မားမားခေါက်ဆွဲပြုတ် သလို ၃ မိနစ် လောက်ပဲကြာတဲ့ ရေမြွေလေး ဖြစ်နေလို့ ကွီးတို့ ဒီပရက်ရှင်ဝင်နေပြီလား ? အိပ်ရာထဲ အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ ကွီးတို့ရဲ့ နေ့စဉ်ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင် ကြံ့ခိုင်သန်စွမ်းနေဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့ သိုင်းကွက် ပုံစံတွေကလည်း ကွီးတို့ရဲ့ စွမ်းဆောင်ရည် / ကြာချိန်အပေါ် သက်ရောက်မှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ မိနစ် ၃၀ နဲ့အထက် အချိန်ကြာကြာ အစွမ်းပြနိုင်ဖို့ ကူညီပေးနိုင်တဲ့ သိုင်းကွက် အချို့ကို ပြောပြပေးပါမယ်။
(၁) ကြာပန်းထိုင် သိုင်းကွက်
Photo : Metro
ဒီသိုင်းကွက်တော့ ကွီးတို့ တင်ပျင်ခွေ ထိုင်လျက်ထားပြီး ပါတနာကို ကွီးတို့ရဲ့ အပေါ်ကနေ ထိုင်ခိုင်းကာ ချစ်တင်းနှော ရမှာ ဖြစ်ပါတယ်။ နှစ်ဦးသား မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ရှိစေတဲ့အတွက် ရင်းနှီးမှုကို တိုးစေပြီး ဖြည်းဖြည်းချင်း ညင်ညင်သာသာ လှုပ်ရှားသိုင်းကစားရမှာ ဖြစ်တာကြောင့် ခံစားမှုကောင်းစေသလို စွမ်းဆောင်ချိန်ကိုလည်း ကြာမြှင့်အောင် ဆွဲဆန့်ပေးနိုင်ပါတယ်။
(၂) ရင်ဝယ်ပိုက် သိုင်းကွက်
Photo : Metro
၃ မိနစ် မားမားခေါက်ဆွဲပြုတ် သမားတွေ သုံးကြည့်သင့်တဲ့ အမိုက်စား သိုင်းကွက်တစ်ခု ဖြစ်ပါတယ်။ ကွီးတို့ ပါတနာကို ပက်လက်အနေအထား လှဲလျောင်းစေပါ။ ကွီးတို့ကတော့ ဒူးထောက်လျက် အနေအထားနဲ့ ပါတနာရဲ့ တင်ပါးတွေကို မြှင့်ထားပြီး ဒူးနှစ်ဖက်ကို ကွီးတို့ရဲ့ ရင်ခွင်ထဲ ပွေ့ပိုက်ထားရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်က နက်ရှိုင်းတဲ့ ထိုးဖောက်ဝင်ရောက်မှု ကောင်းကောင်းပေးနိုင်သလို အချိန်ကြာကြာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဖို့စေဖို့လည်း အထောက်အကူ ပြုပါတယ်။
(၃) နှစ်ထပ်မှောက်လျက် သိုင်းကွက်
Photo : Metro
ဒီသိုင်းကွက်ကို Lazy Dog လို့ ခေါ်ပါတယ်။ Doggy Style Position နဲ့ဆင်တူပြီး ကွီးတို့ရော ကွီးတို့ ပါတနာ နှစ်ဦးလုံး အိပ်ရာပေါ်မှာ မှောက်လျက်အနေအထားနဲ့ နှစ်ပါးသွားရမှာ ဖြစ်ပါတယ်။ သက်တောင့်သက်သာရှိနဲ့ ညင်သာငြိမ့်ငြောင်းတဲ့ ထိုးဖောက်ဝင်ရောက်မှုကို လုပ်ဆောင်နိုင်တဲ့အတွက် ခံစားမှုတွေ အင်မတန် ကောင်းမွန်နေစေမှာ ဖြစ်ပြီး ၃ မိနစ်မှသည် မိနစ် ၃၀ နဲ့အထက် ကြာကြာစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Source : Metro
Featured Photo : Talkspace