Kwee ပရိသတ်တွေ ကမ္ဘာကြီးရဲ့ဘယ်နေရာ အအေးဆုံးဖြစ်မလဲထင်သလဲ။ ပုံမှန်ထက်အေးတဲ့နေရာမှာရော ပရိသတ်တွေ နေချင်ရဲ့လား။ ဒီနေ့မှာတော့ ကမ္ဘာ့အအေးဆုံးနေရာတွေကို ဗဟုသုတအနေနဲ့ဖော်ပြပေးသွားမှာပါ။

၁။ Eureka – Canada

Eureka ဟာသုတေသန ပြုလုပ်တဲ့လူတွေ နေတဲ့နေရာပါ။ လူဉီးရေအနေနဲ့ ၈ ယောက်ပဲရှိပါတယ်။ ကနေဒါနိူင်ငံရဲ့ပိုင်နက်နယ်မြေထဲမှာရှိပြီး လိုအပ်တဲ့ အစားအစာတွေ ပစ္စည်းတွေကို လေယာဉ်တွေနဲ့ နှစ်ပက်ကို တစ်ခါချပေးလေ့ရှိပါတယ်။ ကုန်းလမ်းသုံးလို့ မရပါဘူး။ Eureka ရဲ့နှစ်စဉ် ပျမ်းမျှအပူချိန်ဟာ -18.8 ° C ရှိပါတယ်။

၂။ Rogers Pass – USA

USA, Montana မှာရှိတဲ့ Rogers Pass ဒီစာရင်းထဲမှာပါတဲ့ နေရာတွေနဲ့နှိုင်းယှဉ်ရင် အနွေးဆုံးလို့ပြောလို့ရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၆၁၀ မီတာ မှာတည်ရှိနေပြီး ဇန်နဝါရီလရဲ့အပူချိန်ဟာ 0° C – 10° C အတွင်းရှိနေပါတယ်။

၃။ Prospect Creek – Alaska, USA

၁၉၇၁ ဇန်နဝါရီလ မှာ Prospect Creek ရဲ့အပူချိန်ဟာ -10°C အထိလျှော့ကျသွားခဲ့ပါတယ်။ United States ရဲ့အအေးဆုံးနေရာဖြစ်ပြီး တခါတလေအပူချိန်ဟာ -62.2°C ကျသွားတတ်ပါတယ်။

၄။ Snag – Yukon, Canada

မြောက်အမေရိက တိုက်ရဲ့အအေးဆုံးနေရာတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ အမြင့်ဆုံးပျမ်းမျှ အပူချိန်ဟာ 0° C ဖြစ်ပြီးတော့ အနိမ့်ဆုံး -12.2°C အထိလျှော့ကျသွားတတ်ပါတယ်။

၅။ Oymyakon – Russia

Oymyakon မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ နဲ့ ဒီဇင်ဘာလတွေရဲ့ ပျမ်းမျှအပူချိန်ဟာ -50° C အထိရှိပါတယ်။ အအေးဆုံးအဖြစ် စံချိန်တင်ခဲ့တာကတော့ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပြီး အပူချိန်ဟာ to -67.7° C အထိကိုလျှော့ကျသွားခဲ့တာပါ။

၆။ Vostok, Antarctica

အအေးဆုံးနေရာတွေထဲက တစ်ခုဖြစ်ပြီး ရေတွေက အမြဲတမ်း ခဲနေလေ့ရှိပါတယ်။ ဧပြီလကနေစပြီး အောက်တိုဘာလအထိ ပျမ်းမျှအပူချိန်ဟာ -65 ° C ခန့်ရှိပါတယ်။ နိုဝင်ဘာကနေ မက်လအထိကတော့ -42° C အထိရှိတတ်ပါတယ်။

Source: Bright Side