အမျိုးသားများအနေနဲ့ ဘယ်လိုအသုံးအဆောင်ပစ္စည်းများကို မရှိမဖြစ် ပိုင်ဆိုင်ထားသင့်သလဲဆိုတာကို သင် သိပါသလား။

မတူညီတဲ့ အလုပ်အကိုင်၊ အသက်အပိုင်းအခြား၊ လူနေမှုဘဝပုံစံအမျိုးမျိုး ရှိနေကြပေမယ့်လည်း အမျိုးသားတိုင်း မရှိမဖြစ်ပိုင်ဆိုင်ထားသင့်တဲ့ ပစ္စည်းအချို့ကတော့

လက်ကိုင်ပုဝါ

လက်ကိုင်ပုဝါတစ်ထည် မဖြစ်မနေ ဆောင်ထားခြင်းအားဖြင့် အရေးပေါ်အသုံးလိုတဲ့နေရာမှာ အသုံးချနိုင်ပါတယ်။

နက်ခ်တိုင်

နိုင်ငံခြားသားဧည့်သည်များနဲ့ အရေးကြီးအစည်းအဝေးတွေ တက်ရတဲ့အခါ စမတ်ကျကျဖက်ရှင် ဝတ်ဆင်ချင်တယ်ဆိုရင်တော့ နက်ခ်တိုင်တစ်ခုတော့ ပိုင်ဆိုင်ထားဖို့လိုပါတယ်။

ရှူးဖိနပ်

စတိုင်လ်ပန်နဲ့ လိုက်ဖက်တဲ့ ဖိနပ်အမျိုးအစားကတော့ ရှူးဖိနပ်ပဲဖြစ်ပါတယ်။ အညိုရောင် (သို့) အမဲရောင် ရှူးဖိနပ်ကို ဦးစားပေး ရွေးချယ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ထိုဖိနပ်အရောင်များက အဝတ်အစားအရောင်မရွေးလို့ပဲဖြစ်ပါတယ်။

ခြေအိတ်

ရှူးဖိနပ်တွေ အားကစားဖိနပ်တွေ ဝယ်ထားပြီခါမှ ခြေအိတ် မဝယ်ရသေးဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ ခြေအိတ် အနည်းဆုံး သုံးစုံခန့် ပိုင်ဆိုင်ထားသင့်ပါတယ်။

နေကာမျက်မှန်

နေကာမျက်မှန်က သင့်ကို ဖက်ရှင်ကျစေရုံသာမက သင့်မျက်လုံးများကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းပေါ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ သင့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်တစ်လက် ဝယ်ထားလိုက်ပါ။

လျှာထိုးဦးထုပ်

ဦးထုပ်သည်လည်းပဲ နေကာမျက်မှန်အတိုင်းပါပဲ နေလောင်ဒဏ်မှ ကာကွယ်ပေးရုံသာမက ဖက်ရှင်လည်း ကျစေပါတယ်။

ခါးပတ်

 

စတိုင်လ်ပန်၊ ရှူးဖိနပ်၊ နက်ခ်တိုင်တို့ ဝတ်ဆင်မယ်ဆိုရင်တော့ ခါးပတ်ကလည်း မရှိမဖြစ် လိုအပ်ပါသေးတယ်။

ကျောပိုးအိတ်

ထသွားထလာအနေနဲ့ ရှိုးထုတ်ချင်ရင်ပဲဖြစ်ဖြစ်၊ ပစ္စည်းတွေ သိမ်းဆည်းထားချင်ရင်ပဲဖြစ်ဖြစ် အသုံးတည့်တဲ့ပစ္စည်းကတော့ ကျောပိုးအိတ်ပဲဖြစ်ပါတယ်။

လက်ပတ်နာရီ

အခုခေတ်မှာ ဖုန်းတွေ ပေါ်နေတာပဲ လက်ပတ်နာရီက အပိုပစ္စည်းပါလို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဖုန်းထဲက အချိန် ကြည့်ခြင်းထက် လက်ပတ်နာရီ ဝတ်ဆင်ခြင်းက ပိုပြီး စမတ်ကျစေသလို ပိုပြီးလည်း ဖက်ရှင်ကျစေပါတယ်။ မယုံမရှိပါနဲ့။

ပိုက်ဆံအိတ်

အရည်အသွေးကောင်းမွန်တဲ့ ပိုက်ဆံအိတ်တစ်လုံး အသုံးပြုခြင်းကလည်း သင့်ကို အများရှေ့မှာ ဖက်ရှင်ကျအောင် ကူညီပေးနိုင်ပါတယ်။

ဘော်ဒါတို့ရော အခုဖော်ပြသွားတဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပြီးကြပြီလဲ။

Photo Source: Freepik.com

Source: Ashleyweston.com