ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေစုနေတဲ့လူတွေကို အများစုက ဘီယာဗိုက်ဆိုပြီး ပြောတက်ကြပါတယ်။ ဒီလို ဝမ်းဗိုက်ပူနေရင် အလုပ်ခွင်မှာရော လူမှုရေးနယ်ပယ်မှာပါ အဆင်မပြေမှုတွေ ကြုံတွေ့ရတက်ပါတယ်။ အထင်ရှားဆုံးကတော့ မိမိကိုယ်ကို ယုံကြည်မှု လျှော့ကျသွားတက်ခြင်းပါပဲ။ ဝမ်းဗိုက်အဆီစုနေခြင်းဟာ ဝတဲ့လူတွေမှာသာမက ပိန်တဲ့လူတွေမှာလည်း အစာအာဟာရ မမျှတတာကြောင့်ရော ၊ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်တာတွေကြောင့် ဗိုက်ပူနိုင်ပါတယ်။
ဒီနေ့တော့ kwee page ကနေ ဗိုက်အဆီကျစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။
ကစီဓာတ် စားသုံးမှုလျှော့ချပါ
Source: Hallcross Medical Services
ကစီဓာတ်စားသုံးမှုများရင် အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ ကိုယ်တွင်းအဆီကျချင်ရင် ကစီဓာတ်ကို လျှော့စားပေးပါ၊ ဒါမှမဟုတ် ကစီဓာတ်နည်းတဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပေးပါ။ ပြောင်းဖူး၊ အာလူး၊ ဂျုံ၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ ကစီဓာတ်တွေ အများအပြားပါဝင်တာကြောင့် ဗိုက်အဆီကျချင်သူတွေအနေနဲ့ လျှော့ပြီးစားသုံးဖို့ အကြံပေးချင်ပါတယ်။
ပရိုတင်းဓာတ် လုံလုံလောက်လောက် စားပေးပါ
Source: The Active Times
ပရိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်ကိုကျစေတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ ကိုယ်တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ ကူညီပေးပါတယ်။ ပရိုတင်းဓာတ်ကို ငါး၊ ပင်လယ်စာ၊ အသားနဲ့ ဥအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။
အချိုလျှော့စားပါ
Source: Poliquin
ဝမ်းဗိုက်မှာ အဆီတွေစုနေရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ အချိုအလွန်အကျွံ စားသုံးခြင်းပါပဲ။ အချိုဓာတ်ဟာ အဝလွန်စေတယ်၊ ဗိုက်အဆီတက်စေပါတယ်။ အကျိုးဆက်အနေနဲ့ အသည်းနဲ့ နှလုံးမှာ ရောဂါဖြစ်လာစေနိုင်ပါတယ်။။ ဗိုက်အဆီချချင်ရင် အချိုလျှော့စားဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပေးပါ
Source: Insider
ဗိုက်အဆီကျချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဘောလုံးစုကန်တာဖြစ်ဖြစ် မနက်ခင်း လမ်းလျှောက်တာ ပြေးတာဖြစ်ဖြစ် လုပ်ပေးပါ။ လေ့ကျင့်ခန်းပုံမှန် လုပ်ပေးတဲ့အခါ ကိုယ်တွင်းအဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ သွေးထဲက သကြားဓာတ်တွေ၊ မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။