၂၀၂၅ ခုနှစ်ကတော့ ဂိမ်းချစ်သူ ကွီးတို့ ရင်ခုန်ရမယ့် နှစ်တစ်နှစ်လို့ ပြောရမှာပါပဲ။ ဘာလို့ဆို ဒီနှစ်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အမိုက်စား ဂိမ်းတွေအများကြီး ထွက်ဖို့ ရှိနေလို့ပါ။ ၂၀၂၅ မှာထွက်မယ်လို့ ကြိုတင်ကြေညာထားတဲ့ ဂိမ်းတွေရှိသလို သတင်းပေါက်ကြားလာတဲ့ ခပ်မိုက်မိုက်ဂိမ်းတွေလည်း အများကြီး ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီနှစ်အစောပိုင်းမှာ ထွက်ဖို့ရှိနေတဲ့ အမိုက်စား ဂိမ်းတွေထဲက အချို့ကို ပြောပြပေးပါမယ်။
(၁) Eternal Strands

Photo : Eternal Strands
Eternal Strands ဂိမ်းကတော့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထွက်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းက Action-Adventure ဂိမ်း အမျိုးအစားဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ အံ့ဖွယ်ကမ္ဘာတစ်ခုဆီ ခေါ်ဆောင်သွားမှာပါ။ အံ့ဖွယ်ကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချိန်မှာ ထူးခြားဆန်းကြယ်တဲ့ မှော်လက်နက်တွေကို အသုံးပြုပြီး ရန်သူတော် အမျိုးမျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။
(၂) Assassin’s Creed Shadows

Photo : Star 102.7
Assassin’s Creed ဖန်တွေ စောင့်မျှော်နေတဲ့ Assassin’s Creed Shadows ဂိမ်းကတော့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထွက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီဂိမ်းက လုံးဝအမိုက်စား Action Role-Playing ဂိမ်းတစ်ခုဖြစ်ပြီး ၁၆ ရာစုနှစ်ရဲ့ ဂျပန်အငွေ့အသက်တွေကို ထည့်သွင်းပုံဖော်ထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မစ်ရှင်တွေနဲ့ ခက်ခဲနက်နဲတဲ့ နည်းဗျူဟာတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆော့ကစားရမှာ ဖြစ်ပါတယ်။
(၃) Avowed

Photo : Windows Central
Avowed ကတော့ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အသစ်ထွက်ရှိလာမယ့် အမိုက်စား Action Role-Playing ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ယခင် Pillars of Eternity စီးရီးမှာ မြင်တွေ့ခဲ့ရတဲ့ Eora ရဲ့ ထူးခြားတဲ့ ကမ္ဘာဆီကို ပြန်လည်ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Players တွေကတော့ ဒီဂိမ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ Dream Scourge ကို စုံစမ်းစစ်ဆေးဖို့ အထူး သံတမန်ရေးရာ ဇာတ်ကောင်နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ မှော်လက်နက်တွေ ၊ တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ ဂိမ်းချစ်သူတွေ ခပ်မိုက်မိုက် ဆော့ကစားရမယ့် စိတ်ဝင်စားဖွယ် ဂိမ်းတစ်ခု ဖြစ်ပါတယ်။
(၄) Marvel’s Spider-Man 2

Photo : IGN Nordic
Marvel’s Spider-Man 2 ကတော့ ဂိမ်းအသစ်မဟုတ်ပေမယ့် ဒီနှစ်ထဲမှာ PC ဗားရှင်းကို ပထမဦးဆုံး ပွဲဦးထွက် မိတ်ဆက်လာမှာ ဖြစ်ပါတယ်။ အရင်က PS5 အတွက်သာ ထွက်ထားတာဖြစ်ပြီး လက်ရှိထွက်လာမယ့် PC ဗားရှင်းမှာတော့ Peter Parker နဲ့ Miles Morales တို့ရဲ့ စွန့်စားခန်းတွေကို အသစ်ထပ်ထည့် ပေးထားပါတယ်။ ဝတ်စုံအသစ်တွေ ၊ Game မုဒ်အသစ်တွေနဲ့ Venom ၊ Kraven တို့လို့ အထင်ကရ ဗီလိန်တွေလည်း ပါဝင်လာမှာဖြစ်ပြီး ဂိမ်းချစ်သူ တွေ နှစ်သက်ရမယ့် အကောင်းဆုံး စူပါဟီးရိုးဂိမ်းတွေထဲကတစ်ခု ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ ဒီဂိမ်းကတော့ လာမယ့် ဖေဖော်ဝါရီ ၃၀ ရက်နေ့မှာ ထွက်မှာ ဖြစ်ပါတယ်။
Source : Analytics Insight
Featured Photo : Power Up Gaming
