လုပ်ငန်းခွင်ဝင်နေတဲ့ သူပဲဖြစ်ဖြစ်၊ စာလေ့လာနေတဲ့သူပဲ ဖြစ်ဖြစ် ကွန်ပျူတာ အသုံးပြုတဲ့နေရာမှာ မောက်စ်တွေကလည်း အရေးပါပါတယ်။ လက်ရှိဈေးကွက်မှာ စွမ်းဆောင်ရည်မြင့် အမျိုးမျိုးသော မော်ဒယ်လ်တွေနဲ့ မောက်စ်တွေကလည်း အများအပြားပါပဲ။ မောက်စ်ကို ရွေးချယ်တဲ့နေရာမှာ ကြိုးတွေနဲ့ ရှုပ်နေတာမျိုးမကြိုက်ဘဲ ပေါ့ပေါ့ပါးပါး ဘယ်ဆောင်သွားလို့ရပြီး ချိတ်ဆက်ရလွယ်ကူတဲ့ Wireless မောက်စ်တွေက ရွေးချယ်ချင်စရာပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ဒီနှစ် ၂၀၂၃ မှာ စမ်းသုံးကြည့်ချင်စရာ အလန်းစား မောက်စ် တွေကို ဝေမျှပေးချင်ပါတယ်။
Logitech MX Master 3S

Photo : theaxo.com
ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တဲ့ မောက်စ်ကတော့ Logitech MX Master 3S ဖြစ်ပါတယ်။ ဒီမောက်စ်က အလုပ်အတွက် သင့်တော်တဲ့အပြင် ပေါ့ပါးပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်သည်သာမက လက်ထဲတွင် အလွန်သက်တောင့်သက်သာ ဖြစ်တယ်လို့ ခံစားရစေပါတယ်။ ၎င်းမှာ (USB-C charging) ပါရှိပြီး ဘတ်ထရီ အနေနဲ့ကတော့ ရက်ပေါင်း ၇၀ ထိခံတာကတော့ တကယ်ကို ရွေးချယ်ချင်စရာပဲ။ ဒါ့အပြင် ၎င်းရဲ့ Magnetic Scroll Wheel က တော်တော်လေး ပေါ့ပါးပြီး ချော့မွေ့ပါတယ်။ သို့သော်လည်း ဒီ မောက်စ်က အရွယ်အစား အနည်းငယ်ကြီးတာကြောင့် လက်သေးတဲ့ လူများအတွက်တော့ စဉ်းစားစရာပါပဲ။
Logitech Lift

Photo : NEWCOM Computer Systems
ဒီမောက်စ်ကတော့ ဘယ်သန်တွေအတွက်လည်း အသုံးပြုဖို့ အဆင်ပြေစေမဲ့ အကောင်းဆုံး မောက်စ်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီမောက်စ်ကို အသုံးပြုရာမှာ ကျွန်တော်တို့ ပုံမှန်အသုံးပြုနေကျ သမားရိုးကျမောက်စ်ကို အသုံးပြုပုံနဲ့ မတူဘဲ ၎င်းကို ‘လက်ဆွဲနှုတ်ဆက်သည့်အနေအထား’ ဖြင့် ကိုင်ပြီး အသုံးပြုရမှာကတော့ ထူးခြားချက်ပါပဲ။ အသေးစားနဲ့ အလတ်စား လက်များအတွက် အသုံးပြုလို့ အဆင်ပြေပါတယ်။ ၎င်းမှာ အသံတိတ်ဆိတ်သော ခလုတ်များ နှင့် Notched Scrolling နှင့် များစွာပိုမြန်သော Free-Scrolling Mode တို့ကြား အလိုအလျောက်ပြောင်းပေးသည့် Scroll Wheel လည်း ပါရှိပါသည်။
Lenovo Go Wireless Vertical Mouse

Photo : Windows Central
၂၀၂၃ မှာ စမ်းကြည့်သင့်တဲ့ နောက်ထပ် အလန်းစားမောက်စ် တစ်ခုကတော့ Lenovo Go Wireless Vertical Mouse ပဲ ဖြစ်ပါတယ်။ ဒီမောက်စ်ရဲ့ တည်ဆောက်ပုံနဲ့ ဒီဇိုင်းကတော့ တကယ်ကို အမိုက်စားပါပဲ။ ၎င်းမှာ သက်တောင့်သက်သာရှိပြီး စတိုင်ကျသော ဖော့ပြားဘေးဘက်အလွှာကြောင့် ခိုင်ခံ့မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ၎င်းမှာ ၅၇ ဒီဂရီ “လက်ဆွဲနှုတ်ဆက်သည့် အနေအထား” ထောင့်နှင့် ပရိုဂရမ်လုပ်နိုင်သော ခလုတ်များစွာ ပါဝင်ပါတယ်။ သူ့ရဲ့ ဘေးခလုတ်နေရာချထားတဲ့ ပုံစံကတော့ ရွေးချယ်ဖို့ နည်းနည်း စဉ်းစားစရာပါပဲ။
Logitech M510

Photo : Walmart.com
ဒီမောက်စ်ကတော့ သက်တောင့်သက်သာရှိပြီး လက်အများစုနဲ့ အဆင်ပြေတဲ့ မောက်စ်တစ်ခု ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ရုံးခန်းများအတွက် အထူးသင့်တော်တဲ့ Wireless မောက်စ် ဆိုလည်း မမှားပါဘူး။ ၎င်းမှာလည်း ပရိုဂရမ်လုပ်နိုင်သော ခလုတ် ၇ ခုပါရှိပါတယ်။ ဒါ့အပြင် ဈေးနှုန်း သင့်တင့်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ အကောင်းဆုံး မောက်စ်တစ်ခု ဆိုလည်း မမှားပါဘူး။
ကွီးတို့ရေ ၂၀၂၃ မှာ စမ်းကြည့်သင့်တဲ့ အလန်းစား Wireless မောက်စ် တွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ မောက်စ် လဲမယ်ဆိုရင်ရော ဘယ်မောက်စ်ကို ရွေးချယ်မှာပါလဲ။
Source : Tom’s Hardware
Featured Photo : Dem Crumblies
