အမျိုးသားထုကြီး ကြားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ထိတိုင် ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး ကွဲလွဲတဲ့အမြင်တွေ ၊ အယူအဆတွေ များစွာရှိနေပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ လိင်တံ အရွယ်အစား အပေါ် အားရကျေနပ်မှု မရှိတာ ၊ လက်ရှိဆိုဒ်ထက် ပိုပြီး ကြီးထွားချင်တာ ဒါတွေဟာ အမျိုးသား အများစုမှာ ဖြစ်နေကြတဲ့ ပြဿနာပါ။

5 inch penis
Photo : The Sun

ဖွားဖက်တော် ကြီးထွားစေမယ့် နည်းလမ်းတွေ ၊ ဆေးမြီးတိုတွေ ဆိုရင်လည်း အမျိုးသား တော်တော်များများ စိတ်ဝင်တစား လက်တည့်စမ်းကြည့်လေ့ ရှိကြပါတယ်။ သိပ္ပံနည်းကျ သုတေသန ပြုချက်တွေအရ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အနေနဲ့ ရှိရင်းစွဲ ဖွားဖက်တော် အရွယ်အစားကို သိသိသာသာ ပြောင်းလဲနိုင်မယ့် နည်းလမ်းရယ်လို့ လက်ရှိအချိန်အထိတော့ မရှိသေးပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာ ရောင်းချတဲ့ လိင်တံကြီးထွားစေမယ့် သောက်ဆေးတွေ ၊ လိမ်းဆေးရင်မ်နဲ့ ဂျယ်တွေဆိုတာလည်း ထင်သလောက် အလုပ်မဖြစ်ပါဘူး။ ဖွားဖက်တော်ရဲ့ လုံးပတ်အရွယ်အစားနဲ့ အရှည်ကို တိုးစေဖို့ဆိုရင် Penis Enlargement Surgery လို့ခေါ်တဲ့ လိင်တံ ခွဲစိတ်ကုသမှု ကုထုံးတစ်ခု တည်းကသာ ထိရောက်သေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။

သို့သော် ဒီနည်းလမ်းဟာ ကုန်ကျစရိတ် အရမ်းကို များသလို ဖွားဖက်တော် ခွဲစိတ်ကုသမှု လုပ်ပြီးချိန်မှာ နောက်ဆက်တွဲ ပြဿနာတွေ ၊ ဘေးထွက် ဆိုးကျိုးတွေ အများကြီး ရှိနေပါတယ်။ ကုန်ကုန်ပြောရရင် လိင်တံ အရွယ်အစား နဲ့ ကိုယ့်အသက်ကို လောင်ကြေးထပ်ရတဲ့အထိ Risk များပါတယ်။

5 inch penis

Photo : Tshirt At Low Price

ဒီလို ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး စိတ်တိုင်းမကျတဲ့ အမျိုးသားတွေ ၊ အားမလိုအားမရ ဖြစ်နေတဲ့ ကွီးတို့အတွက် အခြေခံကျဆုံး ဖြေရှင်းချက်တစ်ခုဟာ လိင်မှုအသိပညာကို တိုးမြင့်ဖို့ ၊ လိင်အင်္ဂါနဲ့ ခန္ဓာကိုယ် အခြေခံ ဖွဲ့စည်းတည်ဆောက်မှု သဘောသဘာဝတွေအကြောင်းကို လေ့လာပြီး ကိုယ့်ရဲ့ ထင်မြင်ယူချက်တွေကို ပြောင်းလဲလိုက်ခြင်းဟာ ဖွားဖက်တော် အရွယ်အစား ပြဿနာကို ဖြေရှင်းနိုင်မယ့် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ လိင်တံအရွယ်အစားဟာ ကွီးတို့ရဲ့ လက်တွဲဖော် ပါတနာနဲ့ ဆက်ဆံရေးအပေါ် ထိခိုက်မှု ကြီးကြီးမားမား မရှိနိုင်ဘူး ဆိုတာကိုလည်း ယုံကြည်လက်ခံ ထားရပါမယ်။ ပုံမှန်အားဖြင့် အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားဟာ ၅.၁ လက်မကနေ ၅.၄ လက်မကြားရှိပြီး ဒီအရွယ်အစားဟာ လိင်မှုကိစ္စ လုပ်ဆောင်ဖို့ လုံလောက်သလို သင့်ပါတနာကို စိတ်ကျေနပ်အောင် စွမ်းဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ လိင်တံအရွယ်အစားထက် သင်နဲ့ သင့်ပါတနာကြားက ချစ်ခင်ရင်းနှီးမှု ၊ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ အကျွမ်းတဝင်ရှိမှုတွေဟာ စိတ်ကျေနပ် ပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် ပိုပြီး အရေးပါတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

Source : Thehealthsite

Featured Photo : Vox