The Next Episode သီချင်းကို ခင်ဗျားသိလားလို့မေးရင် စဉ်းစားကောင်း စဉ်းစားနေရပါလိမ့်မယ်။ Da, da, da, da, da It’s the motherfuckin’ D-O-double-G (Snoop Dogg!) ဆိုတဲ့ တေးသွားလေးသာ ဆိုပြလိုက်ပါ။ ကျွန်တော်တို့ရဲ့ အိုင်ဒေါကြီး Snoop ဆိုထားတဲ့ သီချင်းဆိုတာ ချက်ချင်းသိသွားပါလိမ့်မယ်။
Snoop Dogg ဆိုတာကတော့ ဟစ်ဟော့လောကရဲ့ ထိပ်တန်းစာရင်းဝင် အမေရိကန်ရက်ပ်ပါ တစ်ယောက်ဖြစ်သလို ပရိသတ်တွေကြားမှာ ချဉ်ပေါင်ရွက်ဘုရင်ကြီးလို့လည်း နာမည်ကြီးတဲ့ legendary stoner တစ်ယောက် ဖြစ်ပါတယ်။ Snoop ဟာ The Next Episode ကို ဖန်တီးခဲ့တဲ့ ရက်ပ်ပါ Dr. Dre ရဲ့ Solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Deep Cover” မှာ Feat. ဝင်ရောက်သီဆိုခဲ့ပြီးတဲ့နောက် ပရိသတ်တွေကြား တစ်စထက်တစ်စ လူသိများရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။
Dr. Dre ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော်အယ်လ်ဘမ် The Chronic မှာလည်းဝင်ရောက်သီဆိုခဲ့ပြီး ပရိသတ်အားပေးမှုများစွာရခဲ့သလို ၁၉၉၃ ခုနှစ် နိုဝင်ဘာမှာ ထွက်ရှိခဲ့တဲ့ Snoop ရဲ့တစ်ကိုယ်တော် အယ်လ်ဘမ် “Doggystyle” ဟာလည်း ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တေးအယ်လ်ဘမ်တစ်ခုအဖြစ် Billboard 200 နဲ့ R&B/Hip-Hop Albums chart ရဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် သီချင်းချစ်သူ ပရိသတ်တွေအတွက် နာမည်ကြီးအမေရိကန် ရက်ပ်ပါ ချဉ်ပေါင်ရွက်ဘုရင်ကြီး Snoop Dogg ရဲ့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး သီချင်းကောင်း ၁၀ ပုဒ်ကို မျှဝေပေးချင်ပါတယ်။ အတူတူခံစား နားဆင်ကြည့်ရအောင်ပါ။
(၁) Young, Wild and Free – Snoop Dogg & Wiz Khalifa ft. Bruno Mars
Source : Wiz Khalifa
(၂) The Next Episode – Dr. Dre ft. Snoop Dogg, Kurupt, Nate Dogg
Source : Dr. Dre
(၃) Smoke The Weed – Snoop Lion ft. Collie Buddz
Source : SnoopDoggTV
(၄) Still D.R.E. – Dr. Dre ft. Snoop Dogg
Source : Dr. Dre
(၅) Beautiful – Snoop Dogg ft. Pharrell Williams
Source : SnoopDoggTV
(၆) I Wanna Love You – Akon ft. Snoop Dogg
Source : Akon
(၇) Gin And Juice – Snoop Dogg
Source : SnoopDoggTV
(၈) Drop It Like It’s Hot – Snoop Dogg ft. Pharrell Williams
Source : SnoopDoggTV
(၉) Roaches In My Ashtray – Snoop Dogg feat. ProHoeZak
Source : SnoopDoggTV
(၁၀) Who Am I (What’s My Name) – Snoop Dogg
Source : SnoopDoggTV
အခုရွေးချယ်တင်ဆက်ပေးခဲ့တဲ့ Snoop Dogg ရဲ့ သီချင်းကောင်းတွေ ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ Snoop Dogg ရဲ့ သီချင်းတွေထဲကမှ ပရိသတ်တွေ အကြိုက်ဆုံး သီချင်းလေးတွေရှိရင်လည်း ကွန်းမန့်မှာ ရေးခဲ့ပါအုန်းနော်။
Featured Photo : Siachen Studios