ရော့ခ်ဂီတ ကြီးစိုးခဲ့တဲ့ ၈၀ ခုနှစ် ကာလတွေမှာ အောင်မြင်ကျော်ကြားဆုံးနဲ့ လူကြိုက်များ ရေပန်းစားခဲ့တဲ့ ရော့ခ်ဂီတ အဖွဲ့တွေ အများကြီး ပေါ်ထွက် ခဲ့ပါတယ်။ Guns N’ Roses ၊ Metallica ၊ R.E.M. ၊ Red Hot Chili Peppers စတဲ့ နာမည်ကြီး ရော့ခ်ဂီတ အဖွဲ့တွေ အပါအဝင် အောင်မြင်တဲ့ ရော့ခ်ဂီတ အဖွဲ့ပေါင်း ရာနဲ့ချီ ထွက်ပေါ်ခဲ့ပါတယ်။ ဒီထဲကမှ အဲ့ဒီခေတ် အဲ့ဒီကာလက ပရိသတ်တွေကို အလွှမ်းမိုးနိုင်ဆုံးနဲ့ အအောင်မြင်ဆုံး ထိပ်တန်း ရော့ခ်ဂီတ အဖွဲ့  ၅ ဖွဲ့ အကြောင်း ပြောပြပေး ချင်ပါတယ်။ ဘယ်အဖွဲ့တွေက ၈၀ ခုနှစ်ရဲ့ အကောင်းဆုံး ထိပ်တန်း ရော့ခ်ဂီတ အဖွဲ့တွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၅) Mötley Crüe

၈၀ ရော့ခ်ဂီတ အဖွဲ့
Photo : SPIN

အမေရိကန် ဟဲဗီးမက်တယ် ဂီတအဖွဲ့တစ်ခု ဖြစ်တဲ့ Mötley Crüe Band ကိုတော့ ၁၉၈၁ ခုနှစ်က Los Angeles မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ Mötley Crüe ဂီတအဖွဲ့မှာ ဘေ့စ်သမား Nikki Sixx ၊ ဒရမ်သမား Tommy Lee ၊ လိဒ်ဂစ်တာသမား Mick Mars နဲ့ အဆိုသမား Vince Neil တို့ကနေ ဦးဆောင်ပြီး တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ Mötley Crüe အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်း အယ်လ်ဘမ်ပေါင်း သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ၈၀ ခုနှစ်ရဲ့   နာမည်ကြီး ရော့ခ်ဂီတ အဖွဲ့ များစွာထဲက အအောင်မြင်ဆုံး တစ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

(၄) R.E.M.

၈၀ ရော့ခ်ဂီတ အဖွဲ့

Photo : Wikipedia

အမေရိကန် ရော့ခ်ဂီတအဖွဲ့ R.E.M. ကို ၁၉၈၀ ခုနှစ် Georgia နိုင်ငံ ၊ Athens မြို့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် Bill Berry ၊ Peter Buck ၊ Mike Mills နဲ့ Michael Stipe တို့ ပါဝင်ခဲ့ ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Out of Time (1991) အယ်လ်ဘမ်နဲ့ ၁၉၉၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ Automatic for the People (1992) အယ်လ်ဘမ်တွေကတော့ R.E.M. ဂီတအဖွဲ့ရဲ့ အအောင်မြင်ဆုံး စတူဒီယို အယ်လ်ဘမ်တွေပဲ ဖြစ်ပါတယ်။ R.E.M. ရော့ခ်ဂီတ အဖွဲ့ဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး ၈၀ ခုနှစ်ရဲ့ အအောင်မြင်ဆုံး ထိပ်တန်း ရော့ခ်ဂီတအဖွဲ့ တစ်ခု ဖြစ်ပါတယ်။

(၃) Bon Jovi

၈၀ ရော့ခ်ဂီတ အဖွဲ့

Photo : Bloomberg.com

အမေရိကန် ရော့ခ်ဂီတ အဖွဲ့ Bon Jovi ကိုတော့ ၁၉၈၃ ခုနှစ်က New Jersey ၊ Sayreville မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။ Bon Jovi အဖွဲ့မှာ အဆိုသမား Jon Bon Jovi ၊ ကီးဘုတ်သမား David Bryan ၊ ဒရမ်သမား Tico Torres ၊ ဂစ်တာသမား Phil X နဲ့ ဘေ့စ်သမား Hugh McDonald တို့ ပါဝင်ဖွဲ့စည်း ခဲ့ပါတယ်။ နာမည်ကြီး သီချင်းများစွာ ဖန်တီးခဲ့သလို အောင်မြင်တဲ့ စတူဒီယိုအယ်လ်ဘမ်ပေါင်း များစွာနဲ့အတူ ၈၀ ခုနှစ်ရဲ့ အကောင်းဆုံး ရော့ခ်ဂီတ အဖွဲ့ တစ်ခု အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

(၂) Metallica

၈၀ ရော့ခ်ဂီတ အဖွဲ့

Photo : uDiscoverMusic

Metallica ရော့ခ်ဂီတအဖွဲ့ကိုတော့ ၁၉၈၁ ခုနှစ်က Los Angeles မှာ အဆိုတော်လည်း ဖြစ်သလို ဂစ်တာသမားလည်း ဖြစ်တဲ့ James Hetfield နဲ့ ဒရမ်သမား Lars Ulrich တို့က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ Metallica ဂီတအဖွဲ့ဟာ အမေရိကန် ဟဲဗီးမက်တယ် ဂီတသမိုင်းမှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ James Hetfield ၊ Lars Ulrich ၊ Kirk Hammett နဲ့ Robert Trujillo တို့လို အဖွဲ့အဝင်အသစ်တွေ ထပ်တိုးလာခဲ့ပြီး ယနေ့တိုင် လူကြိုက်များနေဆဲ ဂီတအဖွဲ့ တစ်ခု ဖြစ်ပါတယ်။

(၁) Guns N’ Roses

၈၀ ရော့ခ်ဂီတ အဖွဲ့

Photo : Rockeros VIP

Guns N’ Roses ကတော့ မသိတဲ့သူမရှိလောက်ကို သြဇာကြီးမားတဲ့ အမေရိကန် ဟက်ရော့ခ် ဂီတတီးဝိုင်းတစ်ခု ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်က California ပြည်နယ် ၊ Los Angeles မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ Guns N’ Roses အဖွဲ့ကို အဆိုသမား Axl Rose ၊ လိဒ်ဂစ်တာသမား Slash ၊ ရစ်သမ် ဂစ်တာသမား Izzy Stradlin ၊ ဘေ့စ်သမား Duff McKagan နဲ့ ဒရမ်သမား Steven Adler တို့နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရော့ခ်ဂီတ သမိုင်းတစ်လျောက်မှာ အအောင်မြင်ဆုံးနဲ့ ဒီနေ့ခေတ်ထိ လူကြိုက်များနေတဲ့ ၈၀ ခုနှစ်ရဲ့ ထိပ်တန်း ရော့ခ်ဂီတ အဖွဲ့ တစ်ခုပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ ထိပ်တန်း ရောခ့်ဂီတ အဖွဲ့ တွေအပြင်  Poison ၊ Skid Row ၊ Red Hot Chili Peppers ၊ Ratt ၊ Warrant စတဲ့ အဖွဲ့တွေဟာလည်း  ၈၀ ခုနှစ်ရဲ့ အအောင်မြင်ဆုံး ထိပ်တန်း ရော့ခ်ဂီတ အဖွဲ့ တွေ အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။