နေ့စဉ်အလေ့အကျင့်တွေက သင့်ကို အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်အောင် ဆွဲခေါ်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေကြသူအများမှာ ကောင်းမွန်တဲ့ နေ့စဉ်အလေ့အကျင်တွေ များစွာရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ကိုယ်ပိုင်ဘဝနဲ့ ပရော်ဖက်ရှင်နယ်ဘဝတွေမှာ လက်တွေ့အသုံးချနိုင်မယ့် အောင်မြင်တဲ့လူငယ်စွန့်ဦးတီထွင်သူတွေရဲ့ အလေ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အတွေ့အကြုံသစ်များ ရှာဖွေပါ

SEEK NEW EXPERIENCES

Photo : Hotel Management

အောင်မြင်တဲ့ စွန့်ဦးတီထွင်သမားတွေမှာ အတွေ့အကြုံသစ်တွေကို ရှာဖွေတတ်တဲ့ အလေ့အထ ရှိကြပါတယ်။ နေ့စဉ် ပုံစံခွက်ထဲမှာပဲ လုပ်ရိုးလုပ်စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေရတာဟာ ငြီးငွေ့ခြင်းတွေကို ဖြစ်ပေါ်စေတာကြောင့် အပြောင်းအလဲဖြစ်စေမယ့် အတွေ့ အကြုံသစ်တွေ ရှာဖွေဖို့ လိုမှာပါ။ အတွေ့အကြုံအသစ်တွေက သင့်ကို comfort zone ထဲမှ ဆွဲထုတ်ပေးနိုင်ပြီး အောင်မြင်မှုကို တွန်းအားပေးမယ့် စိတ်ကူးသစ်တွေရရှိလာစေမှာ ဖြစ်ပါတယ်။

(၂) တိကျတဲ့ Goals များချမှတ်ပါ

SET CLEAR GOALSx

Photo : Efectio

BrandYourself ရဲ့ cofounder ဖြစ်တဲ့ Patrick Ambron ဟာဆိုရင် တစ်နေ့ကို ပန်းတိုင် ၃ ခု ချမှတ်တဲ့ အလေ့အကျင့်ကို လုပ်ဆောင်ပါတယ်။ တစ်နေ့တာမှာ ဘယ်လောက်ပဲ တခြားအရေးကြီးတဲ့အရာတွေရှိနေပါစေ သူဟာ ချမှတ်ထားတဲ့ နေ့စဉ် goals တွေကိုပဲ အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်လေ့ ရှိပါတယ်။ ဒီလိုတိကျတဲ့ goals တွေချမှတ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်တာဟာ အာရုံထွေပြားမှုကိုလျော့နည်းစေပြီး အလုပ်မြန်ဆန်စွာ ပြီးမြောက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

(၃) စွန့်စားဖို့ မကြောက်ပါနဲ့

DON’T BE AFRAID TO LEAP

Photo : GeekandJock

ဘဝဆိုတာ စွန့်စွားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးကြမ်းရှည်ကြီးတစ်ခုပါပဲ။ ဘဝခရီးတစ်‌လျောက်မှာ အမျိုးမျိုးသော စွန့်စားခန်းတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရနိုင်ပါတယ်။ အောင်မြင်တဲ့ စွန့်ဦးတီထွင်သမားတွေဟာ စွန့်စားမှုတွေကို အမြဲစိန်ခေါ်ရင်ဆိုင်လေ့ရှိကြပြီး ရှေ့သို့ဆက်လက်ချီတက်နေကြသူတွေ ဖြစ်ပါတယ်။ စွန့်စားမှုတွေဆိုတာ ရှောင်ပြေးဖို့မဟုတ်ပဲ တည့်တည့်ရင်ဆိုင်ကျော်ဖြတ်ရမယ့် အရာတွေဆိုတာ အမြဲနှလုံးသွင်းထားပါ။

(၄) အားသာချက်/အားနည်းချက်တွေကို အမြဲသုံးသပ်ပါ

EVALUATE YOUR STRENGTHS AND WEAKNESSES

Photo : Johnson Service Group

လူတိုင်းမှာ အားသာချက်ရှိသလို အားနည်းချက်တွေလည်းရှိကြစမြဲပါပဲ။ ကိုယ့်ရဲ့အားသာချက်/အားနည်းချက်တွေကို ကောင်းစွာသိနားလည်ထားတာဟာ ဘဝမှာရင်ဆိုင်တွေ့ကြုံရမယ့် အခက်အခဲအတားအဆီးတွေကို အကောင်းဆုံးကျော်လွှားနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ ကိုယ်ရဲ့ အားသာချက်တွေကို ဘယ်လိုနေရာမှာအသုံးချမယ် ၊ အားနည်းချက်တွေအတွက် ဘာတွေထပ်မံဖြည့်စွတ်ဖို့လိုလဲဆိုတာကို ကောင်းစွာထိုးထွင်မြင်နိုင်မယ်ဆိုရင် အောင်မြင်မှုရယူနိုင်ဖို့ သိပ်မခက်တော့ပါဘူး။

Featured Photo : Bernard Marr