ဒီနေ့တော့ kwee page ကနေ ပရိသတ်တွေအတွက် ကမ္ဘာ့အမြင့်ဆုံးတောင်တွေ အကြောင်းပြောပြပေးသွားမှာပါ။
၁. ဧဝရက်တောင် (ဟိမဝန္တာ)
ဧဝရက်တောင်ဟာ ၈၈၄၈ မီတာ (၂၉,၀၂၉ ပေ) အမြင့်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ တရုတ်၊ နီပေါနိုင်ငံတို့ရဲ့ ကြားမှာတည်ရှိပါတယ်။
၂. K2 (Baltoro Karakoram)
ဧဝရက်တောင်ပြီးရင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီးတော့ ၈၆၁၁ မီတာ (၂၈,၂၅၁ ပေ) အမြင့်ရှိပါတယ်။ တရုတ်နဲ့ပါကစ္စတန် နိုင်ငံကြားမှာတည်ရှိပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင် (၁၀) လုံးထဲမှာ ဟိမဝန္တာ အပြင်ဘက်မှာတည်ရှိနေတဲ့ တစ်လုံးတည်းသော တောင်လည်းဖြစ်ပါတယ်။
၃. Kangchenjunga (ဟိမဝန္တာ)
အိန္ဒိယနဲ့ နီပေါနိုင်ငံကြားမှာတည်ရှိပြီး ၈၅၉၆ မီတာ (၂၈,၁၆၉ ပေ) အမြင့်ရှိပါတယ်။
၄. Lhotse (ဟိမဝန္တာ)
တရုတ်နဲ့နီပေါနိုင်ငံကြားမှာတည်ရှိပြီး ၈၅၁၆ မီတာ (၂၇,၉၄၀ ပေ) အမြင့်ရှိပါတယ်။
၅. Makalu (ဟိမဝန္တာ)
နီပေါနဲ့တရုတ်နိုင်ငံအကြားမှာတည်ရှိပြီး ၈၄၈၅ မီတာ (၁၇,၈၃၈ ပေ) အမြင့်ရှိပါတယ်။
၆. Cho Oyu (ဟိမဝန္တာ)
တိဗက်နဲ့နီပေါနိုင်ငံကြားမှာ တည်ရှိနေပြီး ၈၁၈၈ မီတာ (၂၆,၈၆၄ ပေ) အမြင့်ရှိပါတယ်။
၇. Dhaulagiri (ဟိမဝန္တာ)
နီပေါနိုင်ငံမှာတည်ရှိပြီး ၈၁၆၇ မီတာ (၂၆,၇၉၅ ပေ) အမြင့်ရှိပါတယ်။ ၁၉၆၀ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ဆွစ်ဇာလန်၊ဩစတြီးလျနဲ့နီပေါ တောင်တတ်ကျွမ်းကျင်သူတွေက ပထမဆုံး တတ်ရောက်ခဲ့ပါတယ်။
၈. Manaslu (ဟိမဝန္တာ)
နီပေါနိုင်ငံမှာတည်ရှိပြီး ၈၁၆၃ မီတာ (၂၆,၇၈၁ ပေ) အမြင့်ရှိပါတယ်။ ဂျပန်တောင်တတ်ကျွမ်းကျင်သူတွေဖြစ်တဲ့ Toshio Imanishi, Gyalzen Norbu နဲ့အဖွဲ့သားတွေက ၁၉၅၆ ခုနှစ် မေလ ၉ ရက်နေ့မှာ ပထမဆုံးတတ်ရောက်ခဲ့ပါတယ်။
၉. Nanga Parbat (ဟိမဝန္တာ)
ပါကစ္စတန် နိုင်ငံမှာတည်ရှိပြီး ၈၁၂၆ မီတာ (၂၆,၆၆၀ ပေ) အမြင့်ရှိပါတယ်။ အစ္စလာမ်တွေက Nanga Parbat တောင်ကို Diamir လို့ခေါ်ကြပြီး “တောင်တွေရဲ့ ဘုရင်” လို့ အဓိပ္ပာယ်ရပါတယ်။ သူလည်း K2 တောင်လိုပဲ ဆောင်းရာသီမှာ ဘယ်သူမှတတ်ရောက်ခဲ့ဖူးခြင်းမရှိသေးပါဘူး။
၁၀. Annapurna (ဟိမဝန္တာ)
၈၀၉၁ မီတာ (၂၆,၅၄၅ ပေ) မြင့်ပြီး နီပေါနိုင်ငံမှာ တည်ရှိပါတယ်။
Source: Bright Side