တစ်ချို့ အင်းဆက်ပိုးမွှားတွေဟာ လူသားတွေ နှင့် သဘာဝပတ်ဝန်းကျင်တွေအတွက် အကျိုးပြုကြပါတယ်။ တစ်ချို့ က အပင်တွေရှင်သန်ကြီးထွားနိုင်ဖို့အတွက် ဝတ်မှုန်ကူးတဲ့ တာဝန်ယူပေးသလို တစ်ချို့တွေက လူတွေအတွက် အကျိုးမရှိတဲ့ အင်းဆက်တွေကို စားသုံးရှင်းလင်းပေးကြပါတယ်။ ဒီလို အကျိုးပြုတဲ့ သတ္တဝါတွေကို တွေ့ခဲ့ရင် မသတ်ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လိုသတ္တဝါတွေက လူသားတွေအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ဒီနေ့ kwee ကပြောပြပေးသွားမှာပါ။

ပင့်ကူ

Source: The Scientist Magazine

ပင်ကူတွေကို ကြောက်လို့ရပါတယ်။ သူတို့တွေဟာ ခြေထောက်တွေအများကြီးပါပြီး မြန်မြန်သွားတတ်ကြတယ်။ ဒါပေမဲ့ သူတို့တွေက ဂေဟစနစ် အတွက် အလွန်အရေးပါကြတာကို သိဖို့လိုအပ်ပါတယ်။ ပင့်ကူတွေဟာ ခြင်တွေလို ရောဂါဘယတွေ သယ်ဆောင်လာတတ်တဲ့ အင်းဆက်တွေကို စားသုံးရှင်းလင်းပေးပါတယ်။ ဒါကြောင့် ပင့်ကူတွေ တွေ့ခဲ့ရင် မသတ်ပစ်ကြဖို့ လိုအပ်ပါတယ်။

ရှိခိုးကောင်

Source: TreeHugger

ရှိခိုးကောင်ဟာ ဥယျာဉ်ခြံထဲက ပိုးမွှားတွေကို ရှင်းပေပါတယ်။ တစ်ကောင်ထဲပဲ အင်းဆက် ပိုးမွှားရာကျော်စားပစ်နိုင်ပါတယ်။ သူတို့တွေက အပင်တွေ မထိခိုက်အောင် ကူညီပေးကြတယ်။ ရှိခိုးကောင် တွေက အရမ်းအသုံးဝင်တာကြောင့် တစ်ချို့လူတွေက သူတို့အပင်တွေကို ပိုးမွှားတွေ ရန်ကနေ ကာကွယ်ဖို့အတွက် ဝယ်ကြတာတွေတောင် ရှိပါတယ်။

ပျစားပိုး

Source: Bright Side

ပျစားပိုးတွေဟာ လှပတဲ့ ဆွဲဆောင်မှုရှိတဲ့အခွံရှိတာကြောင့် လူတွေရဲ့ရန်ကနေ ကင်းဝေးတဲ့အကောင်တွေပါ။ သူတို့တွေဟာ ဆွဲဆောင်မှုရှိရုံတင်မကပဲ လူသားတွေအတွက် အလွန်အသုံးဝင်ပါတယ်။ သူတို့တွေဟာ ဥယျာဉ် ခြံထဲမှာရှိတဲ့ ပိုးမွှားတွေ ဖြုတ်စိမ်း၊ ဂျပိုး စတဲ့အပင်ငယ်လေးတွေကို ဒုက္ခပေးတတ်တဲ့ အကောင်တွေကို စားသုံးပေးကြပါတယ်။ ပျစားပိုး တစ်ကောင်ဟာ သူတို့သတ်တမ်း တစ်လျှောက် ပိုးမွှား ၅ ထောင် ကျော်စားသုံးပေးနိုင်ပါတယ်။

ပျား

Source: American Museum of Natural History

ပျားတွေဟာ ဂေဟစနစ်အတွက် အလွန်အရေးပါတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ဟာ အပင်တွေပန်းတွေဆီကနေ ဝတ်ရည်တွေဝတ်မှုံတွေ စုပ်ယူပြီး တစ်နေရာမှာတစ်နေရာ သယ်ဆောင်ပေးကာ မျိုးအောင်ဖို့အတွက် ကူညီပေးပါတယ်။ ပျားတစ်ကောင်ထဲကပဲ ပန်းပင်ပေါင်း ၁၀၀ ကျော်ကို တစ်နေ့ထဲ ဝတ်မှုန်ကူးနိုင်ပါတယ်။သူတို့တွေဟာ အလွန်အရသာရှိတဲ့ ပျားရည်တွေကို ထုတ်လုပ်ပေးပါသေးတယ်။ ဒါကြောင့် ပျားတွေကို အကြောင်းမရှိပဲ မသတ်ပစ်ကြဖို့ လိုအပ်ပါတယ်။