၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Laptop တွေက ဘယ်အမျိုးအစားတွေ ဖြစ်မလဲ။ ကွီးတို့အနေနဲ့ Laptop အသစ်တစ်လုံး ဝယ်ပြီး Upgrade လုပ်ဖို့ စဥ်းစားနေတယ်ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ Laptop တွေကို သေသေချာချာ လေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။
၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးအတွင်း အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Laptop အမျိုးအစားများကတော့ …
Apple MacBook Air M1 2020
Photo: Techradar
ဒီနှစ်ထဲမှာ M2 မော်ဒယ်အမျိုးအစား အသစ်ထွက်လာတယ်ဆိုပေမယ့်လည်း ကွီးတို့အနေနဲ့ ဈေးသက်သာတာမျိုးကိုပဲ ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ၉၉၉ ဒေါ်လာ ကုန်ကျမယ့် M1 အမျိုးအစားကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ ဘက္ထရီကလည်း ၁၈ နာရီတောင် အသုံးခံတာကြောင့် ရုံးသမားတွေရော ကျောင်းသမားတွေအတွက်ပါ သင့်တော်ပါတယ်။
Dell XPS 13
Photo : CNET
MacBook Air M1 ကို မဝယ်ချင်ဘူး၊ သူ့ထက် ဈေးသက်သာတာမျိုးကို ဝယ်ချင်ပြီး MacBook လိုမျိုးလည်း သုံးရတာ ပေါ့ပေါ့ပါးပါးနဲ့ အသုံးခံတာမျိုးကို လိုချင်တယ်ဆိုရင်တော့ Dell XPS 13 အမျိုးအစားရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၄၉ ပေးဝယ်ရမှာ ဖြစ်ပါတယ်။
HP Pavilion Aero 13
Photo: Financialexpress
ဒေါ်လာ ၁၀၀ အောက် အကောင်းစား လက်ပ်တော့မျိုးကို ဝယ်ယူချင်ပါသလား။ ဒါဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ်သင့်ပါတယ်။ အလေးချိန်က ၂ ပေါင်ခန့်သာ လေးပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၀ ပတ်ချာလည်ပဲ ရှိတာပါ။
Apple MacBook Air M2
Photo: Theguardian
M1 ရဲ့ ဒီဇိုင်းကို မကြိုက်ဘူးဆိုရင်တော့ ဒီဇိုင်းအသစ်ဖြစ်တဲ့ M2 ကို ရွေးချယ်နိုင်ပါတယ်။ သူ့ဘက္ထရီကတော့ M1 ထက် ၄ နာရီပိုခံပါတယ်။ ဈေးနှုန်းကတော့ ၁၁၉၉ ဒေါ်လာကနေ စတင်ဝယ်ယူနိုင်ပါတယ်။
Lenovo Yoga 7i Gen 7 (14-inch)
Photo: Amazon
၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ နောက်ထပ် အမျိုးအစာတစ်ခုကတော့ Lenovo Yoga 7i Gen 7 (14-inch) ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၀ ပေးဝဘ်ရမှာဖြစ်ပါတယ်။ ဖန်ရှင်အမျိုးအစားလည်း စုံလင်ပြီး ဘက္ထရီကတော့ ၁၂ နာရီနဲ့ ၄၅ မိနစ်ခန့်အထိ ခံပါတယ်။
Dell Inspiron 16 Plus
Photo: Expertreviews
ဗွီဒီယိုတွေကို Edit လုပ်ရတယ်၊ ဖန်တီးရတယ်ဆိုတဲ့ ကွီးတို့အတွက်ကတော့ ဖန်ရှင် နည်းတဲ့ လက်ပတော့တွေနဲ့ သင့်တော်မှာမဟုတ်ပါဘူး။ ဖန်ရှင်နှင့် စွမ်းဆောင်ရည်မြင့်မားတဲ့ လက်ပ်တော့လည်းဖြစ်ရမယ် ပိုက်ဆံချွေတာတဲ့အနေနဲ့ ဘက်ဂျက်လက်ပ်တော့လည်း ဖြစ်ရမယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀၀ ဝန်းကျင်ပါ။
Microsoft Surface Pro 8
Photo: Theverge
Surface ရဲ့ အမာခံ ပရိသတ်တွေအတွက်ကတော့ Surface Pro 8 လေးရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၇၀၊ ၈၀၀ ဝန်းကျင်ရှိပါတယ်။ ပေါ့ပေါ့ပါးပါးနှင့် စွမ်းဆောင်ရည် မြင့်မားတာမျိုးကို လိုချင်ရင်တော့ ဒီအမျိုးအစားက သင့်တော်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ အခြားသော အသုံးအဆောင် ပစ္စည်းပစ္စယတွေကို သပ်သပ်ထပ်ဝယ်ရမှာဆိုတော့ ဒေါ်လာ ၇၇၀ ၊ ၈၀၀ ထက် ပိုကုန်မယ်ဆိုတာကိုတော့ ထည့်တွက်ထားရမှာဖြစ်ပါတယ်။
ကွီးတို့ရော လက်ပ်တော့ အသစ်ဝယ်မယ်ဆိုရင် ဘယ်မော်ဒယ်အမျိုးအစားကို ရွေးချယ် ဝယ်ယူမယ်လို့ စဥ်းစားထားပါသလဲ။
Source: Cnet.com
Featured Image: Nytimes