်မှု ၅ ခုအထိ ခွင့်ပြုထားပြီး ဒေတာကန့်သတ်ချက်မရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Hotspot Shield Free VPNဟာ နိုင်ငံပေါင်း ၈၀ ကျော်ရှိ ဆာဗာများနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) ExpressVPN

Photo : Wired UK

ExpressVPN က အခမဲ့ အသုံးပြုလို့ရတဲ့ အကောင်းဆုံး VPN တွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၉၀ ကျော်ရှိ မြန်နှုန်းမြင့် ဆာဗာများနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ExpressVPN က ပိုမို လုံခြုံမှုရှိစေတဲ့ သီးသန့် ချိတ်ဆက်မှုတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ Paid Version ကို ဝယ်ယူအသုံးပြုမယ်ဆိုရင်တော့ တခြားVPN တွေထက် အနည်းငယ် ဈေးပိုကြီးပါတယ်။

(၄) Privado VPN

Photo : FileHorse

PrivadoVPN က Users တွေရဲ့ အသုံးပြုမှု ဒေတာအချက်အလက်တွေကို မှတ်တမ်းတင် သိမ်းဆည်းထားခြင်းမရှိတဲ့ Zero Log VPN တစ်ခု ဖြစ်ပါတယ်။ ExpressVPN လိုပဲ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်ပိုင်းဆိုင်ရာ ပိုမိုလုံခြုံမှုရှိစေတဲ့ သီးသန့် ချိတ်ဆက်မှုတွေကို လည်း ထောက်ပံ့ပေးပါတယ်။ Privado VPN က 256-bit-AES Encryption စနစ်ကို အသုံးပြုထားတာကြောင့် Peer To Peer Transfers လုပ်ရာမှာ ပိုပြီး လျင်မြန်မှုရှိပါတယ်။ Free Plan ကို စိတ်ကြိုက်အသုံးပြုနိုင်မှာ ဖြစ်ပြီး Subscription Plan အနေနဲ့လည်း ဝယ်သုံးလို့ရပါတယ်။

(၅) Hide Me

Photo : Just Alternative To

အခမဲ့အသုံးပြုလို့ရတဲ့ နောက်ထပ်အကောင်းဆုံးFree VPN တစ်ခုကတော့ HideMe ဖြစ်ပါတယ်။ Hide Me VPN ကလည်း အသုံးပြုသူတွေရဲ့ ဒေတာမှတ်တမ်းတွေကို သိမ်းဆည်းထားခြင်းမရှိတဲ့ VPNတစ်ခု ဖြစ်ပါတယ်။ Free Users တွေအတွက် အသုံးပြုနိုင်တဲ့ စိတ်ဝင်စားဖွယ် Features တွေလည်း အများကြီး ထည့်သွင်းပေးထားပါတယ်။ DNS Leak ဖြစ်မှုကို ကာကွယ်ပေးပြီး ပိုမိုကောင်းမွန်တဲ့ Streaming Experience တွေကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။ မြန်ဆန်ပြီး စိတ်ချလုံခြုံမှုရှိသလို 24/7 ဝန်ဆောင်မှု ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

(၆) TunnelBear VPN

Photo : Trusted Reviews

TunnelBear ဟာ 256-bit-AES Encryption စနစ်သုံး အကောင်းဆုံး အခမဲ့ VPNတစ်ခု ဖြစ်ပါတယ်။ နည်းပညာ ကုမ္ပဏီ McAfee က Tunnelbear ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံစိတ်ချမှုရှိစေဖို့ TunnelBear VPN ဟာ နှစ်စဉ် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးနေတဲ့ တစ်ခုတည်းသော Free VPN ဖြစ်ပြီး အားနည်းချက်ကတော့ လစဉ်ဒေတာ ကန့်သတ်ချက် ၅၀၀ MB သာ အခမဲ့ အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။

Featured Photo : GizChina.it